
ဂျာမနီဟာကာတာကမ္ဘာ့ဖလားအုပ်စုအဆင့်မှထွက်ခွာခဲ့ရမှုနှင့်အတူကမ္ဘာ့ဖလားနှစ်ကြိမ်ဆက်အဖြစ် တုန်လှုပ်ဖွယ်ထွက်ခွာလိုက်ရပြီဖြစ်ပါတယ်။
ဂျာမနီရဲ့တိုက်စစ်အားကိုပြသနိုင်ခဲ့တာကတော့ဖီဖာကOne Love အသင်းခေါင်းဆောင်လက်ပတ်ပိတ်ပင်မှုအတွက်ပါဝါပြည့်သပိတ်မှောက်ခဲ့မှုတစ်ခုသာရှိခဲ့ပါတယ်။
ဂျာမနီအသင်းကစားသမားတို့ဟာဂျာမနီနှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲမတိုင်မီတွင် ပါးစပ်ကိုလက်ဖြင့်ပိတ်ကာဖီဖာရဲ့အသင်းခေါင်းဆောင်လက်ပတ်ပိတ်ပင်မှုကိုသပိတ်မှောက်ခဲ့ပါတယ်။
ဂျာမနီအသင်းကယင်းသို့ပါးစပ်ကိုလက်ဖြင့်ပိတ်တဲ့သပိတ်မှာနိုင်ငံရေးနှင့်မသက်ဆိုင်ကြောင်းနှင့်လူ့အခွင့်အရေးအတွက်လုပ်ဆောင်ခဲ့ခြင်းမျှသာဖြစ်ကြောင်းကြေညာသွားခဲ့ပါတယ်။
ဂျာမနီအသင်းဟာအဖွင့်ပွဲဖြစ်တဲ့ဂျပန်နှင့်ပွဲတွင်ရှုံးနိမ့်ခဲ့ပြီးနောက်နိုင်ငံရေးကိုအာရုံမစိုက်ဘဲဘောလုံးအပေါ်ကိုသာအာရုံစိုက်ရန်ဝေဖန်ပြောဆိုခြင်းခံခဲ့ရပါတယ်။
ယနေ့တွင် Fox Sports ရဲ့ဖော်ပြလာမှုအရဂျာမနီကစားသမားအချို့တို့ဟာ ယင်းပါးစပ်ပိတ်သပိတ်တွင်ပါဝင်လိုခြင်းမရှိခဲ့မှုနှင့်အတူ ဂျာမနီအသင်းအဝတ်အစားလဲခန်းအတွင်းသဘောထားကွဲလွဲမှုဖြစ်ခဲ့ကြောင်းသိရပါတယ်။
ဂျာမနီဘောလုံးအဖွဲ့ချုပ်ဘောလုံးဒါရိုက်တာအိုလီဗာဘီယာဟော့ဖ်က “ဂျပန်နဲ့ပွဲမတိုင်ခင်မှာဒီလိုလုပ်ဖို့အတွက်ကစားသမားတိုင်းကသဘောတူညီခဲ့တာမဟုတ်ပါဘူး။သူတို့ကဒီလိုလုပ်မှုကအသင်းကိုထိခိုက်နစ်နာလာမှာစိုးရိမ်ခဲ့ကြတယ်”လို့ Fox Sports နှင့်အင်တာဗျူးတွင် ပြောကြားသွားပါတယ်။
ZawGyi
ါးစပ္ပိတ္သပိတ္တြင္ ကစားသမားအခ်ိဳ႕တို႔ မပါဝင္လိုမႈႏွင့္အတူ ဂ်ာမနီအဝတ္အစားလဲခန္းအတြင္း ႏွစ္ျခမ္းကြဲခဲ့
ဂ်ာမနီဟာကာတာကမာၻ႔ဖလားအုပ္စုအဆင့္မွထြက္ခြာခဲ့ရမႈႏွင့္အတူကမာၻ႔ဖလားႏွစ္ႀကိမ္ဆက္အျဖစ္ တုန္လႈပ္ဖြယ္ထြက္ခြာလိုက္ရၿပီျဖစ္ပါတယ္။
ဂ်ာမနီရဲ႕တိုက္စစ္အားကိုျပသႏိုင္ခဲ့တာကေတာ့ဖီဖာကOne Love အသင္းေခါင္းေဆာင္လက္ပတ္ပိတ္ပင္မႈအတြက္ပါဝါျပည့္သပိတ္ေမွာက္ခဲ့မႈတစ္ခုသာရွိခဲ့ပါတယ္။
ဂ်ာမနီအသင္းကစားသမားတို႔ဟာဂ်ာမနီႏွင့္ကမာၻ႔ဖလားအဖြင့္ပြဲမတိုင္မီတြင္ ပါးစပ္ကိုလက္ျဖင့္ပိတ္ကာဖီဖာရဲ႕အသင္းေခါင္းေဆာင္လက္ပတ္ပိတ္ပင္မႈကိုသပိတ္ေမွာက္ခဲ့ပါတယ္။
ဂ်ာမနီအသင္းကယင္းသို႔ပါးစပ္ကိုလက္ျဖင့္ပိတ္တဲ့သပိတ္မွာႏိုင္ငံေရးႏွင့္မသက္ဆိုင္ေၾကာင္းႏွင့္လူ႔အခြင့္အေရးအတြက္လုပ္ေဆာင္ခဲ့ျခင္းမွ်သာျဖစ္ေၾကာင္းေၾကညာသြားခဲ့ပါတယ္။
ဂ်ာမနီအသင္းဟာအဖြင့္ပြဲျဖစ္တဲ့ဂ်ပန္ႏွင့္ပြဲတြင္ရႈံးနိမ့္ခဲ့ၿပီးေနာက္ႏိုင္ငံေရးကိုအာ႐ုံမစိုက္ဘဲေဘာလုံးအေပၚကိုသာအာ႐ုံစိုက္ရန္ေဝဖန္ေျပာဆိုျခင္းခံခဲ့ရပါတယ္။
ယေန႔တြင္ Fox Sports ရဲ႕ေဖာ္ျပလာမႈအရဂ်ာမနီကစားသမားအခ်ိဳ႕တို႔ဟာ ယင္းပါးစပ္ပိတ္သပိတ္တြင္ပါဝင္လိုျခင္းမရွိခဲ့မႈႏွင့္အတူ ဂ်ာမနီအသင္းအဝတ္အစားလဲခန္းအတြင္းသေဘာထားကြဲလြဲမႈျဖစ္ခဲ့ေၾကာင္းသိရပါတယ္။
ဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္ေဘာလုံးဒါ႐ိုက္တာအိုလီဗာဘီယာေဟာ့ဖ္က “ဂ်ပန္နဲ႔ပြဲမတိုင္ခင္မွာဒီလိုလုပ္ဖို႔အတြက္ကစားသမားတိုင္းကသေဘာတူညီခဲ့တာမဟုတ္ပါဘူး။သူတို႔ကဒီလိုလုပ္မႈကအသင္းကိုထိခိုက္နစ္နာလာမွာစိုးရိမ္ခဲ့ၾကတယ္”လို႔ Fox Sports ႏွင့္အင္တာဗ်ဴးတြင္ ေျပာၾကားသြားပါတယ္။