ပါးလ်မီးရပ်စ်မှ လူငယ်ပါရမီရှင်တိုက်စစ်သမားဗီရွန်ကို ခေါ်ယူနိုင်ရေး မန်ချက်ဒါဘီတွေ့ဆုံနေ

မန်ယူနှင့်မန်စီးတီးတို့ဟာပါးလ်မီးရပ်စ်တိုက်စစ်သမားဂါဘရီရယ်ဗီရွန်ကိုခေါ်ယူနိုင်ရေးအတွက်ထိပ်တိုက် တွေ့ဆုံလျက်ရှိကြောင်းသိရပါတယ်။

ဘာစီလိုနာကလည်းအသက်၁၈နှစ်အရွယ်ရှိဗီရွန်ကိုခေါ်ယူနိုင်ရေးကြိုးပမ်းခဲ့ဖူးပေမယ့်ငွေကြေးပြဿနာများကြောင့်မန်ချက်စတာအခြေစိုက်ကလပ်များကိုမယှဉ်နိုင်မှုနဲ့အတူနောက်ဆုတ်သွားခဲ့ပြီဖြစ်ပါတယ်။

မန်ချက်စတာအခြေစိုက်ကလပ်နှစ်ခုတို့ဟာတောင်ပံနှစ်ဖက်တွင်သာမကတိုက်စစ်မှူးအဖြစ်ပါကစားနိုင်စွမ်းရှိတဲ့ ဗီရွန်ကိုယခုဇန်နဝါရီအပြောင်းအရွှေ့တွင်ခေါ်ယူပြီးဘရာဇီးတွင်ခြောက်လအငှားချကာနွေရာသီရောက်မှခေါ်ယူရန် စီစဉ်နေပါတယ်။

လက်ရှိအချိန်မှာပါးလ်မီးရပ်စ်ကအသက်၁၈နှစ်ရှိဂါဘရီရယ်ဗီရွန်အတွက်ပြောင်းရွှေ့ကြေးပေါင်၂၈သန်းအလိုရှိနေပါတယ်။ယင်းပမာဏက၂၀၁၆ခုနှစ်တုန်းကမန်စီးတီးတို့ဂါဘီရယ်ဂျီးဆပ်စ်အတွက်ပေးခဲ့ရတဲ့ပြောင်းရွှေ့ကြေးပမာဏနှင့်အတူတူဖြစ်ပါတယ်။

ဒါပေမယ့်မန်ချက်စတာအခြေစိုက်ကလပ်များကဗီရွန်ကိုပေါင်၁၇.၅သန်းခန့်ဖြင့်ခေါ်ယူနိုင်မယ်လို့ယုံကြည်နေကြပါ တယ်။

ဗီရွန်ရဲ့လက်ရှိပါးလ်မီးရပ်စ်နှင့်စာချုပ်က၂၀၂၅ခုနှစ်အထိဖြစ်ပြီးစာချုပ်အတွင်းတွင်၎င်းကိုခေါ်ယူလိုပါကပေါင်၅၂ သန်းပေးရမယ်ဆိုတဲ့အချက်ပါဝင်ပါတယ်။

သူဟာယခုရာသီမှာပါးလ်မီးရပ်စ်အတွက်၃၄ပွဲကစားထားရာမှာ၉ဂိုးသွင်းယူပြီး၃ကြိမ်ဖန်တီးမှုပြုလုပ်ထားပါတယ်။သူဟာပြီးခဲ့တဲ့ရက်သတ္တပတ်များမှာဒဏ်ရာကြောင့်အနားယူခဲ့ရပေမယ့်စနေနေ့တွင်ဆန်းတို့စ်နှင့်ရင်ဆိုင်ကစားရ မယ့် Copa Libertadores ဗိုလ်လုပွဲမှာတော့ပါဝင်လာဖို့ရှိပါတယ်။

သူဟာတိုက်စစ်မှာနေရာစုံကစားနိုင်ပြီးမန်စီးတီးတိုက်စစ်မှူးဂျီးဆပ်စ်နှင့်ခိုင်းနှိုင်းခြင်းခံထားရသူလည်းဖြစ်ပါတယ်။သူဟာဖီဖာယူ-၁၇ကမ္ဘာ့ဖလားပြိုင်ပွဲမှာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

