
လီဗာပူးနည်းပြဂျာဂင်ကလော့ပ်က ပိုင်ရှင်အပြောင်းအလဲဖြစ်လာဖို့ရှိနေပေမဲ့လည်းလီဗာပူးတွင်ပင်ဆက်ရှိနေမည်ဖြစ်ကြောင်းအတည်ပြုလာပါတယ်။
Fenway Sports Group ဟာတနင်္လာနေ့တုန်းကလီဗာပူးကိုအရောင်းစာရင်းတင်ကာ သင့်တော်တဲ့ပိုင်ရှင်သစ်လက်ထဲသို့လွဲပြောင်းပေးလာတော့မှာလည်းဖြစ်ပါတယ်။
ယင်းသို့ပိုင်ရှင်အပြောင်းအလဲဖြစ်လာတော့မှာဖြစ်လို့ အန်ဖီးလ်အတွင်းမတည်ငြိမ်မှုဖြစ်လာပြီးကလော့ပ်အနာဂတ်နှင့်ပတ်သက်ပြီးတော့လည်းမေးခွန်းထုတ်နေကြပါတယ်။
ဒါပေမဲ့မနေ့ညတုန်းကဒါဘီကောင်တီကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်ခါရာဘောင်ဖလားနိုင်ပွဲရရှိပြီးချိန်မှာတော့ကလော့ပ်က “ရင်းနှီးမြှပ်နှံမှုအသစ်ရှာနေတယ်လို့ဖတ်လိုက်ရပါတယ်။စိတ်ကူးကောင်းပါ။ကျွန်တော်ကြိုက်တယ်။ဒါပေမဲ့ပွဲအတွက်ပြင်ဆင်မှုကိုဘာမှမထိခိုက်ပါဘူး။ကစားသမားတွေကလည်းကျွန်တော့်ကိုဘာမှမမေးကြပါဘူး။ကျွန်တော့်အတွက်လည်းဘာမှမဖြစ်ပါဘူး။ကျွန်တော့်မှာ FSG နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်။တကယ်လို့အပြောင်းအလဲဖြစ်လာရင်လည်းဒီမှာပဲဆက်ရှိနေပါမယ်။ဒီကလူတွေနဲ့ဘာမှမဆိုင်ပါဘူး”လို့ပြောကြားသွားပါတယ်။
ZawGyi
ပိုင္ရွင္အေျပာင္းအလဲျဖစ္လာႏိုင္ေပမဲ့ လီဗာပူးတြင္ ဆက္ရွိေနမည္ဟု ကေလာ့ပ္အတည္ျပဳလာ
လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္က ပိုင္ရွင္အေျပာင္းအလဲျဖစ္လာဖို႔ရွိေနေပမဲ့လည္းလီဗာပူးတြင္ပင္ဆက္ရွိေနမည္ျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။
Fenway Sports Group ဟာတနလၤာေန႔တုန္းကလီဗာပူးကိုအေရာင္းစာရင္းတင္ကာ သင့္ေတာ္တဲ့ပိုင္ရွင္သစ္လက္ထဲသို႔လြဲေျပာင္းေပးလာေတာ့မွာလည္းျဖစ္ပါတယ္။
ယင္းသို႔ပိုင္ရွင္အေျပာင္းအလဲျဖစ္လာေတာ့မွာျဖစ္လို႔ အန္ဖီးလ္အတြင္းမတည္ၿငိမ္မႈျဖစ္လာၿပီးကေလာ့ပ္အနာဂတ္ႏွင့္ပတ္သက္ၿပီးေတာ့လည္းေမးခြန္းထုတ္ေနၾကပါတယ္။
ဒါေပမဲ့မေန႔ညတုန္းကဒါဘီေကာင္တီကိုပင္နယ္တီအဆုံးအျဖတ္ျဖင့္ခါရာေဘာင္ဖလားႏိုင္ပြဲရရွိၿပီးခ်ိန္မွာေတာ့ကေလာ့ပ္က “ရင္းႏွီးျမႇပ္ႏွံမႈအသစ္ရွာေနတယ္လို႔ဖတ္လိုက္ရပါတယ္။စိတ္ကူးေကာင္းပါ။ကြၽန္ေတာ္ႀကိဳက္တယ္။ဒါေပမဲ့ပြဲအတြက္ျပင္ဆင္မႈကိုဘာမွမထိခိုက္ပါဘူး။ကစားသမားေတြကလည္းကြၽန္ေတာ့္ကိုဘာမွမေမးၾကပါဘူး။ကြၽန္ေတာ့္အတြက္လည္းဘာမွမျဖစ္ပါဘူး။ကြၽန္ေတာ့္မွာ FSG နဲ႔ေကာင္းမြန္တဲ့ဆက္ဆံေရးရွိတယ္။တကယ္လို႔အေျပာင္းအလဲျဖစ္လာရင္လည္းဒီမွာပဲဆက္ရွိေနပါမယ္။ဒီကလူေတြနဲ႔ဘာမွမဆိုင္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။