ပရော်ဖက်ရှင်နယ်ဘဝအပြောင်းအလဲ ပြုလုပ်လိုက်တဲ့ လက်စတိန်နာ
လာဇီယိုနှင့်ဂျူဗင်တပ်နောက်ခံလူဟောင်းစတီဖင်လက်စတိန်နာဟာဘောလုံးလောကနေနာရီလုပ်သူဘဝသို့ပြောင်းလဲလိုက်ပါတယ်။သူဟာ Mauriac de Mauriac မှာအလုပ်သင်အဖြစ်စတင်လုပ် ဆောင်နေပြီဖြစ်ပါတယ်။
အသက်၃၇နှစ်ရှိဆွစ်ဇာလန်လက်ရွေးစင်နောက်ခံလူဟောင်းဟာ၂၀၂၀ခုနှစ်၊ဩဂုတ်လတုန်းက အော့ဘတ်တွင်တစ်ရာသီကစားပြီးနောက်ကစားသမားဘဝမှအနားယူခဲ့သူဖြစ်ပါတယ်။သူဟာဂျူဗင်တပ် တွင်ကစားစဉ်ကစီးရီးအေဖလား၇ကြိမ်၊ကိုပါအီတာလီယာဖလား၅ကြိမ်နှင့်စူပါကိုပါအီတာလီယာဖလား၄ကြိမ်ဆွတ်ခူးခဲ့ပါတယ်။
ယခုအခါညာနောက်ခံလူဟောင်းဟာပရော်ဖက်ရှင်နယ်ဘဝကိုအပြောင်းအလဲပြုလုပ်လိုက်ပြီဖြစ်ပါတယ်။
ယနေ့မှာဇူးရစ်အခြေစိုက်နာရီကုမ္ပဏီ Mauriac de Mauriac ကလက်စတိန်နာမှာဇူးရစ်တွင်နာရီဖန်တီးမှုအတတ်အပညာကိုလေ့လာသင်ကြားနေပြီဖြစ်ကြောင်းကြေညာသွားပါတယ်။
ZawGyi
ယခုအခါညာနောက်ခံလူဟောင်းဟာပရော်ဖက်ရှင်နယ်ဘဝကိုအပြောင်းအလဲပြုလုပ်လိုက်ပြီဖြစ်ါပတယ်။