ပရီးမီးယားလိဂ်သို့ ပြန်မည်ဆိုသည့်သတင်းကို အာရွန်ရမ်ဆေးတုံ့ပြန်လာ

အာဆင်နယ်အလယ်တန်းကစားသမားဟောင်းအာရွန်ရမ်ဆေးဟာဂျူဗင်တပ်မှထွက်ခွာကာပရီးမီးယားလိဂ်သို့ပြန်မယ်လို့သတင်းများထွက်ပေါ်နေမှုအပေါ်တုံ့ပြန်လာပါတယ်။

ဝေးလ်လက်ရွေးစင်ကစားသမားဟာပီယာလိုလက်ထက်တုန်းကဂျူဗင်တပ်တွင်နေရာရရှိရန်ရုန်းကန်လာခဲ့ရသူဖြစ်ပြီးနည်းပြသစ်အယ်လ်လီဂရီရောက်လာချိန်တွင်ရောင်းချခြင်းခံရမယ်လို့သတင်းထွက်နေပါတယ်။

ဒါပေမယ့်အာရွန်ရမ်ဆေးကလာမယ့်ယူရို၂၀၂၀ပြိုင်ပွဲအပြီးမှအီတလီသို့ပင်ပြန်မည်ဖြစ်ကြောင်းပြောကြားသွားပါတယ်။

ရမ်ဆေးက “ကျွန်တော်ကဂျူဗင်တပ်ကစားသမားတစ်ဦးပါ။ဒီတော့အီတလီသို့ဘဲပြန်ပါမယ်”လို့ပြောကြားသွားပါတယ်။

ရမ်ဆေးဟာ၂၀၁၉ခုနှစ်၊နွေရာသီတွင်အာဆင်နယ်မှဂျူဗင်တပ်သို့အလွန်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။သူဟာဂျူဗင်တပ်တွင်ကစားတဲ့နှစ်ရာသီအတွင်းမှာဒဏ်ရာပြဿနာများနှင့်ရုန်းကန်နေရပြီးစီးရီးအေပွဲ၂၄ပွဲတည်းသာကစားခွင့်ရရှိထားသူလည်းဖြစ်ပါတယ်။

ZawGyi





