ပရီးမီးယားလိဂ် ၈ ပွဲတွင် ၂ ပွဲသာ အနိုင်ရထားမှုကြောင့် ဟာဆန်ဟာတယ်ကို ဆောက်သမ်တန်ထုတ်ပယ်တော့မည်

ဆောက်သမ်တန်နည်းပြရာ့ဖ်ဟာဆန်ဟာတယ်ဟာပရီးမီးယားလိဂ်ရာသီအစရလဒ်ဆိုးရွားမှုကြောင့်ရာထူးမှထုတ်ပယ်ခံရမယ့်အခြေအနေမျိုးနှင့်ရင်ဆိုင်နေရပါတယ်။

ဆောက်သမ်တန်ဟာပရီးမီးယားလိဂ်အဖွင့်ပွဲ၈ပွဲတွင်၂ပွဲအနိုင်ရရှိကာအမှတ်ပေးဇယားအဆင့်၁၆နေရာတွင်ရပ်တည်နေပါတယ်။

The Telegraph ကဆောက်သမ်တန်ဟာစနေနေ့တွင်အီတီဟတ်တွင်ကစားရမယ့် လက်ရှိချန်ပီယံမန်စီးတီးနှင့်ပွဲတွင်ရှုံးနိမ့်ပါကဟာဆန်ဟာတယ်ကိုထုတ်ပယ်လာတော့မှာဖြစ်ကြောင်းဖော်ပြလာပါတယ်။

တကယ်လို့များမန်စီးတီးကိုရှုံးနိမ့်ပါကဆောက်သမ်တန်အတွက်သုံးပွဲဆက်အရှုံးနှင့်ကြုံတွေ့လာရပါမယ်။

ဩစတြီးယားနည်းပြဟာ၂၀၁၈ခုနှစ်တွင်ဆောက်သမ်တန်နည်းပြအဖြစ်တာဝန်ယူပြီးနောက်ထုတ်ပယ်ခံရလုနီးပါးအခြေအနေမျိုးနှင့်အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရဖူးသူလည်းဖြစ်ပါတယ်။

ဒါပေမဲ့သူဟာဆောက်သမ်တန်နည်းပြရာထူးကိုဆက်လက်ကိုင်တွယ်နိုင်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ယခုအခါမှာတော့ဆောက်သမ်တန်ဘုတ်အဖွဲ့ကအသင်းကိုအပြောင်းအလဲပြုလုပ်ရတော့မယ့်အခြေအနေသို့ရောက်နေပြီလို့ယုံကြည်နေပြီးလူငယ်များကိုမြေတောင်မြှောက်ပေးမဲ့နည်းပြတစ်ဦးနှင့်အစားထိုးလိုနေပါတယ်။

လက်ရှိအချိန်တွင်ဆောက်သမ်တန်နည်းပြသစ်ဖြစ်လာမယ့်သူနဲ့ပတ်သက်ပြီးသတင်းထွက်လာခြင်းမရှိသေးပါဘူး။

ZawGyi

ပရီးမီးယားလိဂ္ ၈ ပြဲတြင္ ၂ ပြဲသာ အႏိုင္ရထားမႈေၾကာင့္ ဟာဆန္ဟာတယ္ကို ေဆာက္သမ္တန္ထုတ္ပယ္ေတာ့မည္

ေဆာက္သမ္တန္နည္းျပရာ့ဖ္ဟာဆန္ဟာတယ္ဟာပရီးမီးယားလိဂ္ရာသီအစရလဒ္ဆိုး႐ြားမႈေၾကာင့္ရာထူးမွထုတ္ပယ္ခံရမယ့္အေျခအေနမ်ိဳးႏွင့္ရင္ဆိုင္ေနရပါတယ္။

ေဆာက္သမ္တန္ဟာပရီးမီးယားလိဂ္အဖြင့္ပြဲ၈ပြဲတြင္၂ပြဲအႏိုင္ရရွိကာအမွတ္ေပးဇယားအဆင့္၁၆ေနရာတြင္ရပ္တည္ေနပါတယ္။

The Telegraph ကေဆာက္သမ္တန္ဟာစေနေန႔တြင္အီတီဟတ္တြင္ကစားရမယ့္ လက္ရွိခ်န္ပီယံမန္စီးတီးႏွင့္ပြဲတြင္ရႈံးနိမ့္ပါကဟာဆန္ဟာတယ္ကိုထုတ္ပယ္လာေတာ့မွာျဖစ္ေၾကာင္းေဖာ္ျပလာပါတယ္။

တကယ္လို႔မ်ားမန္စီးတီးကိုရႈံးနိမ့္ပါကေဆာက္သမ္တန္အတြက္သုံးပြဲဆက္အရႈံးႏွင့္ႀကဳံေတြ႕လာရပါမယ္။

ဩစႀတီးယားနည္းျပဟာ၂၀၁၈ခုႏွစ္တြင္ေဆာက္သမ္တန္နည္းျပအျဖစ္တာဝန္ယူၿပီးေနာက္ထုတ္ပယ္ခံရလုနီးပါးအေျခအေနမ်ိဳးႏွင့္အႀကိမ္ႀကိမ္ရင္ဆိုင္ခဲ့ရဖူးသူလည္းျဖစ္ပါတယ္။

ဒါေပမဲ့သူဟာေဆာက္သမ္တန္နည္းျပရာထူးကိုဆက္လက္ကိုင္တြယ္ႏိုင္ေအာင္လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။

ယခုအခါမွာေတာ့ေဆာက္သမ္တန္ဘုတ္အဖြဲ႕ကအသင္းကိုအေျပာင္းအလဲျပဳလုပ္ရေတာ့မယ့္အေျခအေနသို႔ေရာက္ေနၿပီလို႔ယုံၾကည္ေနၿပီးလူငယ္မ်ားကိုေျမေတာင္ေျမႇာက္ေပးမဲ့နည္းျပတစ္ဦးႏွင့္အစားထိုးလိုေနပါတယ္။

လက္ရွိအခ်ိန္တြင္ေဆာက္သမ္တန္နည္းျပသစ္ျဖစ္လာမယ့္သူနဲ႔ပတ္သက္ၿပီးသတင္းထြက္လာျခင္းမရွိေသးပါဘူး။