ပဥ္စမမြောက်ဒိန်းမတ်လက်ရွေးစင်အဖြစ် ဆမ်ဒိုးရီးယားတောင်ပံကစားသမားဒမ်းစ်ဂတ်ကို ဘရန့်ဖို့ဒ်ခေါ်ယူအားဖြည့်

ဘရန့်ဖို့ဒ်ဟာဆမ်ဒိုးရီးယားမှဒိန်းမတ်လက်ရွေးစင်တောင်ပံကစားသမားမက်ကေးဒမ်းစ်ဂတ်ကိုပြောင်းရွှေ့ကြေးပေါင်၁၂.၅သန်းဖြင့်၅နှစ်စာချုပ်ချုပ်ဆိုခေါ်ယူလိုက်ပါတယ်။

ဒမ်းစ်ဂတ်ဟာဘရန့်ဖို့ဒ်အသင်းရဲ့ပဥ္စမြောက်ဒိန်းမတ်လက်ရွေးစင်ကစားသမားဖြစ်လာသလိုသူဟာယူနိုက်တက်သို့ထွက်ခွာသွားတဲ့ခရစ္စတီယန်အဲရစ်ဆင်နေရာတွင်အစားထိုးရန်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။

အသက်၂၂နှစ်ရှိဒမ်းစ်ဂတ်ဟာဒိန်းမတ်ထိပ်သီးနော်ဂျေလန်းတွင်သုံးရာသီကြာကစားပြီးနောက်ဆမ်ဒိုးရီးယားတွင်နှစ်ရာသီကစားစဉ်အတွင်း၄၉ပွဲကစားကာ၂ဂိုးသွင်းယူခဲ့ပါတယ်။

သူဟာတောင်ပံကစားသမားအဖြစ်သာမကအလယ်တန်းတွင်နေရာစုံကစားနိုင်သူလည်းဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်ဟာပရီးမီးယားလိဂ်အဖွင့်ပွဲတွင်လက်စတာနှင့်သရေကျခဲ့ပြီးလာမယ့်စနေနေ့တွင်မန်ချက်စတာယူနိုက်တက်နှင့်ရင်ဆိုင်ကစားရပါမယ်။

ဒမ်းစ်ဂတ်ဟာယူနိုက်တက်နှင့်ပွဲစဉ်တွင်ဘရန့်ဖို့ဒ်ပွဲထွက်လူစာရင်းတွင်ပါဝင်လာဖို့ရှိနေပါတယ်။

ZawGyi

ပၪၥမေျမာက္ဒိန္းမတ္လက္ေ႐ြးစင္အျဖစ္ ဆမ္ဒိုးရီးယားေတာင္ပံကစားသမားဒမ္းစ္ဂတ္ကို ဘရန႔္ဖို႔ဒ္ေခၚယူအားျဖည့္

ဘရန႔္ဖို႔ဒ္ဟာဆမ္ဒိုးရီးယားမွဒိန္းမတ္လက္ေ႐ြးစင္ေတာင္ပံကစားသမားမက္ေကးဒမ္းစ္ဂတ္ကိုေျပာင္းေ႐ႊ႕ေၾကးေပါင္၁၂.၅သန္းျဖင့္၅ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုေခၚယူလိုက္ပါတယ္။

ဒမ္းစ္ဂတ္ဟာဘရန႔္ဖို႔ဒ္အသင္းရဲ႕ပၪၥေျမာက္ဒိန္းမတ္လက္ေ႐ြးစင္ကစားသမားျဖစ္လာသလိုသူဟာယူႏိုက္တက္သို႔ထြက္ခြာသြားတဲ့ခရစၥတီယန္အဲရစ္ဆင္ေနရာတြင္အစားထိုးရန္ေရာက္လာခဲ့တာလည္းျဖစ္ပါတယ္။

အသက္၂၂ႏွစ္ရွိဒမ္းစ္ဂတ္ဟာဒိန္းမတ္ထိပ္သီးေနာ္ေဂ်လန္းတြင္သုံးရာသီၾကာကစားၿပီးေနာက္ဆမ္ဒိုးရီးယားတြင္ႏွစ္ရာသီကစားစဥ္အတြင္း၄၉ပြဲကစားကာ၂ဂိုးသြင္းယူခဲ့ပါတယ္။

သူဟာေတာင္ပံကစားသမားအျဖစ္သာမကအလယ္တန္းတြင္ေနရာစုံကစားႏိုင္သူလည္းျဖစ္ပါတယ္။

ဘရန႔္ဖို႔ဒ္ဟာပရီးမီးယားလိဂ္အဖြင့္ပြဲတြင္လက္စတာႏွင့္သေရက်ခဲ့ၿပီးလာမယ့္စေနေန႔တြင္မန္ခ်က္စတာယူႏိုက္တက္ႏွင့္ရင္ဆိုင္ကစားရပါမယ္။

ဒမ္းစ္ဂတ္ဟာယူႏိုက္တက္ႏွင့္ပြဲစဥ္တြင္ဘရန႔္ဖို႔ဒ္ပြဲထြက္လူစာရင္းတြင္ပါဝင္လာဖို႔ရွိေနပါတယ္။