ပိုင်ရှင်သစ်တို့ရဲ့အာရုံစိုက်မှု နည်းပါးမှုကြောင့် နယူးကာဆယ်နည်းပြရာထူးကို အမ်မရီပယ်ချသွားမည်

နယူးကာဆယ်ဟာအသင်းကိုကိုင်တွယ်ရန်အူနိုင်းအမ်မရီသာငြင်းပယ်လာပါကနည်းပြသစ်ခန့်အပ်ရေးအတွက်အလွန်ခက်ခဲလာတဲ့အနေအထားမှာရှိလာတော့မှာဖြစ်ပါတယ်။စပိန်ဘောလုံးဝေဖန်ရေးသမားဂူလမ်ဘာလာဂူကဗီလာရီးရဲလ်နည်းပြမှာနယူးကာဆယ်အသင်းပိုင်ရှင်တို့ရဲ့အသင်းအပေါ်အာရုံစိုက်မှုနည်းပါးမှုကြောင့် နယူးကာဆယ်နည်းပြရာထူးကိုပယ်ချသွားမည်ဖြစ်ကြောင်း ဖွင့်ချလာပါတယ်။

အသက်၅၀နှစ်ရှိအာဆင်နယ်နည်းပြဟောင်းဟာနယူးကာဆယ်ရဲ့ဆော်ဒီပိုင်ရှင်သစ်များရဲ့နံပါတ်တစ်ပစ်မှတ်နည်းပြဖြစ်ပြီးယခုအပတ်ဘရိုက်တန်နှင့်ပွဲမတိုင်မီခန့်အပ်နိုင်ရန်မျှော်လင့်ခြင်းခံထားရသူဖြစ်ပါတယ်။

ဒါပေမယ့်စပိန်သတင်းထောက်ဘာလာဂူကအမ်မရီမှာနယူးကာဆယ်နည်းပြရာထူးကိုငြင်းပယ်ကာဗီလာရီးရဲလ်ကိုသာဆက်လက်ကိုင်တွယ်သွားလိမ့်မယ်လို့ပြောကြားလာပါတယ်။

၎င်းက “ကလပ်ဘက်ရှင်းလင်းပြတ်သားတဲ့လမ်းစဉ်မရှိပါဘူး။သူ့ကိုအလိုရှိတယ်ပြီးအလျှင်အမြန်ချဉ်းကပ်တယ်။ဒါပေမယ့်တရားဝင်ကမ်းလှမ်းမှုမရှိပါဘူး။ဒီလိုလုပ်ရုံနဲ့ပြီးသွားရောလား။ဒီရာသီမှာဖြစ်လာမယ်လို့မထင်ဘူး။ကလပ်ရဲ့တည်ဆောက်ပုံနဲ့ရှေ့လမ်းစဉ်ရှင်းလင်းလာမယ့်လာမယ့်နှစ်မှာဆိုရင်တော့ဖြစ်လာနိုင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်အူနိုင်းအမ်မရီကိုသူငယ်ချင်းများ၊မိသားစုဝင်များနှင့်ကစားသမားများကလည်းဗီလာရီးရဲလ်ကိုသာဆက်လက်ကိုင်တွယ်ရန်တိုက်တွန်းလျက်ရှိနေကြောင်းသိရပါတယ်။

မနေ့ညတုန်းကယန်းဘွိုင်းကိုဗီလာရီးရဲလ်ကအနိုင်ရရှိတဲ့ပွဲအပြီးတွင်အူနိုင်းအမ်မရီကနယူးကာဆယ်ရဲ့ချဉ်းကပ်မှုရရှိထားသောလည်းတရားဝင်ကမ်းလှမ်းမှုမရထားသေးကြောင်းနှင့်ကလပ်တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးကာအနာဂတ်ကိုဆွေးနွေးသွားမယ်လို့ဆိုထားပါတယ်။

