ရာသီအစမှာဘဲ ပရီးမီးယားလိဂ်အကောင်းဆုံးဂိုးဆုအတွက် သေချာနေပြီဖြစ်တဲ့ ဒန်နီအင်းစ်

အခုမှဩဂုတ်လပဲရှိပါသေးတယ်။ရာသီသစ်ရဲ့ပွဲစဉ်၂သို့ပဲရောက်ပါသေးတယ်။ဒါပေမယ့် ဒန်နီအင်းစ်ကတော့နယူးကာဆယ်နှင့်ပွဲစဉ်မှာoverhead kick နဲ့ဂိုးတစ်ဂိုးသွင်းယူပြီး ပရီးမီးယားလိဂ်အကောင်းဆုံးဂိုးဆုအတွက်ဆန်ကာတင်ဂိုးတစ်ဂိုးကိုသွင်းယူလိုက်ပြီဖြစ်ပါတယ်။

လီဗာပူးတိုက်စစ်မှူးဟောင်းဟာပြီးခဲ့တဲ့အပတ်တုန်းကဝက်ဖို့ဒ်နဲ့ပွဲမှာဗီလာအတွက်ပထမဆုံးပွဲကိုကစားခဲ့သူဖြစ်ပြီးယင်းပွဲမှာပင်နယ်တီကနေတစ်ဂိုးသွင်းခဲ့ပါတယ်။

သူဟာနယူးကာဆယ်နှင့်ပွဲမှာလည်းဗီလာအတွက်ဒုတိယမြောက်ပွဲကစားခဲ့ရာမှာဂိုးထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။

ဒန်နီအင်းစ်ဟာပထမပိုင်းပြီးခါနီးအချိန်ပိုမှာလက်ပစ်ဘောကနေ ခေါင်းတိုက်ချပေးလိုက်တဲ့ဘောလုံးကိုာoverhead kick ဖြင့်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒန်နီအင်းစ်ရဲ့နည်းစနစ်ပိုင်းအလွန်ပိုင်နိုင်စွာကန်သွင်းယူလိုက်မှုနဲ့အတူပရိသတ်များက ယခုနှစ်ပရီးမီးယားလိဂ်ရဲ့တစ်နှစ်တာအကောင်းဆုံးဂိုးဆုအတွက်ယှဉ်ပြိုင်မှုအဆုံးသတ်သွားပြီလို့တောင်ပြောနေကြပါတယ်။

ဒင်နီအင်းစ်ဟာပြီးခဲ့တဲ့နှစ်ရာသီမှာဆောက်သမ်တန်အတွက်ပရီးမီးယားလိဂ်ဂိုး၃၄ဂိုးသွင်းယူလာနိုင်ခဲ့တဲ့သူဖြစ်ပြီးယခုဗီလာသို့ရောက်လာချိန်မှာလည်းဂိုးတွေဆက်လက်သွင်းယူနေတုန်းဖြစ်ပါတယ်။

သူဟာယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာဆောက်သမ်တန်ကနေပြောင်းရွှေ့ကြေးပေါင်၂၅သန်းဖြင့်ရောက်လာခဲ့သူဖြစ်ပါတယ်။

မနေ့ညတုန်းကနယူးကာဆယ်နှင့်ပွဲစဉ်မှာဗီလာအတွက်အဖွင့်ဂိုးကိုဒန်နီအင်းစ်ကသွင်းယူလိုက်ပြီးနောက်ဒုတိယအနိုင်ဂိုးကိုအယ်ဂါဇီကပင်နယ်တီကသွင်းယူခဲ့ပါတယ်။

zawgyi

ရာသီအစမွာဘဲ ပရီးမီးယားလိဂ္အေကာင္းဆုံးဂိုးဆုအတြက္ ေသခ်ာေနၿပီျဖစ္တဲ့ ဒန္နီအင္းစ္

အခုမွဩဂုတ္လပဲရွိပါေသးတယ္။ရာသီသစ္ရဲ႕ပြဲစဥ္၂သို႔ပဲေရာက္ပါေသးတယ္။ဒါေပမယ့္ ဒန္နီအင္းစ္ကေတာ့နယူးကာဆယ္ႏွင့္ပြဲစဥ္မွာoverhead kick နဲ႔ဂိုးတစ္ဂိုးသြင္းယူၿပီး ပရီးမီးယားလိဂ္အေကာင္းဆုံးဂိုးဆုအတြက္ဆန္ကာတင္ဂိုးတစ္ဂိုးကိုသြင္းယူလိုက္ၿပီျဖစ္ပါတယ္။

လီဗာပူးတိုက္စစ္မႉးေဟာင္းဟာၿပီးခဲ့တဲ့အပတ္တုန္းကဝက္ဖို႔ဒ္နဲ႔ပြဲမွာဗီလာအတြက္ပထမဆုံးပြဲကိုကစားခဲ့သူျဖစ္ၿပီးယင္းပြဲမွာပင္နယ္တီကေနတစ္ဂိုးသြင္းခဲ့ပါတယ္။

သူဟာနယူးကာဆယ္ႏွင့္ပြဲမွာလည္းဗီလာအတြက္ဒုတိယေျမာက္ပြဲကစားခဲ့ရာမွာဂိုးထပ္မံသြင္းယူႏိုင္ခဲ့ပါတယ္။

ဒန္နီအင္းစ္ဟာပထမပိုင္းၿပီးခါနီးအခ်ိန္ပိုမွာလက္ပစ္ေဘာကေန ေခါင္းတိုက္ခ်ေပးလိုက္တဲ့ေဘာလုံးကိုာoverhead kick ျဖင့္ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ဒန္နီအင္းစ္ရဲ႕နည္းစနစ္ပိုင္းအလြန္ပိုင္ႏိုင္စြာကန္သြင္းယူလိုက္မႈနဲ႔အတူပရိသတ္မ်ားက ယခုႏွစ္ပရီးမီးယားလိဂ္ရဲ႕တစ္ႏွစ္တာအေကာင္းဆုံးဂိုးဆုအတြက္ယွဥ္ၿပိဳင္မႈအဆုံးသတ္သြားၿပီလို႔ေတာင္ေျပာေနၾကပါတယ္။

ဒင္နီအင္းစ္ဟာၿပီးခဲ့တဲ့ႏွစ္ရာသီမွာေဆာက္သမ္တန္အတြက္ပရီးမီးယားလိဂ္ဂိုး၃၄ဂိုးသြင္းယူလာႏိုင္ခဲ့တဲ့သူျဖစ္ၿပီးယခုဗီလာသို႔ေရာက္လာခ်ိန္မွာလည္းဂိုးေတြဆက္လက္သြင္းယူေနတုန္းျဖစ္ပါတယ္။

သူဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာေဆာက္သမ္တန္ကေနေျပာင္းေ႐ႊ႕ေၾကးေပါင္၂၅သန္းျဖင့္ေရာက္လာခဲ့သူျဖစ္ပါတယ္။

မေန႔ညတုန္းကနယူးကာဆယ္ႏွင့္ပြဲစဥ္မွာဗီလာအတြက္အဖြင့္ဂိုးကိုဒန္နီအင္းစ္ကသြင္းယူလိုက္ၿပီးေနာက္ဒုတိယအႏိုင္ဂိုးကိုအယ္ဂါဇီကပင္နယ္တီကသြင္းယူခဲ့ပါတယ္။