
ပြင်သစ်နည်းပြဒီဒီယာဒက်ချမ့်ဟာပိုလန်ကို၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ရွှေဆွဲကြိုးဝတ်ဆင်ကစားမှုကြောင့်ဖယ်ရှားခဲ့ရတဲ့နောက်ခံလူဂျူးစ်ခွန်ဒီကိုဝေဖန်ပြောကြားလာခဲ့ပါတယ်။
အသက်၂၄နှစ်ရှိဘာစီလိုနာနောက်ခံလူဟာပိုလန်ကိုအနိုင်ရတဲ့ပွဲတွင်ပွဲအစကတည်းကဆွဲကြိုးဝတ်ပြီးကစားခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ဒိုင်လူကြီးများဟာပထမပိုင်းမပြီးခင်မိနစ်အနည်းငယ်အလိုတွင်မှ ခွန်ဒီမှာဆွဲကြိုးဝတ်ကစားနေကြောင်းသတိထားမိသွားခဲ့ပါတယ်။
ပွဲချိန်၄၂မိနစ်မှာဒိုင်လူကြီးဗာလန်ဇူလာဆေးဇ်ကဆွဲကြိုးအားဖယ်ရှားရန်ညွှန်ကြားခဲ့ပါတယ်။
ခွန်ဒီဟာနည်းပြအဖွဲ့ဝင်တစ်ဦးရဲ့အကူအညီဖြင့်ဆွဲကြိုးကိုဖယ်ရှားခဲ့ရပါတယ်။
ပြင်သစ်နည်းပြဒက်ချမ့်ဟာပွဲအပြီးတွင်ကစားသမားရဲ့ပြုအမူနှင့်ပတ်သက်ပြီးစိတ်မသက်မသာဖြစ်နေခဲ့ပါတယ်။
ဒက်ချမ့်က “သူ့ဘယ်လိုများဆွဲကြိုးဝတ်ထားသလဲမသိဘူး။ဂျူးစ်မှာအယူသီးတာနည်းနည်းရှိတာတော့သိတယ်။သူ့ကိုဘာပြောခဲ့သလဲဆိုတာမမှတ်မိတော့ပါဘူး။ ငါရှေ့မှာရှိမနေတာကံကောင်းတယ်၊ ရှိနေလို့ကတော့ လို့တော့ပြောခဲ့တယ်။ဒိုင်လူကြီးကလက်ကောက်(သို့မဟုတ်)ဆွဲကြိုးဝတ်မကစားရဘူးလို့ပြောပါတယ်။နာရီ(သို့မဟုတ်)နေကာမျက်မှန်တပ်ပြီးတော့လည်းမကစားရပါဘူး။ခွင့်မပြုပါဘူး။ဒီတော့သူဖြုတ်ထားခဲ့မယ်လို့ထင်တယ်။ဒါပေမဲ့ဒါကပြဿနာတစ်ရပ်တော့မဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။
ပြင်သစ်ဟာကိုင်လီယန်ဘက်ပေးရဲ့၂ဂိုး၊ဂျရူးရဲ့သွင်းဂိုး၁ဂိုးတို့ဖြင့်ပိုလန်ကို၃-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
ပြင်သစ်ဟာလာမယ့်စနေနေ့မှာကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်အဖြစ်အင်္ဂလန်နှင့်ရင်ဆိုင်ကစားရပါမယ်။
ZawGyi
ပိုလန္ႏွင့္ပြဲတြင္ ဆြဲႀကိဳးဝတ္ကစားတဲ့ ခြန္ဒီကို ျပင္သစ္နည္းျပဒက္ခ်မ့္ေပါက္ကြဲ
ျပင္သစ္နည္းျပဒီဒီယာဒက္ခ်မ့္ဟာပိုလန္ကို၃-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ေ႐ႊဆြဲႀကိဳးဝတ္ဆင္ကစားမႈေၾကာင့္ဖယ္ရွားခဲ့ရတဲ့ေနာက္ခံလူဂ်ဴးစ္ခြန္ဒီကိုေဝဖန္ေျပာၾကားလာခဲ့ပါတယ္။
အသက္၂၄ႏွစ္ရွိဘာစီလိုနာေနာက္ခံလူဟာပိုလန္ကိုအႏိုင္ရတဲ့ပြဲတြင္ပြဲအစကတည္းကဆြဲႀကိဳးဝတ္ၿပီးကစားခဲ့တာျဖစ္ပါတယ္။
ဒါေပမဲ့ဒိုင္လူႀကီးမ်ားဟာပထမပိုင္းမၿပီးခင္မိနစ္အနည္းငယ္အလိုတြင္မွ ခြန္ဒီမွာဆြဲႀကိဳးဝတ္ကစားေနေၾကာင္းသတိထားမိသြားခဲ့ပါတယ္။
ပြဲခ်ိန္၄၂မိနစ္မွာဒိုင္လူႀကီးဗာလန္ဇူလာေဆးဇ္ကဆြဲႀကိဳးအားဖယ္ရွားရန္ၫႊန္ၾကားခဲ့ပါတယ္။
ခြန္ဒီဟာနည္းျပအဖြဲ႕ဝင္တစ္ဦးရဲ႕အကူအညီျဖင့္ဆြဲႀကိဳးကိုဖယ္ရွားခဲ့ရပါတယ္။
ျပင္သစ္နည္းျပဒက္ခ်မ့္ဟာပြဲအၿပီးတြင္ကစားသမားရဲ႕ျပဳအမူႏွင့္ပတ္သက္ၿပီးစိတ္မသက္မသာျဖစ္ေနခဲ့ပါတယ္။
ဒက္ခ်မ့္က “သူ႔ဘယ္လိုမ်ားဆြဲႀကိဳးဝတ္ထားသလဲမသိဘူး။ဂ်ဴးစ္မွာအယူသီးတာနည္းနည္းရွိတာေတာ့သိတယ္။သူ႔ကိုဘာေျပာခဲ့သလဲဆိုတာမမွတ္မိေတာ့ပါဘူး။ ငါေရွ႕မွာရွိမေနတာကံေကာင္းတယ္၊ ရွိေနလို႔ကေတာ့ လို႔ေတာ့ေျပာခဲ့တယ္။ဒိုင္လူႀကီးကလက္ေကာက္(သို႔မဟုတ္)ဆြဲႀကိဳးဝတ္မကစားရဘူးလို႔ေျပာပါတယ္။နာရီ(သို႔မဟုတ္)ေနကာမ်က္မွန္တပ္ၿပီးေတာ့လည္းမကစားရပါဘူး။ခြင့္မျပဳပါဘူး။ဒီေတာ့သူျဖဳတ္ထားခဲ့မယ္လို႔ထင္တယ္။ဒါေပမဲ့ဒါကျပႆနာတစ္ရပ္ေတာ့မဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။
ျပင္သစ္ဟာကိုင္လီယန္ဘက္ေပးရဲ႕၂ဂိုး၊ဂ်႐ူးရဲ႕သြင္းဂိုး၁ဂိုးတို႔ျဖင့္ပိုလန္ကို၃-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။
ျပင္သစ္ဟာလာမယ့္စေနေန႔မွာကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲစဥ္အျဖစ္အဂၤလန္ႏွင့္ရင္ဆိုင္ကစားရပါမယ္။