ZawGyi

ပိုင္ရွင္သစ္တို႔ရဲ႕အာ႐ုံစိုက္မႈ နည္းပါးမႈေၾကာင့္ နယူးကာဆယ္နည္းျပရာထူးကို အမ္မရီပယ္ခ်သြားမည္

နယူးကာဆယ္ဟာအသင္းကိုကိုင္တြယ္ရန္အူႏိုင္းအမ္မရီသာျငင္းပယ္လာပါကနည္းျပသစ္ခန႔္အပ္ေရးအတြက္အလြန္ခက္ခဲလာတဲ့အေနအထားမွာရွိလာေတာ့မွာျဖစ္ပါတယ္။စပိန္ေဘာလုံးေဝဖန္ေရးသမားဂူလမ္ဘာလာဂူကဗီလာရီးရဲလ္နည္းျပမွာနယူးကာဆယ္အသင္းပိုင္ရွင္တို႔ရဲ႕အသင္းအေပၚအာ႐ုံစိုက္မႈနည္းပါးမႈေၾကာင့္ နယူးကာဆယ္နည္းျပရာထူးကိုပယ္ခ်သြားမည္ျဖစ္ေၾကာင္း ဖြင့္ခ်လာပါတယ္။

အသက္၅၀ႏွစ္ရွိအာဆင္နယ္နည္းျပေဟာင္းဟာနယူးကာဆယ္ရဲ႕ေဆာ္ဒီပိုင္ရွင္သစ္မ်ားရဲ႕နံပါတ္တစ္ပစ္မွတ္နည္းျပျဖစ္ၿပီးယခုအပတ္ဘ႐ိုက္တန္ႏွင့္ပြဲမတိုင္မီခန႔္အပ္ႏိုင္ရန္ေမွ်ာ္လင့္ျခင္းခံထားရသူျဖစ္ပါတယ္။

ဒါေပမယ့္စပိန္သတင္းေထာက္ဘာလာဂူကအမ္မရီမွာနယူးကာဆယ္နည္းျပရာထူးကိုျငင္းပယ္ကာဗီလာရီးရဲလ္ကိုသာဆက္လက္ကိုင္တြယ္သြားလိမ့္မယ္လို႔ေျပာၾကားလာပါတယ္။

၎က “ကလပ္ဘက္ရွင္းလင္းျပတ္သားတဲ့လမ္းစဥ္မရွိပါဘူး။သူ႔ကိုအလိုရွိတယ္ၿပီးအလွ်င္အျမန္ခ်ဥ္းကပ္တယ္။ဒါေပမယ့္တရားဝင္ကမ္းလွမ္းမႈမရွိပါဘူး။ဒီလိုလုပ္႐ုံနဲ႔ၿပီးသြားေရာလား။ဒီရာသီမွာျဖစ္လာမယ္လို႔မထင္ဘူး။ကလပ္ရဲ႕တည္ေဆာက္ပုံနဲ႔ေရွ႕လမ္းစဥ္ရွင္းလင္းလာမယ့္လာမယ့္ႏွစ္မွာဆိုရင္ေတာ့ျဖစ္လာႏိုင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္အူႏိုင္းအမ္မရီကိုသူငယ္ခ်င္းမ်ား၊မိသားစုဝင္မ်ားႏွင့္ကစားသမားမ်ားကလည္းဗီလာရီးရဲလ္ကိုသာဆက္လက္ကိုင္တြယ္ရန္တိုက္တြန္းလ်က္ရွိေနေၾကာင္းသိရပါတယ္။

မေန႔ညတုန္းကယန္းဘြိဳင္းကိုဗီလာရီးရဲလ္ကအႏိုင္ရရွိတဲ့ပြဲအၿပီးတြင္အူႏိုင္းအမ္မရီကနယူးကာဆယ္ရဲ႕ခ်ဥ္းကပ္မႈရရွိထားေသာလည္းတရားဝင္ကမ္းလွမ္းမႈမရထားေသးေၾကာင္းႏွင့္ကလပ္တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးကာအနာဂတ္ကိုေဆြးေႏြးသြားမယ္လို႔ဆိုထားပါတယ္။