
ကမ္ဘာ့အသက်အကြီးဆုံးကစားသမားကာဇူးမူရာဟာပရော်ဖက်ရှင်ကစားသမား၃၆နှစ်သက်တမ်းရှိလာစေရေးအတွက်ကလပ်သစ်နှင့်စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။
အသက်၅၅နှစ်ရှိတိုက်စစ်မှူးဟာ၁၉၈၆ခုနှစ်တွင်ဘရာဇီးကလပ်ဆန်းတို့စ်နှင့်ပရော်ဖက်ရှင်နယ်ကစားသမားဘဝစတင်ခဲ့ပြီးနောက်ဂျပန်လက်ရွေးစင်အသင်းအတွက်ဆယ်စုနှစ်တစ်ခုကြာကစားပေးခဲ့သူလည်းဖြစ်ပါတယ်။
ယင်းနောက်ပိုင်းတွင်သူဟာကလပ်၁၄ခုပြောင်းရွှေ့ကစားခဲ့ပြီးယိုကိုဟားမားတွင်၁၇နှစ်ကြာကစားခဲ့သလို ယခုနှစ်အစောပိုင်းတုန်းက Suzuki Point Getters သို့ပြောင်းကစားခဲ့ပါတယ်။
Nikkon Sport ရဲ့ဖော်ပြလာမှုအရယခုအခါသူဟာပေါ်တူဂီဒုတိယတန်းကလပ် Oliveirense သို့ပြောင်းကစားရန်စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။
ဥရောပအခြေစိုက်ကလပ်ရဲ့ပိုင်ရှင်မှာယိုကိုဟားမားအသင်းကိုလည်းပိုင်ဆိုင်ကြသူများဖြစ်ပါတယ်။
မူရာဟာမက်ဆီမမွေးဖွားမီကတည်းကဘောလုံးကစားလာခဲ့သူဖြစ်ပါတယ်။ သူဟာVerdy Kawasaki အတွက်၁၉၂ပွဲကစားခဲ့ရာမှာ၁၁၇ဂိုးသွင်းခဲ့သူဖြစ်ပြီး၁၉၉၂ခုနှစ်တုန်းကအင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးဂယ်ရီလိုင်နီကာကိုကျော်ဖြတ်ကာ အာရှတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးခဲ့သူလည်းဖြစ်ပါတယ်။
သူဟာအီတလီကလပ်ဂျီနိုအာတွင်အငှားဖြင့်ကစားခဲ့သလိုခရိုအေးရှားကလပ်ဒိုင်နမိုဇာဂရက်တွင်လည်းကစားခဲ့ပါတယ်။သူဟာ၁၉၉၉ခုနှစ်တွင်Kyoto Sangaသို့ပြောင်းကာဂျပန်သို့ပြန်ရောက်လာခဲ့ပါတယ်။
သူဟာVissel Kobeတွင်၅နှစ်ကစားပြီးနောက်ယိုကိုဟားမားသို့ပြောင်းကစားခဲ့ပါတယ်။
သူဟာဂျပန်အသင်းအတွက်၁၉၉၀မှ၂၀၀၀ခုနှစ်အတွင်းတွင်၈၉ပွဲကစားကာ၅၅ဂိုးသွင်းခဲ့ပါတယ်။ဒါပေမဲ့သူဟာဂျပန်အသင်းနှင့်အတူကမ္ဘာ့ဖလားတစ်ကြိမ်မျှမကစားနိုင်ခဲ့ပါဘူး။
King Kazu လို့အမည်ပြောင်ပေးခြင်းခံထားရတဲ့သူဟာအသက်၆၀နှစ်အထိဘောလုံးကစားသွားရန်စီစဉ်ထားသူလည်းဖြစ်ပါတယ်။
ZawGyi
