ပါရမီရှင်ကစားသမားအား ပရီးမီးယားလိဂ်ပြိုင်ဘက်သို့ ရောင်းချလိုက်အတွက် ကလပ်ကို ချဲလ်ဆီးပရိသတ်များဒေါသထွက်

ချဲလ်ဆီးပရိသတ်များဟာအသင်းရဲ့အကောင်းဆုံးလူငယ်ကစားသမားများထဲမှတစ်ဦးကိုပရီးမီးယားလိဂ်ကလပ်တစ်ခုထံသို့ရောင်းချလိုက်မှုအပေါ်ဒေါသထွက်နေပါတယ်။

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ဟာယခုနွေရာသီတွင်ကစားသမားများစွာခေါ်ယူရန်စီစဉ်နေပြီးရာသီသစ်အတွက်ပြင်ဆင်နေပါတယ်။

ချဲလ်ဆီးပစ်မှတ်ထားနေတဲ့ကစားသမားများထဲမှာအာလင်းဟာလန်း၊အန်တိုနီဂရက်ဇ်မန်း၊ဖီဒီရီကိုချီယေးဆာတို့လည်းပါဝင်ပါတယ်။

ချဲလ်ဆီးဟာကစားသမားသစ်ခေါ်ယူရေးအတွက်အသင်းရှိကစားသမားအချို့တို့ကိုလည်းရောင်းချကာငွေရှာမှုပြုလုပ်သွားပါမယ်။

ဒါပေမယ့်ချဲလ်ဆီးပရိသတ်များဟာအသင်းရဲ့အကောင်းဆုံးလူငယ်များထဲမှတစ်ဦးဖြစ်တဲ့မာ့ခ်ဂူဟီကိုခရစ္စတယ်ပဲလေ့စ်သို့ပေါင်သန်း၂၀ဖြင့်ရောင်းချရန်သဘောတူညီလိုက်မှုအပေါ်ဒေါသထွက်နေပါတယ်။

အသက်၂၁နှစ်ရှိမာ့ခ်ဂူဟီဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဆွမ်စီးသို့အငှားဖြင့်သွားရောက်ကစားစဉ်ခြေစွမ်းပြကစားခဲ့သူဖြစ်ပြီးခရစ္စတယ်ပဲလေ့စ်နှင့်ငါးနှစ်စာချုပ်ချုပ်ဆိုသွားပါမယ်။

ချဲလ်ဆီးအကယ်ဒမီထွက်ဂူဟီဟာ၂၀၁၉-၂၀ရာသီတုန်းကချဲလ်ဆီးစီနီယာအသင်းသို့တက်လှမ်းလာသူဖြစ်ပြီးဂရမ်စဘီတောင်းနှင့်လိဂ်ဖလားပွဲတွင်ပထမဆုံးပွဲကစားခွင့်ရခဲ့ပါတယ်။

သူဟာ၂၀၁၉-၂၀ရာသီရဲ့ရာသီဝက်မှာဆွမ်စီးတွင်အငှားဖြင့်ကစားပြီးနောက်နောက်ထပ်တစ်ရာသီအငှားဖြင့်ကစားခဲ့ပါတယ်။သူဟာဆွမ်စီးကိုပလေးအော့ဖ်ဗိုလ်လုပွဲသို့တက်ရောက်နိုင်အောင်အဓိကနေရာမှကူညီခဲ့ပါတယ်။

ယင်းသို့ကူညီခဲ့ပေမယ့်လည်းချဲလ်ဆီးဟာသူ့ကိုပြန်လိုချင်ခြင်းမရှိဘဲအပြီးသတ်ရောင်းချရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။

ဂူဟီဟာခရစ္စတယ်ပဲလေ့စ်နည်းပြသစ်ပက်ထရစ်ဗီအဲရာပထမဆုံးခေါ်ယူတဲ့ ကစားသမားဖြစ်လာပါမယ်။

ZawGyi

ပါရမီရွင္ကစားသမားအား ပရီးမီးယားလိဂ္ၿပိဳင္ဘက္သို႔ ေရာင္းခ်လိုက္အတြက္ ကလပ္ကို ခ်ဲလ္ဆီးပရိသတ္မ်ားေဒါသထြက္

