ပိုင်ဆိုင်မှုများ အသိမ်းခံရမယ့် အရေးနှင့် ကြုံရမှုနဲ့အတူ ချဲလ်ဆီးကို ရောင်းချလာတော့မယ့် အေဘရာမိုဗစ်

ရုရှားဘီလျှံနာ ရိုမန်အေဘရာမိုဗစ်ဟာ အာဏာပိုင်များက ဆန်ရှင်ကြောင့် သူ့ပိုင်ဆိုင်များကို သိမ်းလာနိုင်တဲ့ အခြေအနေတွင် ရှိနေမှုနဲ့အတူ ချဲလ်ဆီးကို အရောင်းစာရင်းတင်လာပြီ ဖြစ်ပါတယ်။

အသက် ၅၅ နှစ်ရှိ အေဘရာမိုဗစ်ဟာ ချဲလ်ဆီးကို ပေါင် ၃ ဘီလီယံဖြင့် ရောင်းချသွားမှာ ဖြစ်ပြီး ရောင်းချမှုမှ အကျိုးအမြတ် တစုံတရာကိုမှ ခံစားသွားမှာ မဟုတ်ပါဘူး။ သူဟာ ချဲလ်ဆီးကို ရောင်းချမှုမှ ရရှိတဲ့အကျိုးအမြတ်များကို ယူကရိန်းပြည်သူများအတွက် လှူဒါန်းသွားပါမယ်။

အေဘရာမိုဗစ်ဟာ ချဲလ်ဆီးကို ၁၉ နှစ်ကြာ ပိုင်ဆိုင်လာခဲ့စဉ်အတွင်း ဆုဖလား ၁၉ လုံးရရှိအောင် ဦးဆောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ ချဲလ်ဆီးထံမှ ရရန် ရှိနေတဲ့ ပေါင် ၁.၅ ဘီလီယံကိုလည်း ပြန်လည် ရယူသွားမှာ မဟုတ်ပါဘူး။

ရိုမန်အေဘရာမိုဗစ်ဟာ သူ့နိုင်ငံက ယူကရိန်းကို အနိုင်ကျင့်ကျူးကျော်မှုကြောင့် အာဏာပိုင်တို့ရဲ့ ဆန်ရှင်ထိလာနိုင်မှုနဲ့ သူပိုင် ချဲလ်ဆီးကို အလျှင်စလို ရောင်းချရန် ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်က ချဲလ်ဆီးကို ရောင်းချရန် အေဘရာမိုဗစ် ဆုံးဖြတ်လိုက်မှုမှာ သူ့အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ကစားသမားများအပေါ် တစုံတရာမထိခိုက်လာရန် မျှော်လင့်ကြောင်း ဆိုသွားပါတယ်။

ချဲလ်ဆီးအသင်းကိုဝယ်ယူရန် စိတ်ဝင်ဝင်စားနေတဲ့ ဘီလျှံနာများစွာ ရှိနေပါတယ်။ ယင်းအထဲတွင် ဗြိတိန်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဟောင်းဆာဂျမ်ရက်ကလစ်ဖ်လည်း ပါဝင်ပါတယ်။ ချဲလ်ဆီးကို ဝယ်ယူရန် ပေါင်၆.၃၃ ဘီလျှံကြွယ်ဝချမ်းသာတဲ့ ရက်ကလစ်ဖ်အပြင်၊ တုဒ်ဘိုလီ၊ဟန်ဂျော့ဝိုက်စ်၊စတီဖင်ရို့စ်တို့ပါဝင်ပါတယ်။

ZawGyi

ပိုင္ဆိုင္မႈမ်ား အသိမ္းခံရမယ့္ အေရးႏွင့္ ႀကဳံရမႈနဲ႔အတူ ခ်ဲလ္ဆီးကို ေရာင္းခ်လာေတာ့မယ့္ ေအဘရာမိုဗစ္

