ပိုလန်ဝင်ခွင့်မရလို့ လက်စတာရဲ့ယူရိုပါလိဂ်ပွဲကို လွဲမည့် ဟီနာချို

ကဲလာချီဟီနာချိုဟာလက်စတာရဲ့လီဂီယာဝါဆောနှင့်ပွဲစဉ်အတွက်ပိုလန်သို့ဝင်ရောက်ခွင့်မရမှုနဲ့အတူအင်္ဂလန်သို့ပြန်လာခဲ့ရကြောင်းသိရပါတယ်။

လက်စတာအသင်းဟာဗုဒ္ဓဟူးနေ့နေ့လည်ပိုင်းတုန်းက ဝါဆောရှိ ချိုပင်လေဆိပ်သို့ရောက်လာခဲ့ပြီးလူဝင်ကြီးကြပ်ရေးကနိုင်ဂျီးရီးယားတိုက်စစ်မှူးရဲ့စာရွက်စာတမ်းများမှာမှားယွင်းနေကြောင်းတွေ့ရှိကာပြည်ဝင်ခွင့်မပေးခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်တွင်အလယ်တန်းကစားသမားဝီလ်ဖရက်အန်ဒီဒီနှင့်နောက်ခံလူဂျွန်နီအီဗန့်တို့ကိုဆုံးရှုံးထားရာလက်စတာနည်းပြဘရန်ဒန်ရော်ဂျာကဟီနာချိုအားဆုံးရှုံးရမှုမှာကြီးမားတဲ့ဆုံးရှုံးမှုလို့ဆိုသွားပါတယ်။

လေဆိပ်ဝန်ထမ်းများကဟီနာချိုရဲ့တရားဝင်စာရွက်စာတမ်းများနှင့်ဗီဇာတို့တွင် ကွဲပြားမှုများရှိနေကြောင်းတွေ့ရပြီးနောက်ပြည်ဝင်ခွင့်မပေးခဲ့တာပါ။ဟီနာချိုဟာနိုင်ဂျီးရီးယားသားတစ်ဦးဖြစ်ရာ EU နိုင်ငံတစ်ခုသို့ဝင်ရောက်ဖို့အတွက်ဗီဇာလိုအပ်ပါတယ်။

ကျန်လက်စတာကစားဖော်များအားလုံးမှာပိုလန်သို့ဝင်ရောက်နိုင်ခဲ့သော်လည်းဟီနာချိုမှာလေဆိပ်တွင်ကျန်ခဲ့ရကာအင်္ဂလန်သို့ပြန်လာခဲ့ရပါတယ်။

ZawGyi

ပိုလန်ဝင်ခွင့်မရလို့ လက်စတာရဲ့ယူရိုပါလိဂ်ပွဲကို လွဲမည့် ဟီနာချို

ကဲလာခ်ီဟီနာခ်ိဳဟာလက္စတာရဲ႕လီဂီယာဝါေဆာႏွင့္ပြဲစဥ္အတြက္ပိုလန္သို႔ဝင္ေရာက္ခြင့္မရမႈနဲ႔အတူအဂၤလန္သို႔ျပန္လာခဲ့ရေၾကာင္းသိရပါတယ္။

လက္စတာအသင္းဟာဗုဒၶဟူးေန႔ေန႔လည္ပိုင္းတုန္းက ဝါေဆာရွိ ခ်ိဳပင္ေလဆိပ္သို႔ေရာက္လာခဲ့ၿပီးလူဝင္ႀကီးၾကပ္ေရးကႏိုင္ဂ်ီးရီးယားတိုက္စစ္မႉးရဲ႕စာ႐ြက္စာတမ္းမ်ားမွာမွားယြင္းေနေၾကာင္းေတြ႕ရွိကာျပည္ဝင္ခြင့္မေပးခဲ့တာလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္အလယ္တန္းကစားသမားဝီလ္ဖရက္အန္ဒီဒီႏွင့္ေနာက္ခံလူဂြၽန္နီအီဗန႔္တို႔ကိုဆုံးရႈံးထားရာလက္စတာနည္းျပဘရန္ဒန္ေရာ္ဂ်ာကဟီနာခ်ိဳအားဆုံးရႈံးရမႈမွာႀကီးမားတဲ့ဆုံးရႈံးမႈလို႔ဆိုသြားပါတယ္။

ေလဆိပ္ဝန္ထမ္းမ်ားကဟီနာခ်ိဳရဲ႕တရားဝင္စာ႐ြက္စာတမ္းမ်ားႏွင့္ဗီဇာတို႔တြင္ ကြဲျပားမႈမ်ားရွိေနေၾကာင္းေတြ႕ရၿပီးေနာက္ျပည္ဝင္ခြင့္မေပးခဲ့တာပါ။ဟီနာခ်ိဳဟာႏိုင္ဂ်ီးရီးယားသားတစ္ဦးျဖစ္ရာ EU ႏိုင္ငံတစ္ခုသို႔ဝင္ေရာက္ဖို႔အတြက္ဗီဇာလိုအပ္ပါတယ္။

က်န္လက္စတာကစားေဖာ္မ်ားအားလုံးမွာပိုလန္သို႔ဝင္ေရာက္ႏိုင္ခဲ့ေသာ္လည္းဟီနာခ်ိဳမွာေလဆိပ္တြင္က်န္ခဲ့ရကာအဂၤလန္သို႔ျပန္လာခဲ့ရပါတယ္။