ပါရမီလူငယ်ဂါနာချိုကို စံချိန်တင်စာချုပ်ကမ်းလှမ်းလာတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာအလီဂျန်ဒရိုဂါနာချိုအားကလပ်သမိုင်းတွင်သက်တမ်းအရှည်ဆုံးစာချုပ်ကမ်းလှမ်းမှုပြုလုပ်ထားကြောင်းသိရပါတယ်။

အသက်၁၈နှစ်ရှိအာဂျင်တီးနားပါရမီရှင်ကစားသမားဟာယခုရာသီတွင်ယူနိုက်တက်ပထမအသင်းသို့တက်လှမ်းလာပြီးနောက်ခြေစွမ်းပြကစားနေသူလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းယူနိုက်တက်ဟာကလပ်ရဲ့အနာဂတ်တွင်အရေးပါတဲ့ကစားသမားဖြစ်လာဖို့သေချာသလောက်ရှိနေတဲ့ဂါနာချိုကိုအသင်းတွင်ကာလရှည်ထိန်းထားနိုင်ရန်မျော်လင့်နေကြပါတယ်။

The Mirror ကယူနိုက်တက်ဟာဂါနာချိုအား၈နှစ်သက်တမ်းရှိစာချုပ်သစ်ကမ်းလှမ်းမှုပြုလုပ်ထားကြောင်းသိရပါတယ်။

ဒါပေမဲ့ဂါနာချိုဘက်ကတော့ယူနိုက်တက်ဘက်ကစာချုပ်သစ်ကိုချုပ်ဆိုရန်မရေမရာဖြစ်နေပါတယ်။

ဂါနာချိုရဲ့လက်ရှိစာချုပ်က၂၀၂၄ခုနှစ်တွင်ကုန်ဆုံးမှာဖြစ်ပြီးအေးဂျင့်များက၄နှစ်စာချုပ်သာချုပ်ဆိုလိုကြပါတယ်။

ဒါ့အပြင်ယူနိုက်တက်ဟာဂါနာချိုကိုကလပ်သမိုင်းတွင်လုပ်ခအများဆုံးလူငယ်ကစားသမားအဖြစ်တစ်ပတ်လုပ်ခပေါင်၃၂၀၀၀ဖြင့်ကမ်းလှမ်းထားပါတယ်။ဒါပေမဲ့အေးဂျင့်ဘက်ကတစ်ပတ်လုပ်ခပေါင်၄၀၀၀၀ရရှိလိုနေပါတယ်။

ယူနိုက်တက်ဟာဂါနာချိုကို၂၀၁၆ခုနှစ်တုန်းကအက်သလက်တီကိုမက်ဒရစ်အကယ်ဒမီမှပေါင်၄၂၀၀၀၀ဖြင့်ခေါ်ယူခဲ့တာဖြစ်ပါတယ်။သူဟာယခုရာသီတွင်ယူနိုက်တက်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်၁၆ပွဲကစားထားပြီးကမ္ဘာ့ဖလားမတိုင်မီနောက်ဆုံးပွဲတွင်သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

ZawGyi

ပါရမီလူငယ္ဂါနာခ်ိဳကို စံခ်ိန္တင္စာခ်ဳပ္ကမ္းလွမ္းလာတဲ့ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္ဟာအလီဂ်န္ဒ႐ိုဂါနာခ်ိဳအားကလပ္သမိုင္းတြင္သက္တမ္းအရွည္ဆုံးစာခ်ဳပ္ကမ္းလွမ္းမႈျပဳလုပ္ထားေၾကာင္းသိရပါတယ္။

အသက္၁၈ႏွစ္ရွိအာဂ်င္တီးနားပါရမီရွင္ကစားသမားဟာယခုရာသီတြင္ယူႏိုက္တက္ပထမအသင္းသို႔တက္လွမ္းလာၿပီးေနာက္ေျခစြမ္းျပကစားေနသူလည္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္းယူႏိုက္တက္ဟာကလပ္ရဲ႕အနာဂတ္တြင္အေရးပါတဲ့ကစားသမားျဖစ္လာဖို႔ေသခ်ာသေလာက္ရွိေနတဲ့ဂါနာခ်ိဳကိုအသင္းတြင္ကာလရွည္ထိန္းထားႏိုင္ရန္ေမ်ာ္လင့္ေနၾကပါတယ္။

The Mirror ကယူႏိုက္တက္ဟာဂါနာခ်ိဳအား၈ႏွစ္သက္တမ္းရွိစာခ်ဳပ္သစ္ကမ္းလွမ္းမႈျပဳလုပ္ထားေၾကာင္းသိရပါတယ္။

ဒါေပမဲ့ဂါနာခ်ိဳဘက္ကေတာ့ယူႏိုက္တက္ဘက္ကစာခ်ဳပ္သစ္ကိုခ်ဳပ္ဆိုရန္မေရမရာျဖစ္ေနပါတယ္။

ဂါနာခ်ိဳရဲ႕လက္ရွိစာခ်ဳပ္က၂၀၂၄ခုႏွစ္တြင္ကုန္ဆုံးမွာျဖစ္ၿပီးေအးဂ်င့္မ်ားက၄ႏွစ္စာခ်ဳပ္သာခ်ဳပ္ဆိုလိုၾကပါတယ္။

ဒါ့အျပင္ယူႏိုက္တက္ဟာဂါနာခ်ိဳကိုကလပ္သမိုင္းတြင္လုပ္ခအမ်ားဆုံးလူငယ္ကစားသမားအျဖစ္တစ္ပတ္လုပ္ခေပါင္၃၂၀၀၀ျဖင့္ကမ္းလွမ္းထားပါတယ္။ဒါေပမဲ့ေအးဂ်င့္ဘက္ကတစ္ပတ္လုပ္ခေပါင္၄၀၀၀၀ရရွိလိုေနပါတယ္။

ယူႏိုက္တက္ဟာဂါနာခ်ိဳကို၂၀၁၆ခုႏွစ္တုန္းကအက္သလက္တီကိုမက္ဒရစ္အကယ္ဒမီမွေပါင္၄၂၀၀၀၀ျဖင့္ေခၚယူခဲ့တာျဖစ္ပါတယ္။သူဟာယခုရာသီတြင္ယူႏိုက္တက္အတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၁၆ပြဲကစားထားၿပီးကမာၻ႔ဖလားမတိုင္မီေနာက္ဆုံးပြဲတြင္သူ႔ရဲ႕ပထမဆုံးပရီးမီးယားလိဂ္ဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။