ပီကေးရဲ့ဒဏ်ရာအခြေအနေနှင့်ပတ်သက်ပြီး ဘာစီလိုနာ ထုတ်ပြန်ကြေညာလာ

ဘာစီလိုနာနောက်ခံလူဂါရတ်ပီကေးဟာမနေ့ညတုန်းကဘီလ်ဘာအိုနှင့်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှာဒဏ်ရာရရှိကာလူစားလဲခဲ့ရပါတယ်။

ဘာစီလိုနာဗဟိုခံစစ်မှူးဟာညာဖက်ခြေသလုံးဒဏ်ရာရရှိနေခဲ့တာဖြစ်ပြီးဘီလ်ဘာအိုနှင့်ပွဲမတိုင်မီကတည်းကကလပ်ဆရာဝန်များကိုအသတိပေးခဲ့ပါတယ်။ဒါပေမယ့်ဘာစီလိုနာနည်းပြကိုးမန်းဟာဘီလ်ဘာအိုနှင့်ပွဲစဉ်မှာပီကေးကိုထည့်သွင်းအသုံးပြုခဲ့ပါတယ်။

ပီကေးဟာပွဲချိန်မိနစ်၃၀မှာမှာခြေထောက်မသက်မသာဖြစ်လာပြီးနောက်လူစားလဲခွင့်ပေးရန်တောင်းဆိုခဲ့ပါတယ်။ဘာစီလိုနာနည်းပြကိုးမန်းကလည်းရိုနယ်အရူဂျိုနဲ့လူစားလဲလှယ်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်ဟာဘာစီလိုနာမှာအဲရစ်ဂါစီယာနှင့်အရူဂျာတို့ပထမဆုံးတွဲကစားရတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်။ဒါပေမယ့်၎င်းတို့ဟာအတွဲညီညီနဲ့ကစားသွားခဲ့တာတွေ့ရပါတယ်။

ပွဲအပြီးတွင်ဘာစီလိုနာနည်းပြကိုးမန်းကပီကေးရဲ့ဒဏ်ရာအခြေအနေမှာဆိုးရွားတဲ့ပုံမရှိကြောင်းပြောကြားခဲ့ပါတယ်။

ဒါပေမယ့်ဘာစီလိုနာက ပီကေးမှာညာဖက်ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့ကြောင်းနှင့်ဒဏ်ရာအခြေအနေကိုစစ်ဆေးမှုများပြုလုပ်ရတော့မှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

ယင်းသို့အနေအထားကြောင့်ပီကေးရဲ့ဒဏ်ရာမှာကိုးမန်းပြောသကဲ့သို့အသေးစားဒဏ်ရာမဟုတ်ဘဲဒဏ်ရာအနည်းဆုံးဆိုးရွားဖို့ရှိနေပါတယ်။

ZawGyi







