
ဖရန့်ရီဘာရီဟာဒဏ်ရာပြဿနာများစွာနှင့်ကြုံတွေ့ရပြီးနောက်ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှအနားယူရန်စီစဉ်နေကြောင်းပြင်သစ်မီဒီယာများရဲ့ဖော်ပြချက်အရသိရပါတယ်။
အသက်၃၉နှစ်ရှိဖရန့်ရီဘာရီဟာပြီးခဲ့တဲ့နှစ်တုန်းကစီးရီးအေကလပ်ဆာလာနီတာနာသို့ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီးအသက်၄၀ကျော်အရွယ်အထိဘောလုံးကစားရန်မျှော်လင့်ထားသူလည်းဖြစ်ပါတယ်။
ဒါပေမဲ့ဘိုင်ယန်မြူးနစ်နှင့်အတူဘွန်ဒက်စ်လီဂါဖလား၉ကြိမ်ဆွတ်ခူးခဲ့တဲ့ဖရန့်ရီဘာရီဟာဩဂုတ်လကတည်းကဒူးဒဏ်ရာကြောင့်အနားယူလာခဲ့ရပါတယ်။
ရီဘာရီဟာဒူးအရွတ်ဒဏ်ရာရရှိနေတာဖြစ်ပြီးဒူးနာကျင်မှုမှာဆထက်တပိုးတိုးမြှင့်နေတာကြောင့်အနားယူရန်စဉ်းစားနေကြောငး် L’Equipe ကဖော်ပြလာပါတယ်။
ရီဘာရီဟာဒူးဒဏ်ရာကိုခွဲစိတ်ကုသမှုပြုလုပ်ပြီးလျှင်ချက်ချင်းကစားသမားဘဝမှအနားယူသွားဖို့ရှိနေပါတယ်။
သူဟာဆာလာနီတာနာနှင့်ချုပ်ဆိုထားတဲ့စာချုပ်ကိုဖျက်သိမ်းပြီးရာသီအကုန်အထိကလပ်ရဲ့သံတမန်အဖြစ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။
ဖရန့်ရီဘာရီဟာကစားသမားဘဝတစ်လျှောက်ဂါလာတာစာရေး၊မာဆေး၊ဘိုင်ယန်မြူးနစ်၊ဖီအိုရင်တီးနားတို့တွင်ကစားလာခဲ့သူဖြစ်ပါတယ်။သူဟာဘိုင်ယန်မြူးနစ်တွင်ကစားစဉ်တုန်းကအအောင်မြင်ဆုံးဖြစ်ပြီးဘွန်ဒက်စ်လီဂါဖလား၉ကြိမ်၊ဂျာမန်ပိုကယ်ဖလား၆ကြိမ်နှင့်ချန်ပီယံလိဂ်ဖလား၁ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ZawGyi
ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝမွ အနားယူေတာ့မယ့္ ဖရန႔္ရီဘာရီ
ဖရန႔္ရီဘာရီဟာဒဏ္ရာျပႆနာမ်ားစြာႏွင့္ႀကဳံေတြ႕ရၿပီးေနာက္ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝမွအနားယူရန္စီစဥ္ေနေၾကာင္းျပင္သစ္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရသိရပါတယ္။
အသက္၃၉ႏွစ္ရွိဖရန႔္ရီဘာရီဟာၿပီးခဲ့တဲ့ႏွစ္တုန္းကစီးရီးေအကလပ္ဆာလာနီတာနာသို႔ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီးအသက္၄၀ေက်ာ္အ႐ြယ္အထိေဘာလုံးကစားရန္ေမွ်ာ္လင့္ထားသူလည္းျဖစ္ပါတယ္။
ဒါေပမဲ့ဘိုင္ယန္ျမဴးနစ္ႏွင့္အတူဘြန္ဒက္စ္လီဂါဖလား၉ႀကိမ္ဆြတ္ခူးခဲ့တဲ့ဖရန႔္ရီဘာရီဟာဩဂုတ္လကတည္းကဒူးဒဏ္ရာေၾကာင့္အနားယူလာခဲ့ရပါတယ္။
ရီဘာရီဟာဒူးအ႐ြတ္ဒဏ္ရာရရွိေနတာျဖစ္ၿပီးဒူးနာက်င္မႈမွာဆထက္တပိုးတိုးျမႇင့္ေနတာေၾကာင့္အနားယူရန္စဥ္းစားေနေၾကာငး္ L’Equipe ကေဖာ္ျပလာပါတယ္။
ရီဘာရီဟာဒူးဒဏ္ရာကိုခြဲစိတ္ကုသမႈျပဳလုပ္ၿပီးလွ်င္ခ်က္ခ်င္းကစားသမားဘဝမွအနားယူသြားဖို႔ရွိေနပါတယ္။
သူဟာဆာလာနီတာနာႏွင့္ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ကိုဖ်က္သိမ္းၿပီးရာသီအကုန္အထိကလပ္ရဲ႕သံတမန္အျဖစ္ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္းလည္းသိရပါတယ္။
ဖရန႔္ရီဘာရီဟာကစားသမားဘဝတစ္ေလွ်ာက္ဂါလာတာစာေရး၊မာေဆး၊ဘိုင္ယန္ျမဴးနစ္၊ဖီအိုရင္တီးနားတို႔တြင္ကစားလာခဲ့သူျဖစ္ပါတယ္။သူဟာဘိုင္ယန္ျမဴးနစ္တြင္ကစားစဥ္တုန္းကအေအာင္ျမင္ဆုံးျဖစ္ၿပီးဘြန္ဒက္စ္လီဂါဖလား၉ႀကိမ္၊ဂ်ာမန္ပိုကယ္ဖလား၆ႀကိမ္ႏွင့္ခ်န္ပီယံလိဂ္ဖလား၁ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။