ပိုလန်နိုင်ငံသားပတ်စ်ပို့ရရှိပြီးနောက် အမည်ပါ ပြောင်းလိုက်တဲ့ ဗီလာနောက်ခံလူမတ်တီကက်ရှ်

မတ်တီကက်ရှ်ဟာပိုလန်နိုင်ငံသားပတ်စ်ပို့ရရှိပြီးနောက်အမည်သစ်ပါပေးလိုက်ပါတယ်။သူဟာလာမယ့်လပိုလန်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များမှာ ပိုလန်အတွက်စတင်ပါဝင်ကစားလာဖို့ရှိနေပါတယ်။

ဆလောက်ဂျ်ဖွားညာနောက်ခံလူဟာမိခင်ဖြစ်သူမှာပိုလန်သူဖြစ်တာကြောင့်ပိုလန်အသင်းအတွက်ကစားခွင့်ရှိနေသူဖြစ်ပါတယ်။

သူဟာယခုအခါပိုလန်နိုင်ငံသားပတ်စ်ပို့ရရှိလာမှုနဲ့အတူပိုလန်အသင်းအတွက်ကစားနိုင်ပြီဖြစ်ပါတယ်။ဒါ့အပြင်သူဟာပိုလန်အမည်သစ်ပေးလိုက်ပါတယ်။သူ့ရဲ့ပိုလန်အမည်သစ်ကမာသီးယပ်ဇ်ဂိုတောကာဖြစ်ပါတယ်။

ကက်ရှ်ဟာအင်္ဂလန်အသင်းတွင်ညာနောက်ခံလူကစားသမားများစွာရှိနေမှုနဲ့အတူ အင်္ဂလန်အတွက်ကစားနိုင်မယ့်အခွင့်အရေးလုံးဝမရှိတာကြောင့်ပိုလန်နိုင်ငံသားပတ်စ်ပို့ပြောင်းကိုင်ပြီးပိုလန်အသင်းအတွက်ကစားခွင့်ရရှိရန်ကြိုးပမ်းလာခဲ့တာပါ။

ပိုလန်ဟာလာမယ့်နိုဝင်ဘာလ၁၂ရက်နေ့မှာအန်ဒိုရာကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီးသုံးရက်အကြာမှာဟန်ဂေရီကိုဧည့်ခံကစားရပါမယ်။

ZawGyi

ပိုလန္ႏိုင္ငံသားပတ္စ္ပို႔ရရွိၿပီးေနာက္ အမည္ပါ ေျပာင္းလိုက္တဲ့ ဗီလာေနာက္ခံလူမတ္တီကက္ရွ္

မတ္တီကက္ရွ္ဟာပိုလန္ႏိုင္ငံသားပတ္စ္ပို႔ရရွိၿပီးေနာက္အမည္သစ္ပါေပးလိုက္ပါတယ္။သူဟာလာမယ့္လပိုလန္ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မ်ားမွာ ပိုလန္အတြက္စတင္ပါဝင္ကစားလာဖို႔ရွိေနပါတယ္။

ဆေလာက္ဂ်္ဖြားညာေနာက္ခံလူဟာမိခင္ျဖစ္သူမွာပိုလန္သူျဖစ္တာေၾကာင့္ပိုလန္အသင္းအတြက္ကစားခြင့္ရွိေနသူျဖစ္ပါတယ္။

သူဟာယခုအခါပိုလန္ႏိုင္ငံသားပတ္စ္ပို႔ရရွိလာမႈနဲ႔အတူပိုလန္အသင္းအတြက္ကစားႏိုင္ၿပီျဖစ္ပါတယ္။ဒါ့အျပင္သူဟာပိုလန္အမည္သစ္ေပးလိုက္ပါတယ္။သူ႔ရဲ႕ပိုလန္အမည္သစ္ကမာသီးယပ္ဇ္ဂိုေတာကာျဖစ္ပါတယ္။

ကက္ရွ္ဟာအဂၤလန္အသင္းတြင္ညာေနာက္ခံလူကစားသမားမ်ားစြာရွိေနမႈနဲ႔အတူ အဂၤလန္အတြက္ကစားႏိုင္မယ့္အခြင့္အေရးလုံးဝမရွိတာေၾကာင့္ပိုလန္ႏိုင္ငံသားပတ္စ္ပို႔ေျပာင္းကိုင္ၿပီးပိုလန္အသင္းအတြက္ကစားခြင့္ရရွိရန္ႀကိဳးပမ္းလာခဲ့တာပါ။

ပိုလန္ဟာလာမယ့္ႏိုဝင္ဘာလ၁၂ရက္ေန႔မွာအန္ဒိုရာကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမွာျဖစ္ၿပီးသုံးရက္အၾကာမွာဟန္ေဂရီကိုဧည့္ခံကစားရပါမယ္။