ပရီးမီးယားလိဂ်၊လာလီဂါနှင့်စီးရီးအေတို့တွင် ရွှေဖိနပ်ဆုဆွတ်ခူးနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာတဲ့ CR7

ခရစ္စတီယာနိုရော်နယ်ဒိုဟာနောက်ထပ်တစ်ကြိမ်သမိုင်းသစ်ရေးထိုးလိုက်ပြန်ပါပြီ။ခရစ္စတီယာနိုရော်နယ်ဒိုဟာအင်္ဂလန်၊စပိန်နှင့်အီတလီတို့တွင်ရွှေဖိနပ်ဆုဆွတ်ခူးနိုင်တဲ့ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

ပေါ်တူဂီစူပါစတားရဲ့ဂျူဗင်တပ်ဟာယခုရာသီမှာကိုပါအီတာလီယာဖလားဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်းစီးရီးအေတွင်ရုန်းကန်ခဲ့ရကာရာသီသိမ်းနောက်ဆုံးပွဲတွင်မှချန်ပီယံလိဂ်ဝင်ခွင့်အဆင့်၄နေရာကိုရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်းခရစ္စတီယာနိုရော်နယ်ဒိုဟာစီးရီးအေပွဲ၃၃ပွဲကစားရာမှာ၂၉ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီးစီးရီးအေရွှေဖိနပ်ဆုဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာဘိုလော့ဂ်နာကို၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ရာသီသိမ်းပွဲမှာအနားပေးခြင်းခံခဲ့ရပေမယ့်လည်းလူကာကူ(၂၄ဂိုး)၊မော်ရီရယ်(၂၂ဂိုး)တို့အားသက်တောင့်သက်သာဖြင့်ဖြတ်ထားနိုင်ပါတယ်။

စီးရီးအေရွှေဖိနပ်ဆုဟာအသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုအတွက်ငါးကြိမ်မြောက်ရွှေဖိနပ်ဆုလည်းဖြစ်ပါတယ်။

သူဟာပထမဆုံးရွှေဖိနပ်ဆုကိုမန်ယူတွင်ကစားစဉ်က၂၀၀၇-၀၈ရာသီမှာပရီးမီးယားလိဂ်ဂိုး၃၁ဂိုးသွင်းယူပြီးဆွတ်ခူးနိုင်ခဲ့ပါတယ်။ယင်းရာသီမှာသူဟာချန်ပီယံလိဂ်ဖလားနှင့်Ballon d’Or ဆုကိုလည်းဆွတ်ခူးနိုင်ခဲ့ပါတယ်။

ယင်းနောက်သူဟာရီးရဲလ်မက်ဒရစ်အသင်းတွင်ကစားစဉ်၂၀၁၁၊၂၀၁၄၊၂၀၁၅ခုနှစ်တို့မှာ Pichichi Trophy ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ZawGyi

ပရီးမီးယားလိဂ္၊လာလီဂါႏွင့္စီးရီးေအတို႔တြင္ ေ႐ႊဖိနပ္ဆုဆြတ္ခူးႏိုင္တဲ့ပထမဆုံးကစားသမားျဖစ္လာတဲ့ CR7

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေနာက္ထပ္တစ္ႀကိမ္သမိုင္းသစ္ေရးထိုးလိုက္ျပန္ပါၿပီ။ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအဂၤလန္၊စပိန္ႏွင့္အီတလီတို႔တြင္ေ႐ႊဖိနပ္ဆုဆြတ္ခူးႏိုင္တဲ့ပထမဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။

ေပၚတူဂီစူပါစတားရဲ႕ဂ်ဴဗင္တပ္ဟာယခုရာသီမွာကိုပါအီတာလီယာဖလားဆြတ္ခူးႏိုင္ခဲ့ေပမယ့္လည္းစီးရီးေအတြင္႐ုန္းကန္ခဲ့ရကာရာသီသိမ္းေနာက္ဆုံးပြဲတြင္မွခ်န္ပီယံလိဂ္ဝင္ခြင့္အဆင့္၄ေနရာကိုရယူႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္လည္းခရစၥတီယာႏိုေရာ္နယ္ဒိုဟာစီးရီးေအပြဲ၃၃ပြဲကစားရာမွာ၂၉ဂိုးအထိသြင္းယူထားႏိုင္ခဲ့ၿပီးစီးရီးေအေ႐ႊဖိနပ္ဆုဆြတ္ခူးႏိုင္ခဲ့ပါတယ္။

သူဟာဘိုေလာ့ဂ္နာကို၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ရာသီသိမ္းပြဲမွာအနားေပးျခင္းခံခဲ့ရေပမယ့္လည္းလူကာကူ(၂၄ဂိုး)၊ေမာ္ရီရယ္(၂၂ဂိုး)တို႔အားသက္ေတာင့္သက္သာျဖင့္ျဖတ္ထားႏိုင္ပါတယ္။

စီးရီးေအေ႐ႊဖိနပ္ဆုဟာအသက္၃၆ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုအတြက္ငါးႀကိမ္ေျမာက္ေ႐ႊဖိနပ္ဆုလည္းျဖစ္ပါတယ္။

သူဟာပထမဆုံးေ႐ႊဖိနပ္ဆုကိုမန္ယူတြင္ကစားစဥ္က၂၀၀၇-၀၈ရာသီမွာပရီးမီးယားလိဂ္ဂိုး၃၁ဂိုးသြင္းယူၿပီးဆြတ္ခူးႏိုင္ခဲ့ပါတယ္။ယင္းရာသီမွာသူဟာခ်န္ပီယံလိဂ္ဖလားႏွင့္Ballon d’Or ဆုကိုလည္းဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ယင္းေနာက္သူဟာရီးရဲလ္မက္ဒရစ္အသင္းတြင္ကစားစဥ္၂၀၁၁၊၂၀၁၄၊၂၀၁၅ခုႏွစ္တို႔မွာ Pichichi Trophy ဆြတ္ခူးႏိုင္ခဲ့ပါတယ္။