ပိုလန်ကို ဘိုင်ပေးပြီး ယူကရိန်းပလေးအော့ဖ်ကို ရွှေ့ဆိုင်းလိုက်တဲ့ ဖီဖာ

ရုရှားရဲ့ကျူးကျော်စစ်ဆင်နွဲခံရမှုကြောင့် ယူကရိန်းရဲ့ပြည်တွင်းလိဂ်ပွဲစဉ်များ ရပ်နားထားရမှုနဲ့အတူ ဖီဖာဟာယူကရိန်းရဲ့တောင်းဆိုမှုကြောင့်စကော့တလန်နှင့်ရင်ဆိုင်ကစားရမယ့် ကမ္ဘာ့ဖလားပလေးအော့ဖ်ဆီမီးဖိုင်နယ်ပွဲစဉ်ကို ရွှေ့ဆိုင်းပေးလိုက်ပါတယ်။

ဒါ့အပြင်ဖီဖာဟာရုရှားကိုကမ္ဘာ့ဖလားပလေးအော့ဖ်ဆီမီးဖိုင်နယ်မှထုတ်ပယ်ပြီးပိုလန်ကိုဘိုင်ဖြင့်ဗိုလ်လုပွဲသို့တက်ခွင့်ပေးလိုက်ပါတယ်။ရုရှားဟာမတ်လ၂၄ရက်နေ့မှာပိုလန်နှင့်ကမ္ဘာ့ဖလားပလေးအော့ဖ်ဆီမီးကစားရမှာဖြစ်ပေမဲ့ ယူကရိန်းကျူးကျော်စစ်ကြောင့်ပိုလန်၊ဆွီဒင်၊ချက်တို့ကရုရှားနှင့်ပွဲကစားရန်ငြင်းဆိုမှုနဲ့အတူဖီဖာဟာရွေးချယ်စရာမရှိဘဲရုရှားကိုထုတ်ပယ်လိုက်ရပါတယ်။

ရုရှားဟာဖီဖာက၎င်းတို့အားကမ္ဘာ့ဖလားပလေးအော့ဖ်ဆီမီးမှထုတ်ပယ်လိုက်မှုအပေါ် မကျေမနပ်ဖြစ်နေပြီးအားကစားသမာဓိခုံရုံးသို့အယူခံဝင်ထားပါတယ်။

ဖီဖာဟာစကော့တလန်နှင့်ယူကရိန်းတို့ရဲ့ကမ္ဘာ့ဖလားပလေးအော့ဖ်ပွဲစဉ်ကို ဇွန်လတွင်ကစားရန်စီစဉ်ထားပါတယ်။

ယူကရိန်းပြည်တွင်းလိဂ်ပွဲစဉ်များကိုဖေဖော်ဝါရီလ၂၄ရက်နေ့တုန်းကရုရှားကကျူးကျော်စစ်ဆင်နွဲပြီးနောက်ရပ်ဆိုင်းထားရပါတယ်။ယင်းသို့အနေအထားများကြောင့်ယူကရိန်းအသင်းအနေဖြင့်စုစည်းရန်ခက်ခဲနေတဲ့အပြင်ခရီးသွားလာရေး၊လေ့ကျင့်ရေးတို့အတွက်ပြုလုပ်ရန်အလွန်ခက်ခဲနေမှုနဲ့အတူစကော့တလန်နှင့်ပလေးအော့ဖ်ပွဲကိုရွှေ့ဆိုင်းလိုက်တာပါ။

ဖီဖာကယူကရိန်းနှင့်စကော့တလန်ပွဲကိုရွှေ့ဆိုင်းလိုက်မှုနဲ့အတူ ဧပြီလ၁ရက်နေ့ကာတာတွင်ကမ္ဘာ့ဖလားအုပ်စုမဲခွဲရန်စီစဉ်ထားမှုမှာလည်းမရေမရာဖြစ်လာပါတယ်။