ZawGyi

ပါးလ္မီးရပ္စ္မွ လူငယ္ပါရမီရွင္တိုက္စစ္သမားဗီ႐ြန္ကို ေခၚယူႏိုင္ေရး မန္ခ်က္ဒါဘီေတြ႕ဆုံေန

မန္ယူႏွင့္မန္စီးတီးတို႔ဟာပါးလ္မီးရပ္စ္တိုက္စစ္သမားဂါဘရီရယ္ဗီ႐ြန္ကိုေခၚယူႏိုင္ေရးအတြက္ထိပ္တိုက္ ေတြ႕ဆုံလ်က္ရွိေၾကာင္းသိရပါတယ္။

ဘာစီလိုနာကလည္းအသက္၁၈ႏွစ္အ႐ြယ္ရွိဗီ႐ြန္ကိုေခၚယူႏိုင္ေရးႀကိဳးပမ္းခဲ့ဖူးေပမယ့္ေငြေၾကးျပႆနာမ်ားေၾကာင့္မန္ခ်က္စတာအေျခစိုက္ကလပ္မ်ားကိုမယွဥ္ႏိုင္မႈနဲ႔အတူေနာက္ဆုတ္သြားခဲ့ၿပီျဖစ္ပါတယ္။

မန္ခ်က္စတာအေျခစိုက္ကလပ္ႏွစ္ခုတို႔ဟာေတာင္ပံႏွစ္ဖက္တြင္သာမကတိုက္စစ္မႉးအျဖစ္ပါကစားႏိုင္စြမ္းရွိတဲ့ ဗီ႐ြန္ကိုယခုဇန္နဝါရီအေျပာင္းအေ႐ႊ႕တြင္ေခၚယူၿပီးဘရာဇီးတြင္ေျခာက္လအငွားခ်ကာေႏြရာသီေရာက္မွေခၚယူရန္ စီစဥ္ေနပါတယ္။

လက္ရွိအခ်ိန္မွာပါးလ္မီးရပ္စ္ကအသက္၁၈ႏွစ္ရွိဂါဘရီရယ္ဗီ႐ြန္အတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္၂၈သန္းအလိုရွိေနပါတယ္။ယင္းပမာဏက၂၀၁၆ခုႏွစ္တုန္းကမန္စီးတီးတို႔ဂါဘီရယ္ဂ်ီးဆပ္စ္အတြက္ေပးခဲ့ရတဲ့ေျပာင္းေ႐ႊ႕ေၾကးပမာဏႏွင့္အတူတူျဖစ္ပါတယ္။

ဒါေပမယ့္မန္ခ်က္စတာအေျခစိုက္ကလပ္မ်ားကဗီ႐ြန္ကိုေပါင္၁၇.၅သန္းခန႔္ျဖင့္ေခၚယူႏိုင္မယ္လို႔ယုံၾကည္ေနၾကပါ တယ္။

ဗီ႐ြန္ရဲ႕လက္ရွိပါးလ္မီးရပ္စ္ႏွင့္စာခ်ဳပ္က၂၀၂၅ခုႏွစ္အထိျဖစ္ၿပီးစာခ်ဳပ္အတြင္းတြင္၎ကိုေခၚယူလိုပါကေပါင္၅၂ သန္းေပးရမယ္ဆိုတဲ့အခ်က္ပါဝင္ပါတယ္။

သူဟာယခုရာသီမွာပါးလ္မီးရပ္စ္အတြက္၃၄ပြဲကစားထားရာမွာ၉ဂိုးသြင္းယူၿပီး၃ႀကိမ္ဖန္တီးမႈျပဳလုပ္ထားပါတယ္။သူဟာၿပီးခဲ့တဲ့ရက္သတၱပတ္မ်ားမွာဒဏ္ရာေၾကာင့္အနားယူခဲ့ရေပမယ့္စေနေန႔တြင္ဆန္းတို႔စ္ႏွင့္ရင္ဆိုင္ကစားရ မယ့္ Copa Libertadores ဗိုလ္လုပြဲမွာေတာ့ပါဝင္လာဖို႔ရွိပါတယ္။

သူဟာတိုက္စစ္မွာေနရာစုံကစားႏိုင္ၿပီးမန္စီးတီးတိုက္စစ္မႉးဂ်ီးဆပ္စ္ႏွင့္ခိုင္းႏႈိင္းျခင္းခံထားရသူလည္းျဖစ္ပါတယ္။သူဟာဖီဖာယူ-၁၇ကမာၻ႔ဖလားၿပိဳင္ပြဲမွာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။