ပါကိုဒီဖာရဲရာနှင့်ပွဲတွင် ကိန်းပါဝင်ရန် မသေချာကြောင်း စပါးစ်နည်းပြဝန်ခံ

နူနိုအက်စ်ပီရီတိုဟာဝုဗ်အားအနိုင်ရရှိတဲ့ပွဲတွင်အရန်အဖြစ်ဝင်ရောက်ကစားခဲ့တဲ့ဟယ်ရီကိန်းအားချီးကျူးလိုက်ပါတယ်။ဒါပေမယ့်ပေါ်တူဂီလူမျိုးနည်းပြကကြာသပတေးနေ့တွင်ကစားမယ့်ပွဲတွင်ဟယ်ရီကိန်းပါဝင်ရန်မသေချာကြောင်းဆိုသွားပါတယ်။

ဟယ်ရီကိန်းဟာဝုဗ်နှင့်ပွဲစဉ်ရဲ့ပွဲချိန်၇၂မိနစ်တွင်လူစားဝင်ရောက်ကစားခဲ့ပြီးဝုဗ်ပရိသတ်များက “သူကငါတို့ပိုင်တဲ့ကစားသမား”လို့အော်ဟစ်ခဲ့ကြပါတယ်။

အဆိုပါပွဲစဉ်တွင်စပါးစ်ဟာဒီလီအယ်လီရဲ့ပင်နယ်တီဂိုးဖြင့်၁-၀ဂိုးဖြင့်စပါးစ်အနိုင်ရရှိခဲ့ပါတယ်။

စပါးစ်ဟာလာမယ့်ကြာသပတေးနေ့မှာယူရိုပါကွန်ဖရင့်လိဂ်ပလေးအော့ဖ်ဒုတိယအကျော့ပွဲစဉ်အဖြစ်ပါကိုဒီဖာရဲရာနှင့်ရင်ဆိုင်ရပါမယ်။စပါးစ်ဟာပထမအကျော့တုန်းကပေါ်တူဂီမှာ၁-၀ဂိုးဖြင့်ရှုံးနိမ့်ထားပါတယ်။

နူနိုက “ဒါကိုမဖြေနိုင်သေးပါဘူး။ပြောဖို့စောသေးတယ်။အခုကျွန်တော်တို့အားပြန်ပြည့်လာအောင်လုပ်ရမယ်။ပုံမှန်အတိုင်းအလုပ်လုပ်ရဦးမယ်။သူ(ကိန်း)ကောင်းကောင်းကစားခဲ့ပါတယ်။အသင်းကိုကူညီခဲ့တယ်။သူ့ရဲ့ကြံ့ခိုင်မှုတိုးတက်ဖို့လုပ်ဆောင်နေတုန်းပါ။ဒါပေမယ့်သူကကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးပါ”လို့ပြောကြားသွားပါတယ်။

ဟယ်ရီကိန်းဟာယခုနွေရာသီတွင်စပါးစ်မှထွက်ခွာရန်ကြိုးပမ်းထားပြီးအသင်းဥက္ကဌလီဗိုင်းနှင့်လူကြီးလူကောင်းဆန်ဆန်သဘောတူညီမှုရရှိထားတယ်လို့ယူဆရပါတယ်။

တစ်ဖက်တွင်စပါးစ်ဥက္ကဌဟာဟယ်ရီကိန်းအတွက်ပေါင်သန်း၁၆၀အလိုရှိနေပြီးမန်စီးတီးကလည်းပေါင်သန်း၁၂၀သာအသုံးပြုလိုနေပါတယ်။

ZawGyi

ပါကိုဒီဖာရဲရာႏွင့္ပြဲတြင္ ကိန္းပါဝင္ရန္ မေသခ်ာေၾကာင္း စပါးစ္နည္းျပဝန္ခံ

ႏူႏိုအက္စ္ပီရီတိုဟာဝုဗ္အားအႏိုင္ရရွိတဲ့ပြဲတြင္အရန္အျဖစ္ဝင္ေရာက္ကစားခဲ့တဲ့ဟယ္ရီကိန္းအားခ်ီးက်ဴးလိုက္ပါတယ္။ဒါေပမယ့္ေပၚတူဂီလူမ်ိဳးနည္းျပကၾကာသပေတးေန႔တြင္ကစားမယ့္ပြဲတြင္ဟယ္ရီကိန္းပါဝင္ရန္မေသခ်ာေၾကာင္းဆိုသြားပါတယ္။

ဟယ္ရီကိန္းဟာဝုဗ္ႏွင့္ပြဲစဥ္ရဲ႕ပြဲခ်ိန္၇၂မိနစ္တြင္လူစားဝင္ေရာက္ကစားခဲ့ၿပီးဝုဗ္ပရိသတ္မ်ားက “သူကငါတို႔ပိုင္တဲ့ကစားသမား”လို႔ေအာ္ဟစ္ခဲ့ၾကပါတယ္။

အဆိုပါပြဲစဥ္တြင္စပါးစ္ဟာဒီလီအယ္လီရဲ႕ပင္နယ္တီဂိုးျဖင့္၁-၀ဂိုးျဖင့္စပါးစ္အႏိုင္ရရွိခဲ့ပါတယ္။

စပါးစ္ဟာလာမယ့္ၾကာသပေတးေန႔မွာယူ႐ိုပါကြန္ဖရင့္လိဂ္ပေလးေအာ့ဖ္ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ပါကိုဒီဖာရဲရာႏွင့္ရင္ဆိုင္ရပါမယ္။စပါးစ္ဟာပထမအေက်ာ့တုန္းကေပၚတူဂီမွာ၁-၀ဂိုးျဖင့္ရႈံးနိမ့္ထားပါတယ္။

ႏူႏိုက “ဒါကိုမေျဖႏိုင္ေသးပါဘူး။ေျပာဖို႔ေစာေသးတယ္။အခုကြၽန္ေတာ္တို႔အားျပန္ျပည့္လာေအာင္လုပ္ရမယ္။ပုံမွန္အတိုင္းအလုပ္လုပ္ရဦးမယ္။သူ(ကိန္း)ေကာင္းေကာင္းကစားခဲ့ပါတယ္။အသင္းကိုကူညီခဲ့တယ္။သူ႔ရဲ႕ႀကံ့ခိုင္မႈတိုးတက္ဖို႔လုပ္ေဆာင္ေနတုန္းပါ။ဒါေပမယ့္သူကကမာၻ႔အေကာင္းဆုံးကစားသမားေတြထဲကတစ္ဦးပါ”လို႔ေျပာၾကားသြားပါတယ္။

ဟယ္ရီကိန္းဟာယခုေႏြရာသီတြင္စပါးစ္မွထြက္ခြာရန္ႀကိဳးပမ္းထားၿပီးအသင္းဥကၠဌလီဗိုင္းႏွင့္လူႀကီးလူေကာင္းဆန္ဆန္သေဘာတူညီမႈရရွိထားတယ္လို႔ယူဆရပါတယ္။

တစ္ဖက္တြင္စပါးစ္ဥကၠဌဟာဟယ္ရီကိန္းအတြက္ေပါင္သန္း၁၆၀အလိုရွိေနၿပီးမန္စီးတီးကလည္းေပါင္သန္း၁၂၀သာအသုံးျပဳလိုေနပါတယ္။