ပိုလန်အသင်းကို လေးစားရမည်ဖြစ်ကြောင်း ပြင်သစ်နည်းပြဒက်ချမ့်ပြောကြား

ပြင်သစ်နည်းပြဒီဒီယာဒက်ချမ့်ကကမ္ဘာ့ဖလားချန်ပီယံအနေဖြင့်ပိုလန်အသင်းလုပ်ဆောင်လာမှုများအပေါ်လေးစားရမည်ဖြစ်ကြောင်းပြောကြားလာပါတယ်။

၂၀၁၈ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်ဟာချန်ပီယံဘွဲ့ကာကွယ်ရေး၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ်ယနေ့ညတွင်ပိုလန်အသင်းနှင့်ရင်ဆိုင်ကစားရပါမယ်။

ပိုလန်ဟာကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲတွင်အာဂျင်တီးနားကို၂-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပေမဲ့လည်းမက္ကဆီကိုအားဂိုးကွာခြားချက်ဖြင့်အသာရကာအုပ်စုဒုတိယအဖြစ်ဖြင့်ရှုံးထွက်အဆင့်သို့တက်ရောက်လာခဲ့တာဖြစ်ပါတယ်။

ဒက်ချမ့်က “ပွဲတိုင်းကခက်ခဲပါတယ်။အသင်းတိုင်းကလည်းကောင်းသလိုပြင်ဆင်မှုလည်းကောင်းတယ်။ကစားသမားတွေကလည်းကောင်းမွန်တဲ့လိဂ်တွေမှာကစားနေကြသူတွေချည်းပါပဲ။ဒီအသင်း(ပိုလန်)ဟာပထမပိုင်းသုံးပွဲလုံးခံစစ်ကစားခဲ့တယ်။ခံစစ်အများကြီးကစားတယ်။ခံစစ်ကစားတာလည်းကောင်းတယ်။သူတို့မှာအတွေ့အကြုံအများကြီးရှိတဲ့ကစားသမားတွေလည်းရှိတယ်။သူတို့လုပ်ခဲ့တာနဲ့ပတ်သက်ပြီးလေးစားရမယ်။သူတို့ဟာထိုက်ထိုက်တန်တန်နဲ့ဒီနေရာကိုရောက်လာတာပါ”လို့ပြောကြားသွားပါတယ်။

ပိုလန်အသင်းဟာ၃၆နှစ်အတွင်းတွင်ပထမဆုံးအကြိမ်အဖြစ်ကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်လာတာဖြစ်ပါတယ်။

ပြင်သစ်နှင့်ပိုလန်တို့ဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဒုတိယအကြိမ်မြောက်ဆုံတွေ့တာဖြစ်ပြီး၁၉၈၂ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကတတိယနေရာလုပွဲတွင်ဆုံတွေ့ခဲ့ရာပိုလန်က၃-၂ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ပြင်သစ်ဟာပိုလန်အသင်းနှင့်နောက်ဆုံးကြုံတွေ့တဲ့၇ကြိမ်တွင်ရှုံးပွဲမရှိဘဲ၃ပွဲနိုင်၊၄ပွဲသရေကျထားပါတယ်။ဒါပေမဲ့ပိုလန်ဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်လက်ရှိချန်ပီယံနှင့်၂ကြိမ်ရင်ဆိုင်ခဲ့ဖူးရာတွင်ယခင်နှစ်ကြိမ်လုံးမရှုံးနိမ့်ခဲ့ပါဘူး။

ပြင်သစ်နည်းပြဒီဒီယာဒက်ချမ့်ဟာသီယိုဟာနန်ဒက်ဇ်မှာလည်းဒဏ်ရာကြောင့်အနားယူနေရရာပိုလန်နှင့်ပွဲအတွက်ဘယ်နောက်ခံလူပြဿနာကြုံနေရပါတယ်။ဒက်ချမ့်ဟာရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားကာမာဗန်ဂါကိုဘယ်နောက်ခံလူအဖြစ်အသုံးပြုလာဖို့ရှိပါတယ်။သူဟာကာမာဗန်ဂါကိုမော်ရိုကိုနှင့်ပွဲတွင်ဘယ်နောက်ခံလူအဖြစ်အသုံးပြုခဲ့ပြီးဖြစ်ပါတယ်။

