ပရော်ဖက်ရှင်နယ်ဘောလုံးသမိုင်းတွင် သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူသူဖြစ်လာတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာပရော်ဖက်ရှင်နယ်ဘောလုံးသမိုင်းတွင်သမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းယူသူဖြစ်လာခဲ့ပါတယ်။

ယူနိုက်တက်စူပါစတားဟာမနေ့ညတုန်းကစပါးစ်ကို၃-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာဟက်ထရစ်သွင်းယူပြီးနောက်ယခင်စံချိန်ရှင်ဂျိုးဆက်ဖ်ဘီကန်ရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဂျိုးဆက်ဖ်ဘီကန်ဟာယခင်တုန်းက၈၀၅ဂိုးဖြင့်ပရော်ဖက်ရှင်နယ်ဘောလုံးသမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေခဲ့တာပါ။

ယခုအခါတော့ခရစ္စတီယာနိုရော်နယ်ဒိုဟာစပါးစ်နှင့်ပွဲမှာဟက်ထရစ်သွင်းယူနိုင်ပြီးနောက်၈၀၆ဂိုးဖြင့်ပရော်ဖက်ရှင်နယ်ဘောလုံးသမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူဖြစ်လာခဲ့ပြီဖြစ်ပြီး၎င်းရဲ့မှတ်တမ်းကိုဖီဖာကလည်းအသိအမှတ်ပြုလာပါတယ်။

ဘီကန်ဟာ၁၉၃၁ခုနှစ်မှ၁၉၅၅ခုနှစ်အထိဘောလုံးကစားခဲ့ပြီးဆလားဗီးယားပရက်အတွက်၂၂၁ပွဲတွင်၄၂၇ဂိုးအထိသွင်းယူခဲ့ပါတယ်။သူဟာဩစတြီးယား၊ချက်လက်ရွေးစင်အသင်းနှစ်ခုတို့အတွက်ကစားခဲ့ဖူးပြီးအသက်၄၂နှစ်အရွယ်တွင်ကစားသမားဘဝမှအနားယူခဲ့ပါတယ်။

ရော်နယ်ဒိုဟာယူနိုက်တက်တွင်ပထမအကြိမ်ကစားတုန်းက၂၉၂ပွဲကစားကာ၁၁၈ဂိုးသွင်းယူခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အတွက်၄၃၈ပွဲကစားကာဂိုး၄၅၀သွင်းယူခဲ့ပါတယ်။သူဟာ၂၀၁၈ခုနှစ်မှာဂျူဗင်တပ်သို့ပြောင်းပြီးနောက်၁၀၁ဂိုးသွင်းယူခဲ့ပြီးနွေရာသီမှာယူနိုက်တက်သို့ပြန်ခဲ့ပါတယ်။

သူဟာယူနိုက်တက်သို့ပြန်လည်ပြောင်းလာပြီးနောက်၃၂ပွဲကစားရာမှာ၁၈ဂိုးသွင်းယူထားပါတယ်။သူဟာပေါ်တူဂီအသင်းအတွက်၁၁၅ဂိုးသွင်းယူပြီး နိုင်ငံတကာဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေပါတယ်။

ZawGyi

ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမိုင္းတြင္ သမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းယူသူျဖစ္လာတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာပေရာ္ဖက္ရွင္နယ္ေဘာလုံးသမိုင္းတြင္သမိုင္းတစ္ေလွ်ာက္ဂိုးအမ်ားဆုံးသြင္းယူသူျဖစ္လာခဲ့ပါတယ္။

ယူႏိုက္တက္စူပါစတားဟာမေန႔ညတုန္းကစပါးစ္ကို၃-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာဟက္ထရစ္သြင္းယူၿပီးေနာက္ယခင္စံခ်ိန္ရွင္ဂ်ိဳးဆက္ဖ္ဘီကန္ရဲ႕စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ဂ်ိဳးဆက္ဖ္ဘီကန္ဟာယခင္တုန္းက၈၀၅ဂိုးျဖင့္ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနခဲ့တာပါ။

ယခုအခါေတာ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာစပါးစ္ႏွင့္ပြဲမွာဟက္ထရစ္သြင္းယူႏိုင္ၿပီးေနာက္၈၀၆ဂိုးျဖင့္ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူျဖစ္လာခဲ့ၿပီျဖစ္ၿပီး၎ရဲ႕မွတ္တမ္းကိုဖီဖာကလည္းအသိအမွတ္ျပဳလာပါတယ္။

ဘီကန္ဟာ၁၉၃၁ခုႏွစ္မွ၁၉၅၅ခုႏွစ္အထိေဘာလုံးကစားခဲ့ၿပီးဆလားဗီးယားပရက္အတြက္၂၂၁ပြဲတြင္၄၂၇ဂိုးအထိသြင္းယူခဲ့ပါတယ္။သူဟာဩစႀတီးယား၊ခ်က္လက္ေ႐ြးစင္အသင္းႏွစ္ခုတို႔အတြက္ကစားခဲ့ဖူးၿပီးအသက္၄၂ႏွစ္အ႐ြယ္တြင္ကစားသမားဘဝမွအနားယူခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာယူႏိုက္တက္တြင္ပထမအႀကိမ္ကစားတုန္းက၂၉၂ပြဲကစားကာ၁၁၈ဂိုးသြင္းယူခဲ့ၿပီးေနာက္ ရီးရဲလ္မက္ဒရစ္အတြက္၄၃၈ပြဲကစားကာဂိုး၄၅၀သြင္းယူခဲ့ပါတယ္။သူဟာ၂၀၁၈ခုႏွစ္မွာဂ်ဴဗင္တပ္သို႔ေျပာင္းၿပီးေနာက္၁၀၁ဂိုးသြင္းယူခဲ့ၿပီးေႏြရာသီမွာယူႏိုက္တက္သို႔ျပန္ခဲ့ပါတယ္။

သူဟာယူႏိုက္တက္သို႔ျပန္လည္ေျပာင္းလာၿပီးေနာက္၃၂ပြဲကစားရာမွာ၁၈ဂိုးသြင္းယူထားပါတယ္။သူဟာေပၚတူဂီအသင္းအတြက္၁၁၅ဂိုးသြင္းယူၿပီး ႏိုင္ငံတကာဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနပါတယ္။