ပါယက်ကို ရေဗူးဖြင့်ပေါက်ခဲ့တဲ့ ဘောလုံးပရိသတ် ထောင်ဒဏ် ၆ လချမှတ်ခံရ

ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကလိုင်ယွန်နှင့်မာဆေးလ်တို့ရဲ့လီဂူး၁ပွဲစဉ်တွင်ပါယက်ကိုရေသန့်ဗူးဖြင့်ပစ်ပေါက်ခဲ့တဲ့ဘောလုံးပရိသတ်ဟာဆိုင်းငံထောင်ဒဏ်၆လချမှတ်ခြင်းခံခဲ့ရကြောင်းသိရပါတယ်။

တနင်္ဂနွေနေ့ပွဲစဉ်တွင်ပွဲအစ၄မိနစ်တွင်ဝက်စ်ဟမ်းကွင်းလယ်ကစားသမားဟောင်းဟာထောင့်ကန်ဘောကန်ရန်ပြင်နေစဉ်ရေသန့်ဗူးဖြင့်ပစ်ပေါက်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အထက်ပါဖြစ်ရပ်ကြောင့်ပွဲကိုရပ်နားခဲ့ရပြီးနောက်ပိုင်းတွင်ဒိုင်လူကြီးကပွဲကိုဆက်မကစားဘဲရပ်ဆိုင်းရန်ဆုံးဖြတ်ခဲ့ပါတယ်။

ဒါ့အပြင်ရေသန့်ဗူးဖြင့်ပစ်ပေါက်ခဲ့တဲ့ပရိသတ်ဟာဘောလုံးပွဲကြည့်ခွင့်ပါ ငါးနှစ်ပိတ်ပင်ခြင်းခံရဖို့ရှိနေပါတယ်။

ယင်းပွဲတွင်ပါယက်ဟာထောင့်ကန်ကန်ရန်ပြင်စဉ်ပရိသတ်ရဲ့ရေသန့်ဗူးဖြင့်ခေါင်းကိုအပေါက်ခံခဲ့ရပြီးနောက်နာကျင်စွာကွင်းမြက်ခင်းသို့လဲကျသွားခဲ့ပါတယ်။ချက်ချင်းဆိုသလိုမာဆေးလ်ကစားသမားများဝိုင်းရံရောက်လာကာပါယက်ကိုအကာအကွယ်ပေးခဲ့သလိုလိုင်ယွန်ကစားသမားများကလည်းပရိသတ်များကိုတားမြစ်မှုပြုလုပ်ခဲ့ပါတယ်။

ပါယက်ဟာယခုရာသီတွင်ဒုတိယအကြိမ်မြောက်အဖြစ်ပရိသတ်ရဲ့ပစ္စည်းဖြင့်ပစ်ပေါက်ခံခဲ့ရတာဖြစ်ပါတယ်။သူဟာဩဂုတ်လတုန်းကနိုက်စ်နှင့်ပွဲတွင်လည်းနိုက်စ်ပရိသတ်ရဲ့ပစ္စည်းဖြင့်ပစ်ပေါက်ခံခဲ့ရပါတယ်။

ZawGyi

ပါယက္ကို ေရဗူးျဖင့္ေပါက္ခဲ့တဲ့ ေဘာလုံးပရိသတ္ ေထာင္ဒဏ္ ၆ လခ်မွတ္ခံရ

ၿပီးခဲ့တဲ့တနဂၤေႏြေန႔တုန္းကလိုင္ယြန္ႏွင့္မာေဆးလ္တို႔ရဲ႕လီဂူး၁ပြဲစဥ္တြင္ပါယက္ကိုေရသန႔္ဗူးျဖင့္ပစ္ေပါက္ခဲ့တဲ့ေဘာလုံးပရိသတ္ဟာဆိုင္းငံေထာင္ဒဏ္၆လခ်မွတ္ျခင္းခံခဲ့ရေၾကာင္းသိရပါတယ္။

တနဂၤေႏြေန႔ပြဲစဥ္တြင္ပြဲအစ၄မိနစ္တြင္ဝက္စ္ဟမ္းကြင္းလယ္ကစားသမားေဟာင္းဟာေထာင့္ကန္ေဘာကန္ရန္ျပင္ေနစဥ္ေရသန႔္ဗူးျဖင့္ပစ္ေပါက္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

အထက္ပါျဖစ္ရပ္ေၾကာင့္ပြဲကိုရပ္နားခဲ့ရၿပီးေနာက္ပိုင္းတြင္ဒိုင္လူႀကီးကပြဲကိုဆက္မကစားဘဲရပ္ဆိုင္းရန္ဆုံးျဖတ္ခဲ့ပါတယ္။

ဒါ့အျပင္ေရသန႔္ဗူးျဖင့္ပစ္ေပါက္ခဲ့တဲ့ပရိသတ္ဟာေဘာလုံးပြဲၾကည့္ခြင့္ပါ ငါးႏွစ္ပိတ္ပင္ျခင္းခံရဖို႔ရွိေနပါတယ္။

ယင္းပြဲတြင္ပါယက္ဟာေထာင့္ကန္ကန္ရန္ျပင္စဥ္ပရိသတ္ရဲ႕ေရသန႔္ဗူးျဖင့္ေခါင္းကိုအေပါက္ခံခဲ့ရၿပီးေနာက္နာက်င္စြာကြင္းျမက္ခင္းသို႔လဲက်သြားခဲ့ပါတယ္။ခ်က္ခ်င္းဆိုသလိုမာေဆးလ္ကစားသမားမ်ားဝိုင္းရံေရာက္လာကာပါယက္ကိုအကာအကြယ္ေပးခဲ့သလိုလိုင္ယြန္ကစားသမားမ်ားကလည္းပရိသတ္မ်ားကိုတားျမစ္မႈျပဳလုပ္ခဲ့ပါတယ္။

ပါယက္ဟာယခုရာသီတြင္ဒုတိယအႀကိမ္ေျမာက္အျဖစ္ပရိသတ္ရဲ႕ပစၥည္းျဖင့္ပစ္ေပါက္ခံခဲ့ရတာျဖစ္ပါတယ္။သူဟာဩဂုတ္လတုန္းကႏိုက္စ္ႏွင့္ပြဲတြင္လည္းႏိုက္စ္ပရိသတ္ရဲ႕ပစၥည္းျဖင့္ပစ္ေပါက္ခံခဲ့ရပါတယ္။