႐ုရွားဘီလွ်ံနာ ႐ိုမန္ေအဘရာမိုဗစ္ဟာ အာဏာပိုင္မ်ားက ဆန္ရွင္ေၾကာင့္ သူ႔ပိုင္ဆိုင္မ်ားကို သိမ္းလာႏိုင္တဲ့ အေျခအေနတြင္ ရွိေနမႈနဲ႔အတူ ခ်ဲလ္ဆီးကို အေရာင္းစာရင္းတင္လာၿပီ ျဖစ္ပါတယ္။

အသက္ ၅၅ ႏွစ္ရွိ ေအဘရာမိုဗစ္ဟာ ခ်ဲလ္ဆီးကို ေပါင္ ၃ ဘီလီယံျဖင့္ ေရာင္းခ်သြားမွာ ျဖစ္ၿပီး ေရာင္းခ်မႈမွ အက်ိဳးအျမတ္ တစုံတရာကိုမွ ခံစားသြားမွာ မဟုတ္ပါဘူး။ သူဟာ ခ်ဲလ္ဆီးကို ေရာင္းခ်မႈမွ ရရွိတဲ့အက်ိဳးအျမတ္မ်ားကို ယူကရိန္းျပည္သူမ်ားအတြက္ လႉဒါန္းသြားပါမယ္။

ေအဘရာမိုဗစ္ဟာ ခ်ဲလ္ဆီးကို ၁၉ ႏွစ္ၾကာ ပိုင္ဆိုင္လာခဲ့စဥ္အတြင္း ဆုဖလား ၁၉ လုံးရရွိေအာင္ ဦးေဆာင္ႏိုင္ခဲ့သူလည္း ျဖစ္ပါတယ္။

သူဟာ ခ်ဲလ္ဆီးထံမွ ရရန္ ရွိေနတဲ့ ေပါင္ ၁.၅ ဘီလီယံကိုလည္း ျပန္လည္ ရယူသြားမွာ မဟုတ္ပါဘူး။

႐ိုမန္ေအဘရာမိုဗစ္ဟာ သူ႔ႏိုင္ငံက ယူကရိန္းကို အႏိုင္က်င့္က်ဴးေက်ာ္မႈေၾကာင့္ အာဏာပိုင္တို႔ရဲ႕ ဆန္ရွင္ထိလာႏိုင္မႈနဲ႔ သူပိုင္ ခ်ဲလ္ဆီးကို အလွ်င္စလို ေရာင္းခ်ရန္ ဆုံးျဖတ္လိုက္တာလည္း ျဖစ္ပါတယ္။

ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္က ခ်ဲလ္ဆီးကို ေရာင္းခ်ရန္ ေအဘရာမိုဗစ္ ဆုံးျဖတ္လိုက္မႈမွာ သူ႔အတြက္ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ျဖစ္ၿပီး ကစားသမားမ်ားအေပၚ တစုံတရာမထိခိုက္လာရန္ ေမွ်ာ္လင့္ေၾကာင္း ဆိုသြားပါတယ္။

ခ်ဲလ္ဆီးအသင္းကိုဝယ္ယူရန္ စိတ္ဝင္ဝင္စားေနတဲ့ ဘီလွ်ံနာမ်ားစြာ ရွိေနပါတယ္။ ယင္းအထဲတြင္ ၿဗိတိန္ရဲ႕အခ်မ္းသာဆုံးပုဂၢိဳလ္ေဟာင္းဆာဂ်မ္ရက္ကလစ္ဖ္လည္း ပါဝင္ပါတယ္။ ခ်ဲလ္ဆီးကို ဝယ္ယူရန္ ေပါင္၆.၃၃ ဘီလွ်ံႂကြယ္ဝခ်မ္းသာတဲ့ ရက္ကလစ္ဖ္အျပင္၊ တုဒ္ဘိုလီ၊ဟန္ေဂ်ာ့ဝိုက္စ္၊စတီဖင္႐ို႕စ္တို႔ပါဝင္ပါတယ္။