
ဂါရတ်ပီကေးဟာပရော်ဖက်ရှင်နယ်ကစားသမားဘဝနောက်ဆုံးပွဲတွင်ဝင်မကစားခဲ့ရဘဲအနီကတ်ပြအထုတ်ခံခဲ့ရပါတယ်။
ဘာစီလိုနာဟာမနေ့ညတုန်းကအိုဆာဆူနာနှင့်ပွဲစဉ်တွင်ဒေးဗစ်ဂါစီယာရဲ့ပွဲအစ၆မိနစ်ဂိုးကြောင့်နောက်ကလိုက်ကစားခဲ့ရပါတယ်။ယင်းနောက် ရောဘတ်လီဝန်ဒေါ့စကီးမှာပွဲချိန်၃၁မိနစ်တွင်နှစ်ဝါတစ်နီဖြင့်အထုတ်ခံရမှုကြောင့် အခြေအနေဆိုးရွားသွားခဲ့ပါတယ်။
ဒါကြောင့်လည်းဘာစီလိုနာဟာပထမပိုင်းတွင်တစ်ယောက်အလျှော့ဖြင့်ကစားခဲ့ရသလို ဂိုးတစ်ဂိုးလည်းပေးခဲ့ရပါတယ်။ပီကေးဟာပရော်ဖက်ရှင်နယ်ကစားသမားဘဝနောက်ဆုံးပွဲဖြစ်တဲ့ယင်းပွဲမှာပထမပိုင်းအပြီးတွင်လက်ထောက်ဒိုင်လူကြီးကိုစောဒကတက်ခဲ့တဲ့အပြင်ဥမင်လှိုဏ်ခေါင်းအတွင်းမှာလည်းဒိုင်လူကြီးဂျေဆူးဂေးလ်ကိုစောဒကတက်ခဲ့ပါတယ်။
ဒါပေမဲ့ဒိုင်လူကြီးဂျေဆူးဂေးလ်ဟာချက်ချင်းပင်ဂါရတ်ပီကေးကိုအနီကတ်ပြထုတ်ပယ်မှုပြုလုပ်ခဲ့ပါတယ်။
ပီကေးဟာပြီးခဲ့တဲ့အပတ်တုန်းကနူးကမ့်နောက်ဆုံးပွဲကိုကစားခဲ့သူလည်းဖြစ်ပါတယ်။
ဘာစီလိုနာဟာအိုဆာဆူနာကို၁၀ဦးတည်းဖြင့်ကစားရတဲ့အပြင် ဦးဆောင်ပေးခဲ့ရပေမဲ့လည်းဒုတိယပိုင်းတွင်ဂွန်ဇာလက်ဇ်နှင့်ရာဖင်ညာတို့သွင်းယူတဲ့ဂိုးကြောင့်၂-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
ZawGyi
ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝ ေနာက္ဆုံးပြဲတြင္ ဝင္မကစားရဘဲ အထုတ္ခံခဲ့ရတဲ့ ဂါရတ္ပီေကး
ဂါရတ္ပီေကးဟာပေရာ္ဖက္ရွင္နယ္ကစားသမားဘဝေနာက္ဆုံးပြဲတြင္ဝင္မကစားခဲ့ရဘဲအနီကတ္ျပအထုတ္ခံခဲ့ရပါတယ္။
ဘာစီလိုနာဟာမေန႔ညတုန္းကအိုဆာဆူနာႏွင့္ပြဲစဥ္တြင္ေဒးဗစ္ဂါစီယာရဲ႕ပြဲအစ၆မိနစ္ဂိုးေၾကာင့္ေနာက္ကလိုက္ကစားခဲ့ရပါတယ္။ယင္းေနာက္ ေရာဘတ္လီဝန္ေဒါ့စကီးမွာပြဲခ်ိန္၃၁မိနစ္တြင္ႏွစ္ဝါတစ္နီျဖင့္အထုတ္ခံရမႈေၾကာင့္ အေျခအေနဆိုး႐ြားသြားခဲ့ပါတယ္။
ဒါေၾကာင့္လည္းဘာစီလိုနာဟာပထမပိုင္းတြင္တစ္ေယာက္အေလွ်ာ့ျဖင့္ကစားခဲ့ရသလို ဂိုးတစ္ဂိုးလည္းေပးခဲ့ရပါတယ္။ပီေကးဟာပေရာ္ဖက္ရွင္နယ္ကစားသမားဘဝေနာက္ဆုံးပြဲျဖစ္တဲ့ယင္းပြဲမွာပထမပိုင္းအၿပီးတြင္လက္ေထာက္ဒိုင္လူႀကီးကိုေစာဒကတက္ခဲ့တဲ့အျပင္ဥမင္လႈိဏ္ေခါင္းအတြင္းမွာလည္းဒိုင္လူႀကီးေဂ်ဆူးေဂးလ္ကိုေစာဒကတက္ခဲ့ပါတယ္။
ဒါေပမဲ့ဒိုင္လူႀကီးေဂ်ဆူးေဂးလ္ဟာခ်က္ခ်င္းပင္ဂါရတ္ပီေကးကိုအနီကတ္ျပထုတ္ပယ္မႈျပဳလုပ္ခဲ့ပါတယ္။
ပီေကးဟာၿပီးခဲ့တဲ့အပတ္တုန္းကႏူးကမ့္ေနာက္ဆုံးပြဲကိုကစားခဲ့သူလည္းျဖစ္ပါတယ္။
ဘာစီလိုနာဟာအိုဆာဆူနာကို၁၀ဦးတည္းျဖင့္ကစားရတဲ့အျပင္ ဦးေဆာင္ေပးခဲ့ရေပမဲ့လည္းဒုတိယပိုင္းတြင္ဂြန္ဇာလက္ဇ္ႏွင့္ရာဖင္ညာတို႔သြင္းယူတဲ့ဂိုးေၾကာင့္၂-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။