ပိုလန်နှင့်ပွဲပထမပိုင်းရန်ပွဲတွင် ဝေါလ်ကားကို ပိုလန်စတား လူမျိုးရေးခွဲခြားပြောဆိုခဲ့သလား?

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကပိုလန်နောက်ခံလူကာမဲလ်ဂလစ်ခ်မှာအင်္ဂလန်နောက်ခံလူကိုင်လီဝေါလ်ကားအားလူမျိုးရေးခြားတိုက်ခိုက်ပြောဆိုခဲ့ကြောင်းစွပ်စွဲလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းကဝါဆောတွင်ပိုလန်နှင့်အင်္ဂလန်တို့တစ်ဂိုးစီသရေကျပွဲစဉ်ရဲ့ပထမပိုင်းပြီးခါနီးအချိန်တွင်အထက်ပါပြဿနာဖြစ်ခဲ့တာဖြစ်ပြီးယခုအခါယင်းဖြစ်ရပ်ကိုဖီဖာကစုံစမ်းစစ်ဆေးမှုပြုလုပ်နေပြီဖြစ်ပါတယ်။

ရုပ်သံပြကွက်များအရပိုလန်နောက်ခံလူဟာဒိုင်လူကြီးရှေ့တွင်ပင်ဝေါလ်ကားအားလည်ပင်းညှစ်ခဲ့ကြောင်းတွေ့ရပါတယ်။

အင်္ဂလန်ဗဟိုနောက်ခံလူဟယ်ရီမက်ဂွိုင်းယားဟာယင်းဖြစ်ရပ်အပေါ်အကြီးအကျယ်ဒေါသထွက်ခဲ့ပြီးဒိုင်လူကြီးရဲ့အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကဂလစ်ခ်ကဝေါလ်ကားအားလူမျိုးရေးခွဲခြားမှုလုပ်ခဲ့တယ်လို့စွပ်စွဲထားပေမယ့်ပိုလန်ဘောလုံးအဖွဲ့ချုပ်ကတော့လုံးဝငြင်းဆိုထားပါတယ်။တစ်ဖက်တွင်ကာယကံရှင်ဖြစ်တဲ့ဂလစ်ခ်ကလည်းလူမျိုးရေးခွဲခြားတဲ့အသုံးအနှုန်းနဲ့အမူအယာလုံးဝမပြုလုပ်ခဲ့ကြောင်းဆိုထားပါတယ်။

အဆိုပါပွဲစဉ်တွင်ပိုလန်ပရိသတ်များဟာဘောလုံးမစတင်မီအင်္ဂလန်ကစားသမားတို့ ဒူးထောက်ကာလူမျိုးရေးခွဲခြားဆန့်ကျင်ရေးတိုက်ဖျက်ရေး ပြုလုပ်ချိန်တွင်လှောင်ပြောင်မှုပြုလုပ်ခဲ့ကြပါသေးတယ်။

ZawGyi

ပိုလန္ႏွင့္ပြဲပထမပိုင္းရန္ပြဲတြင္ ေဝါလ္ကားကို ပိုလန္စတား လူမ်ိဳးေရးခြဲျခားေျပာဆိုခဲ့သလား?

အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကပိုလန္ေနာက္ခံလူကာမဲလ္ဂလစ္ခ္မွာအဂၤလန္ေနာက္ခံလူကိုင္လီေဝါလ္ကားအားလူမ်ိဳးေရးျခားတိုက္ခိုက္ေျပာဆိုခဲ့ေၾကာင္းစြပ္စြဲလိုက္ပါတယ္။

ဗုဒၶဟူးေန႔တုန္းကဝါေဆာတြင္ပိုလန္ႏွင့္အဂၤလန္တို႔တစ္ဂိုးစီသေရက်ပြဲစဥ္ရဲ႕ပထမပိုင္းၿပီးခါနီးအခ်ိန္တြင္အထက္ပါျပႆနာျဖစ္ခဲ့တာျဖစ္ၿပီးယခုအခါယင္းျဖစ္ရပ္ကိုဖီဖာကစုံစမ္းစစ္ေဆးမႈျပဳလုပ္ေနၿပီျဖစ္ပါတယ္။

႐ုပ္သံျပကြက္မ်ားအရပိုလန္ေနာက္ခံလူဟာဒိုင္လူႀကီးေရွ႕တြင္ပင္ေဝါလ္ကားအားလည္ပင္းညႇစ္ခဲ့ေၾကာင္းေတြ႕ရပါတယ္။

အဂၤလန္ဗဟိုေနာက္ခံလူဟယ္ရီမက္ဂြိဳင္းယားဟာယင္းျဖစ္ရပ္အေပၚအႀကီးအက်ယ္ေဒါသထြက္ခဲ့ၿပီးဒိုင္လူႀကီးရဲ႕အဝါကတ္ျပသျခင္းခံခဲ့ရပါတယ္။

အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကဂလစ္ခ္ကေဝါလ္ကားအားလူမ်ိဳးေရးခြဲျခားမႈလုပ္ခဲ့တယ္လို႔စြပ္စြဲထားေပမယ့္ပိုလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ကေတာ့လုံးဝျငင္းဆိုထားပါတယ္။တစ္ဖက္တြင္ကာယကံရွင္ျဖစ္တဲ့ဂလစ္ခ္ကလည္းလူမ်ိဳးေရးခြဲျခားတဲ့အသုံးအႏႈန္းနဲ႔အမူအယာလုံးဝမျပဳလုပ္ခဲ့ေၾကာင္းဆိုထားပါတယ္။

အဆိုပါပြဲစဥ္တြင္ပိုလန္ပရိသတ္မ်ားဟာေဘာလုံးမစတင္မီအဂၤလန္ကစားသမားတို႔ ဒူးေထာက္ကာလူမ်ိဳးေရးခြဲျခားဆန႔္က်င္ေရးတိုက္ဖ်က္ေရး ျပဳလုပ္ခ်ိန္တြင္ေလွာင္ေျပာင္မႈျပဳလုပ္ခဲ့ၾကပါေသးတယ္။