ပိုချက်တီနိုရဲ့အငြင်းပွားဖွယ် လူစားလဲခံခဲ့ရပြီးနောက် ဆေးကုသဆောင်မှု တနေကုန်ခဲ့တဲ့ မက်ဆီ

လီယွန်နယ်မက်ဆီဟာပီအက်စ်ဂျီရဲ့နောက်ဆုံးပြင်သစ်လီဂူး၁ပွဲစဉ်တွင်လူစားလဲခြင်းခံခဲ့ရမှုကြောင့်အကြီးအကျယ်ဒေါသထွက်ခဲ့ပြီးနောက်တနင်္လာနေ့တုန်းကပီအက်စ်ဂျီဆေးကုသမှုဆောင်မှုတစ်နေကုန် ဆေးကုသမှုခံယူခဲ့ရကြောင်းသိရပါတယ်။

ပီအက်စ်ဂျီနည်းပြပိုချက်တီနိုဟာတနင်္ဂနွေနေ့တုန်းကလိုင်ယွန်နှင့်ပွဲစဉ်တွင်လီယွန်နယ်မက်ဆီအားဒဏ်ရာမရရှိစေရန်ကြိုတင်ကာကွယ်တဲ့အနေဖြင့်လူစားလဲလှယ်မှုပြုလုပ်ခဲ့ပါတယ်။

မက်ဆီဟာလူစားလဲခြင်းခံရမှုအပေါ်ဒေါသထွက်ကာပိုချက်တီနိုကလက်ဆွဲနှုတ်ဆက်ရန်လက်ကမ်းလှမ်းမှုကိုငြင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် RMC ရဲ့ဖော်ပြချက်အရမက်ဆီဟာနောက်တစ်နေ့တွင်ဒူးဒဏ်ရာရရှိထားကြောင်းတွေ့ရှိခဲ့ရပြီးထော့နင်းထော့နင်းဖြစ်နေခဲ့ကြောင်းသိရပါတယ်။

သူဟာဗုဒ္ဓဟူးနေ့မှာမက်ဇ်နှင့်ရင်ဆိုင်ကစားရမယ့်အဝေးကွင်းပွဲစဉ်မှာပါဝင်ကစားဖို့မရေမရာဖြစ်နေပါတယ်။

မက်ဆီဟာပီအက်စ်ဂျီအတွက်သုံးပွဲကစားထားရာမှာတစ်ဂိုးမျှမသွင်းနိုင်မှုကြောင့်စိတ်ပျက်နေချိန်တွင်လူစားလဲခြင်းခံရမှုကြောင့်ဒေါသထွက်ခဲ့တာလို့ယူဆရပါတယ်။

ZawGyi






