ပိုလန်နှင့်ပွဲစဉ်မှရန်ပွဲအား စုံစမ်းစစ်ဆေးရန် အက်ဖ်အေထံသို့ ဟယ်ရီကိန်းအကြောင်းကြားထား

မနေ့ညတုန်းကပိုလန်နှင့်အင်္ဂလန်ပွဲစဉ်ရဲ့ပထမပိုင်းအပြီးတွင်နှစ်ဖက်ကစားသမားတို့အချင်းများမှုဖြစ်ခဲ့ပြီးအင်္ဂလန်နောက်ခံလူဟယ်ရီမက်ဂွိုင်းယားမှာအဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာအထက်ပါဖြစ်ရပ်နှင့်ပတ်သက်ပြီးအက်ဖ်အေထံသို့အကြောင်းကြားထားပါတယ်။အက်ဖ်အေဟာယင်းအဖြစ်အပျက်ကိုစုံစမ်းစစ်ဆေးမှုပြုလုပ်သွားပါမယ်။

ဝါဆောပွဲစဉ်တွင်ကွင်းလယ်ဒိုင်လူကြီးကပထမပိုင်းဝီစီမှုတ်ပြီးနောက်ချက်ချင်းပင်နှစ်ဖက်ကစားသမားတို့ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။

ဆိုရှယ်မီဒီယာတွင်တက်လာတဲ့ဗီဒီယိုဖိုင်အရပိုလန်မှကာမဲလ်ဂလစ်ဟာကိုင်လီဝေါလ်ကားရဲ့မေးရိုးနှင့်လည်ပင်းကိုညှစ်ခဲ့တာတွေ့ရပြီးဟယ်ရီမက်ဂွိုင်းယားကအကြီးအကျယ်ဒေါသထွက်နေတာတွေ့ရပါတယ်။

ဂလစ်ဟာအချင်းများနေမှုမှထွက်ကာဦမင်လှိုဏ်ခေါင်းသို့ဝင်ရောက်ရန်ကြိုးပမ်းခဲ့သော်လည်းဒိုင်လူကြီးကပြဿနာကိုဖြေရှင်းရန်ပြန်ဆင့်ခေါ်ခဲ့ပါတယ်။

ဂျာမန်ဒိုင်လူကြီးဒါနီရယ်ဆီဘတ်ဟာပိုလန်ကစားသမားနှင့်စကားပြောပြီးနောက်မက်ဂွိုင်းယားကိုအဝါကတ်ပြသခဲ့ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းက “ပထမပိုင်းမတိုင်ခင်ပြဿနာလေးဖြစ်ခဲ့တယ်။အက်ဖ်အေကလူတွေကိုအသိပေးထားပါတယ်။သူတို့လည်းဒါဖြစ်ရပ်ကိုစစ်ဆေးနေပါတယ်။ပြဿနာကဖြစ်ပျက်ခဲ့ပါတယ်။ဖြစ်ရပ်ကိုပြန်ကြည့်ဖို့လည်းအချိန်မရခဲ့ပါဘူး။ကစားဖော်နဲ့လည်းစကားပြောဖို့အချိန်မရခဲ့ပါဘူး”လို့ပြောကြားသွားပါတယ်။

ပိုလန်နှင့်အင်္ဂလန်တို့ရဲ့ပွဲစဉ်တွင်အင်္ဂလန်ဟာဟယ်ရီကိန်းရဲ့အဝေးကန်ချက်နဲ့ပွဲကိုဦးဆောင်နိုင်ခဲ့ပေမယ့်ပွဲပြီးခါနီးမှာလီဝန်ဒေါ့စကီးရဲ့ဖြတ်တင်ဘောကနေဆိုင်မန်စကီးကပိုလန်အတွက်အဖိုးတန်ချေပဂိုးကိုသွင်းယူသွားခဲ့ပါတယ်။

ZawGyi

ပိုလန္ႏွင့္ပြဲစဥ္မွရန္ပြဲအား စုံစမ္းစစ္ေဆးရန္ အက္ဖ္ေအထံသို႔ ဟယ္ရီကိန္းအေၾကာင္းၾကားထား

