ပါးမားတစ်သင်းလုံးကို ဗိုလ်၊ ကျား၊‌ သေနတ်ကစားနည်းဖြင့် အနိုင်ယူခဲ့တဲ့ ဂန္ထဝင်ဘူဖွန်

အီတလီနှင့်ဂျူဗင်တပ်ဂန္ထဝင်ဂျီယန်လူဂီဘူဖွန်ဟာပါးမားကစားဖော်အားလုံးကို ဗိုလ်၊ကျား၊သေနတ်( Rock,Paper,Scissors) ကစားဖြင့်အနိုင်ယူခဲ့ပြီးအကြီးအကျယ်အောင်မြင်ပွဲခံကာအသက်ကြီးပြီဖြစ်ပေမယ့်နိုင်စိတ်ဘယ်လောက်မြင့်မားနေတုန်းလဲဆိုတာပြသခဲ့ပါတယ်။

အသက်၄၃နှစ်ရှိဂိုးသမားဟာကစားသမားဘဝမီးစာကုန်ခါနီးအချိန်သို့ရောက်နေပြီဖြစ်ပေမယ့်လည်းအနိုင်ရလိုစိတ်ဘယ်လောက်ပြင်းထန်နေဆဲဆိုတာပြသသွားပါတယ်။

ဘူဖွန်ဟာပါးမားအသင်းမှကစားသမားများကို ဗိုလ်၊ကျား၊သေနတ်ကစားနည်းကစားရန် စိန်ခေါ်ခဲ့ပြီးတစ်ဦးချင်းစီအနိုင်ယူခဲ့ပါတယ်။ပါးမားမှဘယ်ကစားသမားမှဘူဖွန်ကိုအနိုင်ရအောင်မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

ဘူဖွန်ဟာတစ်ယောက်နိုင်ပြီးတိုင်းအောင်ပွဲခံခဲ့ပြီးနောက်ဆုံးကစားသမားအားအနိုင်ရပြီးချိန်မှာအကြီးအကျယ်အောင်ပွဲခံခဲ့ပါတယ်။ဟာပါးမားကစားဖော်ခြောက်ယောက်ဆက်တိုက်အနိုင်ယူခဲ့တာလည်းဖြစ်ပါတယ်။

သူ့အောင်ပွဲခံမှုကိုကြည့်ရင်၂၀၀၆ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကအီတလီနှင့်အတူချန်ပီယံဖြစ်ပြီးနောက်သူ့အောင်ပွဲခံပုံကိုသတိရသွားစေပါတယ်။

ဘူဖွန်ဟာနွေရာသီအပြောင်းအရွှေ့တုန်းကဂျူဗင်တပ်မှထွက်ခွာကာကစားသမားဘဝစတင်ခဲ့တဲ့ပါးမားသို့ပြောင်းလာခဲ့သူဖြစ်ပါတယ်။သူဟာယခုရာသီမှာပါးမားအတွက်စီးရီးဘီပွဲခြောက်ပွဲကစားထားရာမှာသုံးပွဲဂိုးမပေးထားရပါဘူး။

ZawGyi

ပါးမားတစ္သင္းလုံးကို ဗိုလ္၊ က်ား၊‌ ေသနတ္ကစားနည္းျဖင့္ အႏိုင္ယူခဲ့တဲ့ ဂႏၴဝင္ဘူဖြန္

အီတလီႏွင့္ဂ်ဴဗင္တပ္ဂႏၴဝင္ဂ်ီယန္လူဂီဘူဖြန္ဟာပါးမားကစားေဖာ္အားလုံးကို ဗိုလ္၊က်ား၊ေသနတ္( Rock,Paper,Scissors) ကစားျဖင့္အႏိုင္ယူခဲ့ၿပီးအႀကီးအက်ယ္ေအာင္ျမင္ပြဲခံကာအသက္ႀကီးၿပီျဖစ္ေပမယ့္ႏိုင္စိတ္ဘယ္ေလာက္ျမင့္မားေနတုန္းလဲဆိုတာျပသခဲ့ပါတယ္။

အသက္၄၃ႏွစ္ရွိဂိုးသမားဟာကစားသမားဘဝမီးစာကုန္ခါနီးအခ်ိန္သို႔ေရာက္ေနၿပီျဖစ္ေပမယ့္လည္းအႏိုင္ရလိုစိတ္ဘယ္ေလာက္ျပင္းထန္ေနဆဲဆိုတာျပသသြားပါတယ္။

ဘူဖြန္ဟာပါးမားအသင္းမွကစားသမားမ်ားကို ဗိုလ္၊က်ား၊ေသနတ္ကစားနည္းကစားရန္ စိန္ေခၚခဲ့ၿပီးတစ္ဦးခ်င္းစီအႏိုင္ယူခဲ့ပါတယ္။ပါးမားမွဘယ္ကစားသမားမွဘူဖြန္ကိုအႏိုင္ရေအာင္မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။

ဘူဖြန္ဟာတစ္ေယာက္ႏိုင္ၿပီးတိုင္းေအာင္ပြဲခံခဲ့ၿပီးေနာက္ဆုံးကစားသမားအားအႏိုင္ရၿပီးခ်ိန္မွာအႀကီးအက်ယ္ေအာင္ပြဲခံခဲ့ပါတယ္။သူဟာပါးမားကစားေဖာ္ေျခာက္ေယာက္ဆက္တိုက္အႏိုင္ယူခဲ့တာလည္းျဖစ္ပါတယ္။

သူ႔ေအာင္ပြဲခံမႈကိုၾကည့္ရင္၂၀၀၆ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကအီတလီႏွင့္အတူခ်န္ပီယံျဖစ္ၿပီးေနာက္သူ႔ေအာင္ပြဲခံပုံကိုသတိရသြားေစပါတယ္။

ဘူဖြန္ဟာေႏြရာသီအေျပာင္းအေ႐ႊ႕တုန္းကဂ်ဴဗင္တပ္မွထြက္ခြာကာကစားသမားဘဝစတင္ခဲ့တဲ့ပါးမားသို႔ေျပာင္းလာခဲ့သူျဖစ္ပါတယ္။သူဟာယခုရာသီမွာပါးမားအတြက္စီးရီးဘီပြဲေျခာက္ပြဲကစားထားရာမွာသုံးပြဲဂိုးမေပးထားရပါဘူး။