ပိတ်ပင်မှုကြောင့် အင်္ကျီရင်ဘတ်စပွန်ဆာမရှိဘဲ ကစားနေရတဲ့ လာလီဂါအသင်း ခြောက်သင်း

လာလီဂါအသင်းခြောက်သင်းတို့ဟာအင်္ကျီရင်ဘတ်စပွန်ဆာပိတ်ပင်မှုကြောင့်ယခုရာသီအားအင်္ကျီရင်ဘတ်စပွန်ဆာမပါဘဲကစားနေရပါတယ်။

ပြီးခဲ့တဲ့နှစ်အောက်တိုဘာလတုန်းကစပိန်အစိုးရကလောင်းကစားဝက်ဘ်ဆိုက်ကြေညာစပွန်များကိုပိတ်ပင်မှုပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့်လာလီဂါအသင်းများဖြစ်ကြတဲ့ဂရန်နာဒါ၊ဆိုစီဒက်၊အလာဗက်စ်၊မာယော့ကာ၊ကာဒစ်ဇ်နှင့်လီဗန်တေးတို့ဟာ၎င်းတို့နှင့်လက်တွဲနေတဲ့လောင်းကစားဝက်ဘ်ဆိုက်ကြော်ငြာများနှင့်လမ်းခွဲခဲ့ရပါတယ်။

ဒါ့အပြင်၎င်းတို့ဟာလောင်းကစားဝက်ဘ်ဆိုက်ကြော်ငြာများတွင်အစားထိုးနိုင်မယ့်ကြော်ငြာရှာဖွေမတွေ့မရှိမှုနဲ့အတူစပွန်ဆာမဲ့ဖြစ်နေပြီးဝင်ငွေလည်းဆုံးရှုံးနေရပါတယ်။

ဥရောပကလပ်များအပါအဝင်တစ်ကမ္ဘာလုံးဘောလုံးကလပ်များဟာကိုဗစ်ကြောင့်ဘဏ္ဍာရေးပြဿနာများရင်ဆိုင်နေချိန်တွင်ယင်းကဲ့သို့ဥပဒေကြောင့်အင်္ကျီရင်ဘတ်စပွန်ဆာဆုံးရှုံးရကာစပွန်ဆာလက်မဲ့ဖြစ်ကများစွာထိခိုက်စေလျက်ရှိနေပါတယ်။

ပရီးမီးယားလိဂ်ဟာလည်း၂၀၂၃ခုနှစ်နောက်ပိုင်းတွင်လောင်းကစားဝက်ဘ်ဆိုက်ကြော်ငြာများကိုအင်္ကျီရင်ဘတ်စပွန်ဆာအဖြစ်မသုံးပြုရန်အတွက်ဗြိတိန်အစိုးရနှင့်ဆွေးနွေးမှုများပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကပရီးမီးယားလိဂ်တွင်ဘန်လေ၊ခရစ္စတယ်ပဲလေ့စ်၊ဖူလ်ဟမ်၊လိဒ်၊နယူးကာဆယ်၊ဝက်စ်ဟမ်းနှင့်ဝုဗ်တို့ဟာလောင်းကစားဝက်ဘ်ဆိုက်ကြော်ငြာများအသုံးပြုခဲ့ကြပါတယ်။

ZawGyi

ပိတ္ပင္မႈေၾကာင့္ အက်ႌရင္ဘတ္စပြန္ဆာမရွိဘဲ ကစားေနရတဲ့ လာလီဂါအသင္း ေျခာက္သင္း

လာလီဂါအသင္းေျခာက္သင္းတို႔ဟာအက်ႌရင္ဘတ္စပြန္ဆာပိတ္ပင္မႈေၾကာင့္ယခုရာသီအားအက်ႌရင္ဘတ္စပြန္ဆာမပါဘဲကစားေနရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေအာက္တိုဘာလတုန္းကစပိန္အစိုးရကေလာင္းကစားဝက္ဘ္ဆိုက္ေၾကညာစပြန္မ်ားကိုပိတ္ပင္မႈျပဳလုပ္ခဲ့ပါတယ္။

ဒါေၾကာင့္လာလီဂါအသင္းမ်ားျဖစ္ၾကတဲ့ဂရန္နာဒါ၊ဆိုစီဒက္၊အလာဗက္စ္၊မာေယာ့ကာ၊ကာဒစ္ဇ္ႏွင့္လီဗန္ေတးတို႔ဟာ၎တို႔ႏွင့္လက္တြဲေနတဲ့ေလာင္းကစားဝက္ဘ္ဆိုက္ေၾကာ္ျငာမ်ားႏွင့္လမ္းခြဲခဲ့ရပါတယ္။

ဒါ့အျပင္၎တို႔ဟာေလာင္းကစားဝက္ဘ္ဆိုက္ေၾကာ္ျငာမ်ားတြင္အစားထိုးႏိုင္မယ့္ေၾကာ္ျငာရွာေဖြမေတြ႕မရွိမႈနဲ႔အတူစပြန္ဆာမဲ့ျဖစ္ေနၿပီးဝင္ေငြလည္းဆုံးရႈံးေနရပါတယ္။

ဥေရာပကလပ္မ်ားအပါအဝင္တစ္ကမာၻလုံးေဘာလုံးကလပ္မ်ားဟာကိုဗစ္ေၾကာင့္ဘ႑ာေရးျပႆနာမ်ားရင္ဆိုင္ေနခ်ိန္တြင္ယင္းကဲ့သို႔ဥပေဒေၾကာင့္အက်ႌရင္ဘတ္စပြန္ဆာဆုံးရႈံးရကာစပြန္ဆာလက္မဲ့ျဖစ္ကမ်ားစြာထိခိုက္ေစလ်က္ရွိေနပါတယ္။

ပရီးမီးယားလိဂ္ဟာလည္း၂၀၂၃ခုႏွစ္ေနာက္ပိုင္းတြင္ေလာင္းကစားဝက္ဘ္ဆိုက္ေၾကာ္ျငာမ်ားကိုအက်ႌရင္ဘတ္စပြန္ဆာအျဖစ္မသုံးျပဳရန္အတြက္ၿဗိတိန္အစိုးရႏွင့္ေဆြးေႏြးမႈမ်ားျပဳလုပ္ေနပါတယ္။

ၿပီးခဲ့တဲ့ရာသီတုန္းကပရီးမီးယားလိဂ္တြင္ဘန္ေလ၊ခရစၥတယ္ပဲေလ့စ္၊ဖူလ္ဟမ္၊လိဒ္၊နယူးကာဆယ္၊ဝက္စ္ဟမ္းႏွင့္ဝုဗ္တို႔ဟာေလာင္းကစားဝက္ဘ္ဆိုက္ေၾကာ္ျငာမ်ားအသုံးျပဳခဲ့ၾကပါတယ္။