ပလတ်စတစ်ကွင်းကြောင့် အန်ဒါရာနှင့်ပွဲတွင် အရန်အသင်းနှင့် ကစားသွားရန် ဆောက်ဂိတ်စီစဉ်နေ

ဂါရတ်ဆောက်ဂိတ်ဟာအန်ဒိုရာအသင်းရဲ့ပလတ်စတစ်ကွင်းကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် အရန်အသင်းနှင့်ရင်ဆိုင်ကစားသွားရန်အသင့်ရှိနေပါတယ်။

အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာပြီးခဲ့တဲ့လတုန်းကပိုလန်နှင့်သရေကျတဲ့ပွဲစဉ်မှလူစာရင်းကို အကြီးအကျယ်အပြောင်းအလဲလုပ်ကာအသုံးပြုသွားပါမယ်။

အထူးသဖြင့်ဆောက်ဂိတ်ဟာအသင်းခေါင်းဆောင်ဟယ်ရီကိန်းရဲ့ခြေကျင်းဝတ်ဒဏ်ရာပြဿနာသမိုင်းကြောင်းကြောင့် ပလတ်စတစ်မြက်ခင်းတုကွင်းတွင်အသုံးပြုရေးအတွက် ချီတုံချတုံဖြစ်နေပါတယ်။

ဆောက်ဂိတ်ဟာစပါးစ်တိုက်စစ်မှူးကိုအရန်ခုံမှာသာထိုင်ခိုင်းထားဖို့ရှိနေပြီးချဲလ်ဆီးဘယ်နောက်ခံလူဘင်ချဲလ်ဝဲလ်ကိုပွဲထွက်လူစာရင်းတွင်ထည့်သွင်းသွားဖို့ရှိပါတယ်။ဒါ့အပြင်မက်ဂွိုင်းယားမှာခြေကျင်းဝတ်ဒဏ်ရာရရှိနေခြင်းကြောင့်ဗဟိုခံစစ်တွင်အပြောင်းအလဲဖြစ်လာပါမယ်။

ကယ်ဗင်ဖီးလစ်မှာအင်္ဂလန်အသင်းမှနုတ်ထွက်သွားခဲ့ရာလီဗာပူးအသင်းခေါင်းဆောင်ဟင်ဒါဆင်မှာပွဲထွက်လူစာရင်းတွင်ပါဝင်လာနိုင်ပါတယ်။

ဆောက်ဂိတ်ဟာအလယ်တန်းတွင်မန်ယူရဲ့ဆန်ချိုနှင့်ဆောက်သမ်တန်အသင်းခေါင်းဆောင် ဂျိမ်းစ်ဝတ်ဒ်ပရောက်စ်တို့ကိုပွဲထွက်လူစာရင်းတွင်ထည့်သွင်းလာဖို့ရှိပါတယ်။ဒါ့အပြင်အင်္ဂလန်အသင်းတိုက်စစ်တွင်မန်ယူစတားဂျက်စီလင်ဂတ်ပါဝင်လာဖို့ရှိပါတယ်။

ZawGyi

ပလတ္စတစ္ကြင္းေၾကာင့္ အန္ဒါရာႏွင့္ပြဲတြင္ အရန္အသင္းႏွင့္ ကစားသြားရန္ ေဆာက္ဂိတ္စီစဥ္ေန

ဂါရတ္ေဆာက္ဂိတ္ဟာအန္ဒိုရာအသင္းရဲ႕ပလတ္စတစ္ကြင္းေၾကာင့္ ကမာၻ႔ဖလားေျခစစ္ပြဲစဥ္တြင္ အရန္အသင္းႏွင့္ရင္ဆိုင္ကစားသြားရန္အသင့္ရွိေနပါတယ္။

အဂၤလန္နည္းျပေဆာက္ဂိတ္ဟာၿပီးခဲ့တဲ့လတုန္းကပိုလန္ႏွင့္သေရက်တဲ့ပြဲစဥ္မွလူစာရင္းကို အႀကီးအက်ယ္အေျပာင္းအလဲလုပ္ကာအသုံးျပဳသြားပါမယ္။

အထူးသျဖင့္ေဆာက္ဂိတ္ဟာအသင္းေခါင္းေဆာင္ဟယ္ရီကိန္းရဲ႕ေျခက်င္းဝတ္ဒဏ္ရာျပႆနာသမိုင္းေၾကာင္းေၾကာင့္ ပလတ္စတစ္ျမက္ခင္းတုကြင္းတြင္အသုံးျပဳေရးအတြက္ ခ်ီတုံခ်တုံျဖစ္ေနပါတယ္။

ေဆာက္ဂိတ္ဟာစပါးစ္တိုက္စစ္မႉးကိုအရန္ခုံမွာသာထိုင္ခိုင္းထားဖို႔ရွိေနၿပီးခ်ဲလ္ဆီးဘယ္ေနာက္ခံလူဘင္ခ်ဲလ္ဝဲလ္ကိုပြဲထြက္လူစာရင္းတြင္ထည့္သြင္းသြားဖို႔ရွိပါတယ္။ဒါ့အျပင္မက္ဂြိဳင္းယားမွာေျခက်င္းဝတ္ဒဏ္ရာရရွိေနျခင္းေၾကာင့္ဗဟိုခံစစ္တြင္အေျပာင္းအလဲျဖစ္လာပါမယ္။

ကယ္ဗင္ဖီးလစ္မွာအဂၤလန္အသင္းမွႏုတ္ထြက္သြားခဲ့ရာလီဗာပူးအသင္းေခါင္းေဆာင္ဟင္ဒါဆင္မွာပြဲထြက္လူစာရင္းတြင္ပါဝင္လာႏိုင္ပါတယ္။

ေဆာက္ဂိတ္ဟာအလယ္တန္းတြင္မန္ယူရဲ႕ဆန္ခ်ိဳႏွင့္ေဆာက္သမ္တန္အသင္းေခါင္းေဆာင္ ဂ်ိမ္းစ္ဝတ္ဒ္ပေရာက္စ္တို႔ကိုပြဲထြက္လူစာရင္းတြင္ထည့္သြင္းလာဖို႔ရွိပါတယ္။ဒါ့အျပင္အဂၤလန္အသင္းတိုက္စစ္တြင္မန္ယူစတားဂ်က္စီလင္ဂတ္ပါဝင္လာဖို႔ရွိပါတယ္။