ပိုလန်တွင် မန်ယူပရိသတ်များ တိုက်ခိုက်လုယက်ခြင်းခံရ

မန်ယူပရိသတ်များအမြောက်အမြားတို့ဟာယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်မီပိုလန်တွင်ဒေသခံများရဲ့တိုက်ခိုက်ခြင်းခံခဲ့ရကြောင်းသိရပါတယ်။

မန်ယူဟာယနေ့ညမှာပိုလန်နိုင်ငံ၊ဂူဒိုင်းစ်တွင်ဗီလာရီးရဲလ်နှင့်ယူရိုပါလိဂ်ဗိုလ်လုပွဲကစားသွားရပါမယ်။အိုလီဂန်းနားဆိုးလ်ရှားဟာနည်းပြဘဝပထမဆုံးဆုဖလားဆွတ်ခူးနိုင်ရေးကြိုးပမ်းသွားရပါမယ်။

မန်ယူပရိသတ်သုံးဦးတို့ဟာဘားတစ်ခုမှာတိုက်ခိုက်ခြင်းခံခဲ့ရပြီးအသေးစားဒဏ်ရာများရရှိခဲ့ကြပါတယ်။ဘီဘီစီရဲ့ဖော်ပြချက်အရမန်ယူပရိသတ်များဟာပြိုင်ဘက်ဗီလာရီးရဲလ်ပရိသတ်များရဲ့တိုက်ခိုက်မှုခံရခြင်းမျိုးမဟုတ်ဘဲဒေသခံများရဲ့တိုက်ခိုက်ခြင်းခံခဲ့ရခြင်းဖြစ်ကြောင်းသိရပါတယ်။

မန်ယူပရိသတ်၂၀၀၀ခန့်တို့ဟာမန်ယူအသင်းကိုကိုယ်တိုင်အားပေးရန်ဂူဒိုင်းစ်သို့ရောက်ရှိနေပြီးယင်းအထဲမှာမန်ယူဂန္ထဝင်တိုက်စစ်မှူးဝိန်းရွန်းနီလည်းပါဝင်ပါတယ်။

ဂူဒိုင်းစ်တွင်ဖြစ်ပျက်ခဲ့တဲ့ရန်ပွဲမှာဘားအပြင်ဘက်တွင်ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီးပုလင်းများ၊ဖန်ခွက်များကွဲနေတဲ့အပြင်ထိုင်ခုံများလည်းပျက်စီးနေကြောင်းတွေ့ရပါတယ်။

ZawGyi

ပိုလန္တြင္ မန္ယူပရိသတ္မ်ား တိုက္ခိုက္လုယက္ျခင္းခံရ

မန္ယူပရိသတ္မ်ားအေျမာက္အျမားတို႔ဟာယူ႐ိုပါလိဂ္ဗိုလ္လုပြဲမတိုင္မီပိုလန္တြင္ေဒသခံမ်ားရဲ႕တိုက္ခိုက္ျခင္းခံခဲ့ရေၾကာင္းသိရပါတယ္။

မန္ယူဟာယေန႔ညမွာပိုလန္ႏိုင္ငံ၊ဂူဒိုင္းစ္တြင္ဗီလာရီးရဲလ္ႏွင့္ယူ႐ိုပါလိဂ္ဗိုလ္လုပြဲကစားသြားရပါမယ္။အိုလီဂန္းနားဆိုးလ္ရွားဟာနည္းျပဘဝပထမဆုံးဆုဖလားဆြတ္ခူးႏိုင္ေရးႀကိဳးပမ္းသြားရပါမယ္။

မန္ယူပရိသတ္သုံးဦးတို႔ဟာဘားတစ္ခုမွာတိုက္ခိုက္ျခင္းခံခဲ့ရၿပီးအေသးစားဒဏ္ရာမ်ားရရွိခဲ့ၾကပါတယ္။ဘီဘီစီရဲ႕ေဖာ္ျပခ်က္အရမန္ယူပရိသတ္မ်ားဟာၿပိဳင္ဘက္ဗီလာရီးရဲလ္ပရိသတ္မ်ားရဲ႕တိုက္ခိုက္မႈခံရျခင္းမ်ိဳးမဟုတ္ဘဲေဒသခံမ်ားရဲ႕တိုက္ခိုက္ျခင္းခံခဲ့ရျခင္းျဖစ္ေၾကာင္းသိရပါတယ္။

မန္ယူပရိသတ္၂၀၀၀ခန႔္တို႔ဟာမန္ယူအသင္းကိုကိုယ္တိုင္အားေပးရန္ဂူဒိုင္းစ္သို႔ေရာက္ရွိေနၿပီးယင္းအထဲမွာမန္ယူဂႏၴဝင္တိုက္စစ္မႉးဝိန္း႐ြန္းနီလည္းပါဝင္ပါတယ္။

ဂူဒိုင္းစ္တြင္ျဖစ္ပ်က္ခဲ့တဲ့ရန္ပြဲမွာဘားအျပင္ဘက္တြင္ျဖစ္ပ်က္ခဲ့ျခင္းျဖစ္ၿပီးပုလင္းမ်ား၊ဖန္ခြက္မ်ားကြဲေနတဲ့အျပင္ထိုင္ခုံမ်ားလည္းပ်က္စီးေနေၾကာင္းေတြ႕ရပါတယ္။