ပါရမီရှင်တိုက်စစ်သမားကို ဆုံးရှုံးရဖို့ ရာခိုင်နှုန်းများနေပြီဖြစ်တဲ့ ယူနိုက်တက်

အလီဂျန်ဒရိုဂါနာချိုဟာယူနိုက်တက်နှင့်စာချုပ်သစ်ချုပ်ဆိုရန်ငြင်းဆိုနေပြီးသူ့ကိုခေါ်ယူရေးအတွက်ရီးရဲလ်မက်ဒရစ်၊ဂျူဗင်တပ်တို့ရဲ့လုပ်ဆောင်မှုလည်းအရှိန်မြှင့်လာနေပါတယ်။

ဂါနာချိုဟာယခုရာသီတွင်ယူနိုက်တက်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်၁၅ပွဲကစားခွင့်ရရှိထားပြီး၂ဂိုးသွင်းကာ၅ကြိမ်ဖန်တီးထားပါတယ်။

The Independent ရဲ့ဖော်ပြချက်အရယူနိုက်တက်ဟာလက်ရှိအချိန်တွင်တစ်ပတ်လုပ်ခပေါင်၇၀၀၀သာရရှိနေတဲ့ဂါနာချိုကို တစ်ပတ်လုပ်ခပေါင်၂၀၀၀၀တန်စာချုပ်သစ်ကမ်းလှမ်းထားကြောင်းသိရပါတယ်။

ဒါပေမဲ့ဂါနာချိုရဲ့အေးဂျင့်အဖွဲ့ကယူနိုက်တက်ရဲ့ကမ်းလှမ်းမှုမှာသူတို့မျှော်မှန်းထားတာနဲ့အကိုက်ညီကြောင်းတုံ့ပြန်ကာပယ်ချထားပါတယ်။

အာဂျင်တီးနားပါရမီရှင်ကစားသမားလေးဟာအဲရစ်တန်ဟက်ရဲ့ယူနိုက်တက်အသင်းတွင်ပုံမှန်ကစားခွင့်ရရှိနေပေမဲ့လည်းယူနိုက်တက်ရဲ့လုပ်ခအနည်းဆုံးရရှိတဲ့ကစားသမားများထဲမှတစ်ဦးဖြစ်ပါတယ်။

သူ့ထက်လုပ်ခနည်းတဲ့ယူနိုက်တက်ကစားသမားအဖြစ်အီလန်ဂါသာရှိပြီးဆွီဒင်စတားလေးကတစ်ပတ်လုပ်ခပေါင်၅၅၀၀မျှသာရနေပါတယ်။

ဘာမင်ဂမ်တွင်အငှားဖြင့်သွားရောက်ကစားနေတဲ့ဟန်နာဘယ်မီဘရီမှာဂါနာချိုထက်နှစ်ဆပိုရနေပြီးပေါင်၁၃၀၀၀ရနေပါတယ်။

ဂါနာချိုဟာယူနိုက်တက်နှင့်၁၈လစာချုပ်သက်တမ်းသာကျန်တော့ပြီဖြစ်ပါတယ်။တဖက်တွင်ရီးရဲလ်မက်ဒရစ်နှင့်ဂျူဗင်တပ်တို့ကလည်းသူ့အတွက်တရားဝင်ကမ်းလှမ်းမှုတော့မပြုလုပ်ရသေးပါဘူး။

ZawGyi

ပါရမီရွင္တိုက္စစ္သမားကို ဆုံးရႈံးရဖို႔ ရာခိုင္ႏႈန္းမ်ားေနၿပီျဖစ္တဲ့ ယူႏိုက္တက္

အလီဂ်န္ဒ႐ိုဂါနာခ်ိဳဟာယူႏိုက္တက္ႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ျငင္းဆိုေနၿပီးသူ႔ကိုေခၚယူေရးအတြက္ရီးရဲလ္မက္ဒရစ္၊ဂ်ဴဗင္တပ္တို႔ရဲ႕လုပ္ေဆာင္မႈလည္းအရွိန္ျမႇင့္လာေနပါတယ္။

ဂါနာခ်ိဳဟာယခုရာသီတြင္ယူႏိုက္တက္အတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၁၅ပြဲကစားခြင့္ရရွိထားၿပီး၂ဂိုးသြင္းကာ၅ႀကိမ္ဖန္တီးထားပါတယ္။

The Independent ရဲ႕ေဖာ္ျပခ်က္အရယူႏိုက္တက္ဟာလက္ရွိအခ်ိန္တြင္တစ္ပတ္လုပ္ခေပါင္၇၀၀၀သာရရွိေနတဲ့ဂါနာခ်ိဳကို တစ္ပတ္လုပ္ခေပါင္၂၀၀၀၀တန္စာခ်ဳပ္သစ္ကမ္းလွမ္းထားေၾကာင္းသိရပါတယ္။

ဒါေပမဲ့ဂါနာခ်ိဳရဲ႕ေအးဂ်င့္အဖြဲ႕ကယူႏိုက္တက္ရဲ႕ကမ္းလွမ္းမႈမွာသူတို႔ေမွ်ာ္မွန္းထားတာနဲ႔အကိုက္ညီေၾကာင္းတုံ႔ျပန္ကာပယ္ခ်ထားပါတယ္။

အာဂ်င္တီးနားပါရမီရွင္ကစားသမားေလးဟာအဲရစ္တန္ဟက္ရဲ႕ယူႏိုက္တက္အသင္းတြင္ပုံမွန္ကစားခြင့္ရရွိေနေပမဲ့လည္းယူႏိုက္တက္ရဲ႕လုပ္ခအနည္းဆုံးရရွိတဲ့ကစားသမားမ်ားထဲမွတစ္ဦးျဖစ္ပါတယ္။

သူ႔ထက္လုပ္ခနည္းတဲ့ယူႏိုက္တက္ကစားသမားအျဖစ္အီလန္ဂါသာရွိၿပီးဆြီဒင္စတားေလးကတစ္ပတ္လုပ္ခေပါင္၅၅၀၀မွ်သာရေနပါတယ္။

ဘာမင္ဂမ္တြင္အငွားျဖင့္သြားေရာက္ကစားေနတဲ့ဟန္နာဘယ္မီဘရီမွာဂါနာခ်ိဳထက္ႏွစ္ဆပိုရေနၿပီးေပါင္၁၃၀၀၀ရေနပါတယ္။

ဂါနာခ်ိဳဟာယူႏိုက္တက္ႏွင့္၁၈လစာခ်ဳပ္သက္တမ္းသာက်န္ေတာ့ၿပီျဖစ္ပါတယ္။တဖက္တြင္ရီးရဲလ္မက္ဒရစ္ႏွင့္ဂ်ဴဗင္တပ္တို႔ကလည္းသူ႔အတြက္တရားဝင္ကမ္းလွမ္းမႈေတာ့မျပဳလုပ္ရေသးပါဘူး။