မေန႔ညတုန္းကပိုလန္ႏွင့္အဂၤလန္ပြဲစဥ္ရဲ႕ပထမပိုင္းအၿပီးတြင္ႏွစ္ဖက္ကစားသမားတို႔အခ်င္းမ်ားမႈျဖစ္ခဲ့ၿပီးအဂၤလန္ေနာက္ခံလူဟယ္ရီမက္ဂြိဳင္းယားမွာအဝါကတ္ျပသျခင္းခံခဲ့ရပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းဟာအထက္ပါျဖစ္ရပ္ႏွင့္ပတ္သက္ၿပီးအက္ဖ္ေအထံသို႔အေၾကာင္းၾကားထားပါတယ္။အက္ဖ္ေအဟာယင္းအျဖစ္အပ်က္ကိုစုံစမ္းစစ္ေဆးမႈျပဳလုပ္သြားပါမယ္။

ဝါေဆာပြဲစဥ္တြင္ကြင္းလယ္ဒိုင္လူႀကီးကပထမပိုင္းဝီစီမႈတ္ၿပီးေနာက္ခ်က္ခ်င္းပင္ႏွစ္ဖက္ကစားသမားတို႔႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ပါတယ္။

ဆိုရွယ္မီဒီယာတြင္တက္လာတဲ့ဗီဒီယိုဖိုင္အရပိုလန္မွကာမဲလ္ဂလစ္ဟာကိုင္လီေဝါလ္ကားရဲ႕ေမး႐ိုးႏွင့္လည္ပင္းကိုညႇစ္ခဲ့တာေတြ႕ရၿပီးဟယ္ရီမက္ဂြိဳင္းယားကအႀကီးအက်ယ္ေဒါသထြက္ေနတာေတြ႕ရပါတယ္။

ဂလစ္ဟာအခ်င္းမ်ားေနမႈမွထြက္ကာဦမင္လႈိဏ္ေခါင္းသို႔ဝင္ေရာက္ရန္ႀကိဳးပမ္းခဲ့ေသာ္လည္းဒိုင္လူႀကီးကျပႆနာကိုေျဖရွင္းရန္ျပန္ဆင့္ေခၚခဲ့ပါတယ္။

ဂ်ာမန္ဒိုင္လူႀကီးဒါနီရယ္ဆီဘတ္ဟာပိုလန္ကစားသမားႏွင့္စကားေျပာၿပီးေနာက္မက္ဂြိဳင္းယားကိုအဝါကတ္ျပသခဲ့ပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းက “ပထမပိုင္းမတိုင္ခင္ျပႆနာေလးျဖစ္ခဲ့တယ္။အက္ဖ္ေအကလူေတြကိုအသိေပးထားပါတယ္။သူတို႔လည္းဒါျဖစ္ရပ္ကိုစစ္ေဆးေနပါတယ္။ျပႆနာကျဖစ္ပ်က္ခဲ့ပါတယ္။ျဖစ္ရပ္ကိုျပန္ၾကည့္ဖို႔လည္းအခ်ိန္မရခဲ့ပါဘူး။ကစားေဖာ္နဲ႔လည္းစကားေျပာဖို႔အခ်ိန္မရခဲ့ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ပိုလန္ႏွင့္အဂၤလန္တို႔ရဲ႕ပြဲစဥ္တြင္အဂၤလန္ဟာဟယ္ရီကိန္းရဲ႕အေဝးကန္ခ်က္နဲ႔ပြဲကိုဦးေဆာင္ႏိုင္ခဲ့ေပမယ့္ပြဲၿပီးခါနီးမွာလီဝန္ေဒါ့စကီးရဲ႕ျဖတ္တင္ေဘာကေနဆိုင္မန္စကီးကပိုလန္အတြက္အဖိုးတန္ေခ်ပဂိုးကိုသြင္းယူသြားခဲ့ပါတယ္။