ပလေးဘွိုင်မော်ဒယ်နှင့် ဘောလုံးကွင်းထဲမှာ ပွဲကြမ်းလို့ အရောင်းစာရင်းအတင်ခံခဲ့ရတဲ့ ခရိုအေးရှားနောက်ခံလူ

ခရိုအေးရှားနောက်ခံလူဟောင်းဒီနိုဒါပစ်ဟာဘောလုံးကွင်းအလယ်စက်ဝိုင်းမှာတစ်ချိန်တွင်ဇနီးဖြစ်လာမယ့်ပလေးဘွိုင်းမော်ဒယ်နှင့်ပွဲကြမ်းခဲ့လို့ ဒိုင်နမိုဇာဂရက်အသင်းရဲ့အရောင်းစာရင်းတင်ခြင်းခံခဲ့ရပါတယ်။

ဒါပစ်ဟာခရိုအေးရှားလက်ရွေးစင်အသင်းအတွက်တစ်ပွဲကစားခွင့်ရရှိခဲ့ဖူးသူဖြစ်ပြီး၂၀၀၉ခုနှစ်တုန်းကအထက်ပါအဖြစ်အပျက်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ထိုစဉ်တုန်းကသူဟာနောင်တွင်သူ့မိန်းမဖြစ်လာမယ့်နီဗက်စ်စယ်စီးယပ်စ်နှင့် Stadion Maksimir ကွင်းမှာအပျော်ကျူးခဲ့ကြတာဖြစ်ပါတယ်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီးဇနီးသည်နီဗက်စ်စယ်စီးယပ်စ်ကိုယ်တိုင်က ဆားဘီးယား Talk Show တစ်ခုမှာအတည်ပြုခဲ့တာပါ။

သူမက “ဒီနိုကကျွန်မတို့အတွက်ကွင်းမီးဖွင့်ပေးထားတဲ့စီစဉ်ထားခဲ့တယ်။နောက်ဆုံးမှာတော့သူ့ရဲ့ဘောလုံးကွင်းတစ်ကွင်းရဲ့ကွင်းလယ်စက်ဝိုင်းမှာအချစ်ကြမ်းရေး သူ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ခဲ့တယ်။အရမ်းဆိုးတယ်”လို့ဖွင့်ဟခဲ့ပါတယ်။

စယ်စီးယပ်စ်ဟာပလေးဘွိုင်မော်ဒယ်ဟောင်းတစ်ဦးဖြစ်ပြီးနောက်ပိုင်းမှာခရိုအေးရှားမှာအဆိုတော်အဖြစ်လည်းကောင်း၊မင်းသမီးအဖြစ်လည်းကောင်းအလုပ်လုပ်ခဲ့ပါတယ်။

ဒိုင်နမိုဇာဂရက်တာဝန်ရှိသူများဟာစယ်စီးယပ်စ်ကရုပ်သံအစီအစဉ်မှာဖွင့်ဟလာမှုကြောင့်အထက်ပါအဖြစ်အပျက်ကိုသိရှိပြီးတဲ့နောက်အကြီးအကျယ်ဒေါသထွက်ကာ အရောင်းစာရင်းတင်ခဲ့ပါတယ်။

သူဟာ၂၀၀၉ခုနှစ်၊ဇန်နဝါရီလမှာဂျာမန်ကလပ်ကားလ်စရူဟာသို့အငှားဖြင့်ပြောင်းခဲ့ရပြီးနွေရာသီမှာအပြီးသတ်ပြောင်းခဲ့ပါတယ်။ဒါပစ်ဟာဂရိ၊ယူကရိန်း၊ခရိုအေးရှားနှင့်ဘရူနိုင်းလိဂ်တို့တွင်လည်းကျင်လည်ခဲ့ကာ၂၀၁၃ခုနှစ်မှာကစားသမားဘဝမှအနားယူခဲ့ပါတယ်။

သူနှင့်စယ်စီးယပ်စ်တို့ဟာ၂၀၀၅ခုနှစ်တွင်လက်ထပ်ခဲ့ပြီး၂၀၁၄ခုနှစ်မှာကွာရှင်းပြတ်စဲခဲ့ကာကလေးနှစ်ဦးမွေားဖွားခဲ့ပါတယ်။

ယခုအခါအသက်၄၀နှစ်ရှိပြီဖြစ်တဲ့ဒါပစ်ဟာဒိုင်နမိုဇာဂရက်မှာရှစ်နှစ်ကစားစဉ်အတွင်းအမှတ်ပေးဖလားငါးကြိမ်၊ရှုံးထွက်ဖလား၆ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ZawGyi

ပေလးဘြိဳင္ေမာ္ဒယ္ႏွင့္ ေဘာလုံးကြင္းထဲမွာ ပြဲၾကမ္းလို႔ အေရာင္းစာရင္းအတင္ခံခဲ့ရတဲ့ ခ႐ိုေအးရွားေနာက္ခံလူ