ZawGyi

ပိုလန္ကို ဘိုင္ေပးၿပီး ယူကရိန္းပေလးေအာ့ဖ္ကို ေ႐ႊ႕ဆိုင္းလိုက္တဲ့ ဖီဖာ

႐ုရွားရဲ႕က်ဴးေက်ာ္စစ္ဆင္ႏြဲခံရမႈေၾကာင့္ ယူကရိန္းရဲ႕ျပည္တြင္းလိဂ္ပြဲစဥ္မ်ား ရပ္နားထားရမႈနဲ႔အတူ ဖီဖာဟာယူကရိန္းရဲ႕ေတာင္းဆိုမႈေၾကာင့္စေကာ့တလန္ႏွင့္ရင္ဆိုင္ကစားရမယ့္ ကမာၻ႔ဖလားပေလးေအာ့ဖ္ဆီမီးဖိုင္နယ္ပြဲစဥ္ကို ေ႐ႊ႕ဆိုင္းေပးလိုက္ပါတယ္။

ဒါ့အျပင္ဖီဖာဟာ႐ုရွားကိုကမာၻ႔ဖလားပေလးေအာ့ဖ္ဆီမီးဖိုင္နယ္မွထုတ္ပယ္ၿပီးပိုလန္ကိုဘိုင္ျဖင့္ဗိုလ္လုပြဲသို႔တက္ခြင့္ေပးလိုက္ပါတယ္။႐ုရွားဟာမတ္လ၂၄ရက္ေန႔မွာပိုလန္ႏွင့္ကမာၻ႔ဖလားပေလးေအာ့ဖ္ဆီမီးကစားရမွာျဖစ္ေပမဲ့ ယူကရိန္းက်ဴးေက်ာ္စစ္ေၾကာင့္ပိုလန္၊ဆြီဒင္၊ခ်က္တို႔က႐ုရွားႏွင့္ပြဲကစားရန္ျငင္းဆိုမႈနဲ႔အတူဖီဖာဟာေ႐ြးခ်ယ္စရာမရွိဘဲ႐ုရွားကိုထုတ္ပယ္လိုက္ရပါတယ္။

႐ုရွားဟာဖီဖာက၎တို႔အားကမာၻ႔ဖလားပေလးေအာ့ဖ္ဆီမီးမွထုတ္ပယ္လိုက္မႈအေပၚ မေက်မနပ္ျဖစ္ေနၿပီးအားကစားသမာဓိခုံ႐ုံးသို႔အယူခံဝင္ထားပါတယ္။

ဖီဖာဟာစေကာ့တလန္ႏွင့္ယူကရိန္းတို႔ရဲ႕ကမာၻ႔ဖလားပေလးေအာ့ဖ္ပြဲစဥ္ကို ဇြန္လတြင္ကစားရန္စီစဥ္ထားပါတယ္။

ယူကရိန္းျပည္တြင္းလိဂ္ပြဲစဥ္မ်ားကိုေဖေဖာ္ဝါရီလ၂၄ရက္ေန႔တုန္းက႐ုရွားကက်ဴးေက်ာ္စစ္ဆင္ႏြဲၿပီးေနာက္ရပ္ဆိုင္းထားရပါတယ္။ယင္းသို႔အေနအထားမ်ားေၾကာင့္ယူကရိန္းအသင္းအေနျဖင့္စုစည္းရန္ခက္ခဲေနတဲ့အျပင္ခရီးသြားလာေရး၊ေလ့က်င့္ေရးတို႔အတြက္ျပဳလုပ္ရန္အလြန္ခက္ခဲေနမႈနဲ႔အတူစေကာ့တလန္ႏွင့္ပေလးေအာ့ဖ္ပြဲကိုေ႐ႊ႕ဆိုင္းလိုက္တာပါ။

ဖီဖာကယူကရိန္းႏွင့္စေကာ့တလန္ပြဲကိုေ႐ႊ႕ဆိုင္းလိုက္မႈနဲ႔အတူ ဧၿပီလ၁ရက္ေန႔ကာတာတြင္ကမာၻ႔ဖလားအုပ္စုမဲခြဲရန္စီစဥ္ထားမႈမွာလည္းမေရမရာျဖစ္လာပါတယ္။