ပေရာ္ဖက္ရွင္ကစားသမားဘဝ ၃၆ ႏွစ္ေျမာက္အျဖစ္ ကစားရန္ ဥေရာပကလပ္သစ္ရွာေတြ႕သြားခဲ့တဲ့ ကမာၻ႔အသက္အႀကီးဆုံးကစားသမား
ကမာၻ႔အသက္အႀကီးဆုံးကစားသမားကာဇူးမူရာဟာပေရာ္ဖက္ရွင္ကစားသမား၃၆ႏွစ္သက္တမ္းရွိလာေစေရးအတြက္ကလပ္သစ္ႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ပါတယ္။
အသက္၅၅ႏွစ္ရွိတိုက္စစ္မႉးဟာ၁၉၈၆ခုႏွစ္တြင္ဘရာဇီးကလပ္ဆန္းတို႔စ္ႏွင့္ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝစတင္ခဲ့ၿပီးေနာက္ဂ်ပန္လက္ေ႐ြးစင္အသင္းအတြက္ဆယ္စုႏွစ္တစ္ခုၾကာကစားေပးခဲ့သူလည္းျဖစ္ပါတယ္။
ယင္းေနာက္ပိုင္းတြင္သူဟာကလပ္၁၄ခုေျပာင္းေ႐ႊ႕ကစားခဲ့ၿပီးယိုကိုဟားမားတြင္၁၇ႏွစ္ၾကာကစားခဲ့သလို ယခုႏွစ္အေစာပိုင္းတုန္းက Suzuki Point Getters သို႔ေျပာင္းကစားခဲ့ပါတယ္။
Nikkon Sport ရဲ႕ေဖာ္ျပလာမႈအရယခုအခါသူဟာေပၚတူဂီဒုတိယတန္းကလပ္ Oliveirense သို႔ေျပာင္းကစားရန္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ေၾကာင္းသိရပါတယ္။
ဥေရာပအေျခစိုက္ကလပ္ရဲ႕ပိုင္ရွင္မွာယိုကိုဟားမားအသင္းကိုလည္းပိုင္ဆိုင္ၾကသူမ်ားျဖစ္ပါတယ္။
မူရာဟာမက္ဆီမေမြးဖြားမီကတည္းကေဘာလုံးကစားလာခဲ့သူျဖစ္ပါတယ္။ သူဟာVerdy Kawasaki အတြက္၁၉၂ပြဲကစားခဲ့ရာမွာ၁၁၇ဂိုးသြင္းခဲ့သူျဖစ္ၿပီး၁၉၉၂ခုႏွစ္တုန္းကအဂၤလန္ဂႏၴဝင္တိုက္စစ္မႉးဂယ္ရီလိုင္နီကာကိုေက်ာ္ျဖတ္ကာ အာရွတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးခဲ့သူလည္းျဖစ္ပါတယ္။
သူဟာအီတလီကလပ္ဂ်ီႏိုအာတြင္အငွားျဖင့္ကစားခဲ့သလိုခ႐ိုေအးရွားကလပ္ဒိုင္နမိုဇာဂရက္တြင္လည္းကစားခဲ့ပါတယ္။သူဟာ၁၉၉၉ခုႏွစ္တြင္Kyoto Sangaသို႔ေျပာင္းကာဂ်ပန္သို႔ျပန္ေရာက္လာခဲ့ပါတယ္။
သူဟာVissel Kobeတြင္၅ႏွစ္ကစားၿပီးေနာက္ယိုကိုဟားမားသို႔ေျပာင္းကစားခဲ့ပါတယ္။
သူဟာဂ်ပန္အသင္းအတြက္၁၉၉၀မွ၂၀၀၀ခုႏွစ္အတြင္းတြင္၈၉ပြဲကစားကာ၅၅ဂိုးသြင္းခဲ့ပါတယ္။ဒါေပမဲ့သူဟာဂ်ပန္အသင္းႏွင့္အတူကမာၻ႔ဖလားတစ္ႀကိမ္မွ်မကစားႏိုင္ခဲ့ပါဘူး။
King Kazu လို႔အမည္ေျပာင္ေပးျခင္းခံထားရတဲ့သူဟာအသက္၆၀ႏွစ္အထိေဘာလုံးကစားသြားရန္စီစဥ္ထားသူလည္းျဖစ္ပါတယ္။