ပိုလန်ပတ်စ်ပို့ရရှိရန် မစောင့်နိုင်အောင် ဖြစ်နေတဲ့ ဗီလာစတားကက်ရှ်

ဗီလာနောက်တန်းအစွန်လူမတ်တီကက်ရှ်ကနည်းပြပေါ်လိုဆူဆာရဲ့ပိုလန်ကမ္ဘာ့ဖလားအစီအစဉ်တွင်ပါဝင်/မပါဝင်သိနိုင်ရန်အတွက်ပိုလန်ပတ်စ်ပို့ရရှိရန်မစောင့်နိုင်တော့အောင်ဖြစ်နေကြောင်းပြောကြားလိုက်ပါတယ်။

ဗီလာညာနောက်ခံလူဟာအင်္ဂလန်အသင်းတွင်ညာနောက်ခံလူများပြားကာအခွင့်အရေးရရှိရန်အလွန်နည်းပါးနေမှုကြောင့်ပိုလန်အသင်းတွင်ကစားခွင့်ရရှိရေးမျှော်လင့်နေပါတယ်။

သူဟာမိခင်ဖြစ်သူမှာပိုလန်နိုင်ငံသူဖြစ်ရာပိုလန်အတွက်လည်းကစားခွင့်ရရှိထားသူဖြစ်ပြီးပိုလန်ပတ်စ်ပို့ရရှိရေးလျှောက်ထားပါတယ်။

အသက်၂၄နှစ်ရှိနောက်ခံလူက “ကျွန်တော့်အဖွားရောအဘိုးပါပိုလန်မှာမွေးတာပါ။အမေကလည်းပိုလန်သူပါ။ပိုလန်မိသားစုမှာဘဲကြီးပြင်းလာတဲ့သူဖြစ်ပါတယ်။သောမတ်စ်ဇောစကီးကမိသားစုအမည်ပါ။နာမည်ကျော်ဂိုးသမား(ပိုလန်)နဲ့အမည်တူပါ။အခုပတ်စ်ပို့ရအောင်စောင့်နေတယ်။ဒါပေမယ့်ကျွန်တော့်အတွက်အခွင့်ကောင်းတစ်ခုဖြစ်လာမှာပါ။နိုင်ငံတကာဘောလုံးကကစားသမားတိုင်းအိပ်မက်မက်တဲ့အရာပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ပိုလန္ပတ္စ္ပို႔ရရွိရန္ မေစာင့္ႏိုင္ေအာင္ ျဖစ္ေနတဲ့ ဗီလာစတားကက္ရွ္

ဗီလာေနာက္တန္းအစြန္လူမတ္တီကက္ရွ္ကနည္းျပေပၚလိုဆူဆာရဲ႕ပိုလန္ကမာၻ႔ဖလားအစီအစဥ္တြင္ပါဝင္/မပါဝင္သိႏိုင္ရန္အတြက္ပိုလန္ပတ္စ္ပို႔ရရွိရန္မေစာင့္ႏိုင္ေတာ့ေအာင္ျဖစ္ေနေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဗီလာညာေနာက္ခံလူဟာအဂၤလန္အသင္းတြင္ညာေနာက္ခံလူမ်ားျပားကာအခြင့္အေရးရရွိရန္အလြန္နည္းပါးေနမႈေၾကာင့္ပိုလန္အသင္းတြင္ကစားခြင့္ရရွိေရးေမွ်ာ္လင့္ေနပါတယ္။

သူဟာမိခင္ျဖစ္သူမွာပိုလန္ႏိုင္ငံသူျဖစ္ရာပိုလန္အတြက္လည္းကစားခြင့္ရရွိထားသူျဖစ္ၿပီးပိုလန္ပတ္စ္ပို႔ရရွိေရးေလွ်ာက္ထားပါတယ္။

အသက္၂၄ႏွစ္ရွိေနာက္ခံလူက “ကြၽန္ေတာ့္အဖြားေရာအဘိုးပါပိုလန္မွာေမြးတာပါ။အေမကလည္းပိုလန္သူပါ။ပိုလန္မိသားစုမွာဘဲႀကီးျပင္းလာတဲ့သူျဖစ္ပါတယ္။ေသာမတ္စ္ေဇာစကီးကမိသားစုအမည္ပါ။နာမည္ေက်ာ္ဂိုးသမား(ပိုလန္)နဲ႔အမည္တူပါ။အခုပတ္စ္ပို႔ရေအာင္ေစာင့္ေနတယ္။ဒါေပမယ့္ကြၽန္ေတာ့္အတြက္အခြင့္ေကာင္းတစ္ခုျဖစ္လာမွာပါ။ႏိုင္ငံတကာေဘာလုံးကကစားသမားတိုင္းအိပ္မက္မက္တဲ့အရာပါ”လို႔ေျပာၾကားသြားပါတယ္။