ZawGyi

ပိုလန္အသင္းကို ေလးစားရမည္ျဖစ္ေၾကာင္း ျပင္သစ္နည္းျပဒက္ခ်မ့္ေျပာၾကား

ျပင္သစ္နည္းျပဒီဒီယာဒက္ခ်မ့္ကကမာၻ႔ဖလားခ်န္ပီယံအေနျဖင့္ပိုလန္အသင္းလုပ္ေဆာင္လာမႈမ်ားအေပၚေလးစားရမည္ျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

၂၀၁၈ကမာၻ႔ဖလားခ်န္ပီယံျပင္သစ္ဟာခ်န္ပီယံဘြဲ႕ကာကြယ္ေရး၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္အျဖစ္ယေန႔ညတြင္ပိုလန္အသင္းႏွင့္ရင္ဆိုင္ကစားရပါမယ္။

ပိုလန္ဟာကမာၻ႔ဖလားအုပ္စုေနာက္ဆုံးပြဲတြင္အာဂ်င္တီးနားကို၂-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ေပမဲ့လည္းမကၠဆီကိုအားဂိုးကြာျခားခ်က္ျဖင့္အသာရကာအုပ္စုဒုတိယအျဖစ္ျဖင့္ရႈံးထြက္အဆင့္သို႔တက္ေရာက္လာခဲ့တာျဖစ္ပါတယ္။

ဒက္ခ်မ့္က “ပြဲတိုင္းကခက္ခဲပါတယ္။အသင္းတိုင္းကလည္းေကာင္းသလိုျပင္ဆင္မႈလည္းေကာင္းတယ္။ကစားသမားေတြကလည္းေကာင္းမြန္တဲ့လိဂ္ေတြမွာကစားေနၾကသူေတြခ်ည္းပါပဲ။ဒီအသင္း(ပိုလန္)ဟာပထမပိုင္းသုံးပြဲလုံးခံစစ္ကစားခဲ့တယ္။ခံစစ္အမ်ားႀကီးကစားတယ္။ခံစစ္ကစားတာလည္းေကာင္းတယ္။သူတို႔မွာအေတြ႕အႀကဳံအမ်ားႀကီးရွိတဲ့ကစားသမားေတြလည္းရွိတယ္။သူတို႔လုပ္ခဲ့တာနဲ႔ပတ္သက္ၿပီးေလးစားရမယ္။သူတို႔ဟာထိုက္ထိုက္တန္တန္နဲ႔ဒီေနရာကိုေရာက္လာတာပါ”လို႔ေျပာၾကားသြားပါတယ္။

ပိုလန္အသင္းဟာ၃၆ႏွစ္အတြင္းတြင္ပထမဆုံးအႀကိမ္အျဖစ္ကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္လာတာျဖစ္ပါတယ္။

ျပင္သစ္ႏွင့္ပိုလန္တို႔ဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဒုတိယအႀကိမ္ေျမာက္ဆုံေတြ႕တာျဖစ္ၿပီး၁၉၈၂ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကတတိယေနရာလုပြဲတြင္ဆုံေတြ႕ခဲ့ရာပိုလန္က၃-၂ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ျပင္သစ္ဟာပိုလန္အသင္းႏွင့္ေနာက္ဆုံးႀကဳံေတြ႕တဲ့၇ႀကိမ္တြင္ရႈံးပြဲမရွိဘဲ၃ပြဲႏိုင္၊၄ပြဲသေရက်ထားပါတယ္။ဒါေပမဲ့ပိုလန္ဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္လက္ရွိခ်န္ပီယံႏွင့္၂ႀကိမ္ရင္ဆိုင္ခဲ့ဖူးရာတြင္ယခင္ႏွစ္ႀကိမ္လုံးမရႈံးနိမ့္ခဲ့ပါဘူး။

ျပင္သစ္နည္းျပဒီဒီယာဒက္ခ်မ့္ဟာသီယိုဟာနန္ဒက္ဇ္မွာလည္းဒဏ္ရာေၾကာင့္အနားယူေနရရာပိုလန္ႏွင့္ပြဲအတြက္ဘယ္ေနာက္ခံလူျပႆနာႀကဳံေနရပါတယ္။ဒက္ခ်မ့္ဟာရီးရဲလ္မက္ဒရစ္ကြင္းလယ္ကစားသမားကာမာဗန္ဂါကိုဘယ္ေနာက္ခံလူအျဖစ္အသုံးျပဳလာဖို႔ရွိပါတယ္။သူဟာကာမာဗန္ဂါကိုေမာ္႐ိုကိုႏွင့္ပြဲတြင္ဘယ္ေနာက္ခံလူအျဖစ္အသုံးျပဳခဲ့ၿပီးျဖစ္ပါတယ္။