ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်သို့ နေရာမှားပြီး ရောက်နေတဲ့ မန်ယူ

မန်ယူအသင်းမှာပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးသို့ နေရာမှားပြီးရောက်နေကာရာသီအကုန်တွင်ပရီးမီး ယားလိဂ်ဖလားဆွတ်ခူးနိုင်မှာမဟုတ်ကြောင်းပြောကြားခြင်းခံခဲ့ရပါတယ်။

မန်ယူဟာအင်္ဂါနေ့တုန်းကဘန်လေနှင့်ပွဲစဉ်တွင်၁-၀ဂိုးဖြင့်အနိုင်ရရှိကာပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံး သို့တက်လှမ်းလာနိုင်ခဲ့ပြီးဒုတိယနေရာမှချန်ပီယံလီဗာပူးကိုသုံးမှတ်ဖြတ်ထားနိုင်ပါတယ်။

ဒါပေမယ့်လီဗာပူးအလယ်တန်းကစားသမားဟောင်းဂျေဆင်မက်ကာတီးယားက “မန်ယူကအမှတ်ပေးဇယားထိပ် ကို ဘယ်လိုဘဲ ရောက်ရောက်ကျွန်တော်ကတော့နေရာမှားရောက်နေတယ်လို့ဘဲထင်တယ်။ဘန်လေကသူတို့ကိုပွဲ ကျပ်တစ်ပွဲပေးခဲ့တယ်။ဒါပေမယ့်သူတို့ဖြတ်ကျော်နိုင်ခဲ့တယ်။မန်ယူအသင်းမှာအနည်းငယ်စိတ်ဓာတ်တက်ကြွမှုတွေရှိနေတယ်။ဒါပေမယ့်အိုလီမှာအခြားအသင်းတွေကြုံရတဲ့အခက်အခဲမရှိပါဘူး။ပြောရရင်ဒဏ်ရာပြဿနာမျိုးတွေပေါ့။ သူ့မှာရွေးချယ်စရာကစားသမားအများကြီးရှိခဲ့တယ်”လို့ပြောကြားသွားပါတယ်။

မက်ကာတီးယားကလာမယ့်ပွဲစဉ်များတွင်မန်ယူမှာရမှတ်များဆုံးရှုံးလာရမှာဖြစ်ပြီးမန်စီးတီးသာလျှင်ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကိုလီဗာပူးထံမှလုနိုင်ရေးစိန်ခေါ်နိုင်မယ့်အသင်းလို့ဆိုသွားပါတယ်။

ဆက်လက်ပြီး၎င်းက “ရာသီအဆုံးသတ်ပိုင်းရောက်လာရင်တော့လီဗာပူးနဲ့မန်စီးတီးတို့ဘဲတိုက်ပွဲဝင်ကြလိမ့်မယ်။ မန်ယူနောက်မှကျန်ခဲ့လိမ့်မယ်။သူတို့ရဲ့ရလဒ်တွေကိုကြည့်လိုက်ပါ။လိုက်ဇစ်၊ပီအက်စ်ဂျီ၊မန်စီးတီး၊အာဆင်နယ်စတဲ့ပွဲတွေမှာသူတို့မကျော်ဖြတ်နိုင်ခဲ့ကြဘူး။ဒါကိုကြည့်ရင်တကယ့်အရေးကြီးပိုင်းသို့ရောက်လာရင်မန်ယူအမှတ်ဆုံး ရှုံးရလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

မန်ယူဟာလာမယ့်တနင်္ဂနွေနေ့မှာအန်ဖီးလ်သို့သွားရောက်ကာလီဗာပူးအားရင်ဆိုင်ရပါမယ်။

ZawGyi

ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္သို႔ ေနရာမွားၿပီး ေရာက္ေနတဲ့ မန္ယူ

မန္ယူအသင္းမွာပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးသို႔ ေနရာမွားၿပီးေရာက္ေနကာရာသီအကုန္တြင္ပရီးမီး ယားလိဂ္ဖလားဆြတ္ခူးႏိုင္မွာမဟုတ္ေၾကာင္းေျပာၾကားျခင္းခံခဲ့ရပါတယ္။

မန္ယူဟာအဂၤါေန႔တုန္းကဘန္ေလႏွင့္ပြဲစဥ္တြင္၁-၀ဂိုးျဖင့္အႏိုင္ရရွိကာပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံး သို႔တက္လွမ္းလာႏိုင္ခဲ့ၿပီးဒုတိယေနရာမွခ်န္ပီယံလီဗာပူးကိုသုံးမွတ္ျဖတ္ထားႏိုင္ပါတယ္။

ဒါေပမယ့္လီဗာပူးအလယ္တန္းကစားသမားေဟာင္းေဂ်ဆင္မက္ကာတီးယားက “မန္ယူကအမွတ္ေပးဇယားထိပ္ ကို ဘယ္လိုဘဲ ေရာက္ေရာက္ကြၽန္ေတာ္ကေတာ့ေနရာမွားေရာက္ေနတယ္လို႔ဘဲထင္တယ္။ဘန္ေလကသူတို႔ကိုပြဲ က်ပ္တစ္ပြဲေပးခဲ့တယ္။ဒါေပမယ့္သူတို႔ျဖတ္ေက်ာ္ႏိုင္ခဲ့တယ္။မန္ယူအသင္းမွာအနည္းငယ္စိတ္ဓာတ္တက္ႂကြမႈေတြရွိေနတယ္။ဒါေပမယ့္အိုလီမွာအျခားအသင္းေတြႀကဳံရတဲ့အခက္အခဲမရွိပါဘူး။ေျပာရရင္ဒဏ္ရာျပႆနာမ်ိဳးေတြေပါ့။ သူ႔မွာေ႐ြးခ်ယ္စရာကစားသမားအမ်ားႀကီးရွိခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။

မက္ကာတီးယားကလာမယ့္ပြဲစဥ္မ်ားတြင္မန္ယူမွာရမွတ္မ်ားဆုံးရႈံးလာရမွာျဖစ္ၿပီးမန္စီးတီးသာလွ်င္ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကိုလီဗာပူးထံမွလုႏိုင္ေရးစိန္ေခၚႏိုင္မယ့္အသင္းလို႔ဆိုသြားပါတယ္။

ဆက္လက္ၿပီး၎က “ရာသီအဆုံးသတ္ပိုင္းေရာက္လာရင္ေတာ့လီဗာပူးနဲ႔မန္စီးတီးတို႔ဘဲတိုက္ပြဲဝင္ၾကလိမ့္မယ္။ မန္ယူေနာက္မွက်န္ခဲ့လိမ့္မယ္။သူတို႔ရဲ႕ရလဒ္ေတြကိုၾကည့္လိုက္ပါ။လိုက္ဇစ္၊ပီအက္စ္ဂ်ီ၊မန္စီးတီး၊အာဆင္နယ္စတဲ့ပြဲေတြမွာသူတို႔မေက်ာ္ျဖတ္ႏိုင္ခဲ့ၾကဘူး။ဒါကိုၾကည့္ရင္တကယ့္အေရးႀကီးပိုင္းသို႔ေရာက္လာရင္မန္ယူအမွတ္ဆုံး ရႈံးရလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။

မန္ယူဟာလာမယ့္တနဂၤေႏြေန႔မွာအန္ဖီးလ္သို႔သြားေရာက္ကာလီဗာပူးအားရင္ဆိုင္ရပါမယ္။