ပီကေးရဲ့လုပ်ခ လျှော့ယူမှုကြောင့် ကစားသမားသစ်များကို မှတ်ပုံတင်လိုက်နိုင်ပြီဖြစ်တဲ့ ဘာကာ

ဘာစီလိုနာအသင်းကဂါရတ်ပီကေးဟာအသင်းရဲ့ဘဏ္ဍာရေးပြဿနာကိုဖြေရှင်းနိုင်ရန်အတွက်လုပ်ခအမြောက်အမြားလျှော့ယူရန်သဘောတူညီလိုက်ကြောင်း ကျေးဇူးတင်ကြေညာချက်ထုတ်ပြန်လာပါတယ်။

ဘာစီလိုနာဟာဆိုစီဒက်နှင့်ကစားရမယ့်လာလီဂါအဖွင့်ပွဲမတိုင်မီတစ်ရက်အလိုတွင်အသစ်ခေါ်ယူထားတဲ့မမ်ဖစ်ဒီပေး၊အဲရစ်ဂါစီယာ၊ရေးမာနာတို့အားကစားသမားမှတ်ပုံတင်နိုင်ခဲ့ပါတယ်။

ဘာစီလိုနာဟာအသင်းရဲ့သက်တမ်းရှည်ကစားသမားတစ်ဦးဖြစ်တဲ့ဂါရတ်ပီကေးဘက်ကလုပ်ခများစွာလျှော့ယူရန်သဘောတူညီလိုက်ပြီးနောက်ကစားသမားသစ်များကိုမှတ်ပုံတင်လာနိုင်တာလည်းဖြစ်ပါတယ်။

ဘာစီလိုနာဟာကြွေးမြီယူရို၁ဘီလီယံကျော်တင်ရှိနေခြင်းကြောင့်လာလီဂါရဲ့အသုံးစရိတ်ကန့်သတ်ခြင်းခံခဲ့ရပြီးအသုံးစရိတ်၇၀ရာခိုင်နှုန်းသို့အထိလျှော့ချရန်လိုအပ်နေခဲ့ပါတယ်။အစောပိုင်းတုန်းကဘာစီလိုနာဟာအသုံးစရိတ်၉၅ရာခိုင်နှုန်းသို့အထိလျှော့ချရန်လိုအပ်နေခဲ့ပြီးယခုအခါပီကေးဘက်ကလုပ်ခများစွာလျှော့ယူလိုက်မှုနဲ့အတူကစားသမားသစ်များကိုမှတ်ပုံတင်လာနိုင်ပါတယ်။

တစ်ဖက်တွင်ဘာစီလိုနာဟာအသင်းရဲ့သက်တမ်းရှည်ကစားသမားများဖြစ်ကြတဲ့ဆာဂျီယိုဘက်စ်ကွက်ဇ်၊ဂျော်ဒီအယ်လ်ဘာတို့အားလုပ်ခလျှော့ယူရေးအတွက်ဆွေးနွေးမှုများဆက်လက်ပြုလုပ်ရဦးမှာဖြစ်ပါတယ်။

ဘာစီလိုနာဟာလာလီဂါရဲ့အသုံးစရိတ်ကန့်သတ်ချက်ခံခဲ့ရမှုကြောင့်စာချုပ်သစ်ချုပ်ဆိုရန်အားလုံးသဘောတူညီမှုရရှိထားပြီးဖြစ်တဲ့မက်ဆီကိုပီအက်စ်ဂျီသို့လက်လွှတ်ဆုံးရှုံးခဲ့ရပြီးဖြစ်ပါတယ်။

ZawGyi

ပီေကးရဲ႕လုပ္ခမ်ားစြာ ေလွ်ာ့ယူမႈေၾကာင့္ ကစားသမားသစ္မ်ားကို မွတ္ပုံတင္လိုက္ႏိုင္ၿပီျဖစ္တဲ့ ဘာကာ

ဘာစီလိုနာအသင္းကဂါရတ္ပီေကးဟာအသင္းရဲ႕ဘ႑ာေရးျပႆနာကိုေျဖရွင္းႏိုင္ရန္အတြက္လုပ္ခအေျမာက္အျမားေလွ်ာ့ယူရန္သေဘာတူညီလိုက္ေၾကာင္း ေက်းဇူးတင္ေၾကညာခ်က္ထုတ္ျပန္လာပါတယ္။

ဘာစီလိုနာဟာဆိုစီဒက္ႏွင့္ကစားရမယ့္လာလီဂါအဖြင့္ပြဲမတိုင္မီတစ္ရက္အလိုတြင္အသစ္ေခၚယူထားတဲ့မမ္ဖစ္ဒီေပး၊အဲရစ္ဂါစီယာ၊ေရးမာနာတို႔အားကစားသမားမွတ္ပုံတင္ႏိုင္ခဲ့ပါတယ္။

ဘာစီလိုနာဟာအသင္းရဲ႕သက္တမ္းရွည္ကစားသမားတစ္ဦးျဖစ္တဲ့ဂါရတ္ပီေကးဘက္ကလုပ္ခမ်ားစြာေလွ်ာ့ယူရန္သေဘာတူညီလိုက္ၿပီးေနာက္ကစားသမားသစ္မ်ားကိုမွတ္ပုံတင္လာႏိုင္တာလည္းျဖစ္ပါတယ္။

ဘာစီလိုနာဟာေႂကြးၿမီယူ႐ို၁ဘီလီယံေက်ာ္တင္ရွိေနျခင္းေၾကာင့္လာလီဂါရဲ႕အသုံးစရိတ္ကန႔္သတ္ျခင္းခံခဲ့ရၿပီးအသုံးစရိတ္၇၀ရာခိုင္ႏႈန္းသို႔အထိေလွ်ာ့ခ်ရန္လိုအပ္ေနခဲ့ပါတယ္။အေစာပိုင္းတုန္းကဘာစီလိုနာဟာအသုံးစရိတ္၉၅ရာခိုင္ႏႈန္းသို႔အထိေလွ်ာ့ခ်ရန္လိုအပ္ေနခဲ့ၿပီးယခုအခါပီေကးဘက္ကလုပ္ခမ်ားစြာေလွ်ာ့ယူလိုက္မႈနဲ႔အတူကစားသမားသစ္မ်ားကိုမွတ္ပုံတင္လာႏိုင္ပါတယ္။

တစ္ဖက္တြင္ဘာစီလိုနာဟာအသင္းရဲ႕သက္တမ္းရွည္ကစားသမားမ်ားျဖစ္ၾကတဲ့ဆာဂ်ီယိုဘက္စ္ကြက္ဇ္၊ေဂ်ာ္ဒီအယ္လ္ဘာတို႔အားလုပ္ခေလွ်ာ့ယူေရးအတြက္ေဆြးေႏြးမႈမ်ားဆက္လက္ျပဳလုပ္ရဦးမွာျဖစ္ပါတယ္။

ဘာစီလိုနာဟာလာလီဂါရဲ႕အသုံးစရိတ္ကန႔္သတ္ခ်က္ခံခဲ့ရမႈေၾကာင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္အားလုံးသေဘာတူညီမႈရရွိထားၿပီးျဖစ္တဲ့မက္ဆီကိုပီအက္စ္ဂ်ီသို႔လက္လႊတ္ဆုံးရႈံးခဲ့ရၿပီးျဖစ္ပါတယ္။