ခ႐ိုေအးရွားေနာက္ခံလူေဟာင္းဒီႏိုဒါပစ္ဟာေဘာလုံးကြင္းအလယ္စက္ဝိုင္းမွာတစ္ခ်ိန္တြင္ဇနီးျဖစ္လာမယ့္ပေလးဘြိဳင္းေမာ္ဒယ္ႏွင့္ပြဲၾကမ္းခဲ့လို႔ ဒိုင္နမိုဇာဂရက္အသင္းရဲ႕အေရာင္းစာရင္းတင္ျခင္းခံခဲ့ရပါတယ္။

ဒါပစ္ဟာခ႐ိုေအးရွားလက္ေ႐ြးစင္အသင္းအတြက္တစ္ပြဲကစားခြင့္ရရွိခဲ့ဖူးသူျဖစ္ၿပီး၂၀၀၉ခုႏွစ္တုန္းကအထက္ပါအျဖစ္အပ်က္ျဖစ္ခဲ့တာျဖစ္ပါတယ္။

ထိုစဥ္တုန္းကသူဟာေနာင္တြင္သူ႔မိန္းမျဖစ္လာမယ့္နီဗက္စ္စယ္စီးယပ္စ္ႏွင့္ Stadion Maksimir ကြင္းမွာအေပ်ာ္က်ဴးခဲ့ၾကတာျဖစ္ပါတယ္။

ယင္းျဖစ္ရပ္ႏွင့္ပတ္သက္ၿပီးဇနီးသည္နီဗက္စ္စယ္စီးယပ္စ္ကိုယ္တိုင္က ဆားဘီးယား Talk Show တစ္ခုမွာအတည္ျပဳခဲ့တာပါ။

သူမက “ဒီႏိုကကြၽန္မတို႔အတြက္ကြင္းမီးဖြင့္ေပးထားတဲ့စီစဥ္ထားခဲ့တယ္။ေနာက္ဆုံးမွာေတာ့သူ႔ရဲ႕ေဘာလုံးကြင္းတစ္ကြင္းရဲ႕ကြင္းလယ္စက္ဝိုင္းမွာအခ်စ္ၾကမ္းေရး သူ႔အိပ္မက္ကိုအေကာင္အထည္ေဖာ္ႏိုင္ခဲ့တယ္။အရမ္းဆိုးတယ္”လို႔ဖြင့္ဟခဲ့ပါတယ္။

စယ္စီးယပ္စ္ဟာပေလးဘြိဳင္ေမာ္ဒယ္ေဟာင္းတစ္ဦးျဖစ္ၿပီးေနာက္ပိုင္းမွာခ႐ိုေအးရွားမွာအဆိုေတာ္အျဖစ္လည္းေကာင္း၊မင္းသမီးအျဖစ္လည္းေကာင္းအလုပ္လုပ္ခဲ့ပါတယ္။

ဒိုင္နမိုဇာဂရက္တာဝန္ရွိသူမ်ားဟာစယ္စီးယပ္စ္က႐ုပ္သံအစီအစဥ္မွာဖြင့္ဟလာမႈေၾကာင့္အထက္ပါအျဖစ္အပ်က္ကိုသိရွိၿပီးတဲ့ေနာက္အႀကီးအက်ယ္ေဒါသထြက္ကာ အေရာင္းစာရင္းတင္ခဲ့ပါတယ္။

သူဟာ၂၀၀၉ခုႏွစ္၊ဇန္နဝါရီလမွာဂ်ာမန္ကလပ္ကားလ္စ႐ူဟာသို႔အငွားျဖင့္ေျပာင္းခဲ့ရၿပီးေႏြရာသီမွာအၿပီးသတ္ေျပာင္းခဲ့ပါတယ္။ဒါပစ္ဟာဂရိ၊ယူကရိန္း၊ခ႐ိုေအးရွားႏွင့္ဘ႐ူႏိုင္းလိဂ္တို႔တြင္လည္းက်င္လည္ခဲ့ကာ၂၀၁၃ခုႏွစ္မွာကစားသမားဘဝမွအနားယူခဲ့ပါတယ္။

သူႏွင့္စယ္စီးယပ္စ္တို႔ဟာ၂၀၀၅ခုႏွစ္တြင္လက္ထပ္ခဲ့ၿပီး၂၀၁၄ခုႏွစ္မွာကြာရွင္းျပတ္စဲခဲ့ကာကေလးႏွစ္ဦးေမြားဖြားခဲ့ပါတယ္။

ယခုအခါအသက္၄၀ႏွစ္ရွိၿပီျဖစ္တဲ့ဒါပစ္ဟာဒိုင္နမိုဇာဂရက္မွာရွစ္ႏွစ္ကစားစဥ္အတြင္းအမွတ္ေပးဖလားငါးႀကိမ္၊ရႈံးထြက္ဖလား၆ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။