ခ်ဲလ္ဆီးပရိသတ္မ်ားဟာအသင္းရဲ႕အေကာင္းဆုံးလူငယ္ကစားသမားမ်ားထဲမွတစ္ဦးကိုပရီးမီးယားလိဂ္ကလပ္တစ္ခုထံသို႔ေရာင္းခ်လိုက္မႈအေပၚေဒါသထြက္ေနပါတယ္။

ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ဟာယခုေႏြရာသီတြင္ကစားသမားမ်ားစြာေခၚယူရန္စီစဥ္ေနၿပီးရာသီသစ္အတြက္ျပင္ဆင္ေနပါတယ္။

ခ်ဲလ္ဆီးပစ္မွတ္ထားေနတဲ့ကစားသမားမ်ားထဲမွာအာလင္းဟာလန္း၊အန္တိုနီဂရက္ဇ္မန္း၊ဖီဒီရီကိုခ်ီေယးဆာတို႔လည္းပါဝင္ပါတယ္။

ခ်ဲလ္ဆီးဟာကစားသမားသစ္ေခၚယူေရးအတြက္အသင္းရွိကစားသမားအခ်ိဳ႕တို႔ကိုလည္းေရာင္းခ်ကာေငြရွာမႈျပဳလုပ္သြားပါမယ္။

ဒါေပမယ့္ခ်ဲလ္ဆီးပရိသတ္မ်ားဟာအသင္းရဲ႕အေကာင္းဆုံးလူငယ္မ်ားထဲမွတစ္ဦးျဖစ္တဲ့မာ့ခ္ဂူဟီကိုခရစၥတယ္ပဲေလ့စ္သို႔ေပါင္သန္း၂၀ျဖင့္ေရာင္းခ်ရန္သေဘာတူညီလိုက္မႈအေပၚေဒါသထြက္ေနပါတယ္။

အသက္၂၁ႏွစ္ရွိမာ့ခ္ဂူဟီဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဆြမ္စီးသို႔အငွားျဖင့္သြားေရာက္ကစားစဥ္ေျခစြမ္းျပကစားခဲ့သူျဖစ္ၿပီးခရစၥတယ္ပဲေလ့စ္ႏွင့္ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုသြားပါမယ္။

ခ်ဲလ္ဆီးအကယ္ဒမီထြက္ဂူဟီဟာ၂၀၁၉-၂၀ရာသီတုန္းကခ်ဲလ္ဆီးစီနီယာအသင္းသို႔တက္လွမ္းလာသူျဖစ္ၿပီးဂရမ္စဘီေတာင္းႏွင့္လိဂ္ဖလားပြဲတြင္ပထမဆုံးပြဲကစားခြင့္ရခဲ့ပါတယ္။

သူဟာ၂၀၁၉-၂၀ရာသီရဲ႕ရာသီဝက္မွာဆြမ္စီးတြင္အငွားျဖင့္ကစားၿပီးေနာက္ေနာက္ထပ္တစ္ရာသီအငွားျဖင့္ကစားခဲ့ပါတယ္။သူဟာဆြမ္စီးကိုပေလးေအာ့ဖ္ဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္ေအာင္အဓိကေနရာမွကူညီခဲ့ပါတယ္။

ယင္းသို႔ကူညီခဲ့ေပမယ့္လည္းခ်ဲလ္ဆီးဟာသူ႔ကိုျပန္လိုခ်င္ျခင္းမရွိဘဲအၿပီးသတ္ေရာင္းခ်ရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။

ဂူဟီဟာခရစၥတယ္ပဲေလ့စ္နည္းျပသစ္ပက္ထရစ္ဗီအဲရာပထမဆုံးေခၚယူတဲ့ ကစားသမားျဖစ္လာပါမယ္။