ပီကေး အနားယူသွားမှုကြောင့် ပေါင် ၄၄ သန်း သက်သာလာတော့မယ့် ဘာစီလိုနာ

ဘာစီလိုနာဟာဂါရတ်ပီကေးမှာကစားသမားဘဝမှစောစောစီးစီးအနားယူလာမှုနှင့်အတူပေါင်၄၄သန်းသက်သာလာတော့မှာဖြစ်ပါတယ်။

အသက်၃၅နှစ်ရှိဂါရတ်ပီကေးဟာယနေ့ညတွင်နူးကမ့်တွင်အယ်မာရီယာကိုဧည့်ခံကစားရမယ့်ပွဲစဉ်အပြီးတွင်ကစားသမားဘဝမှအနားယူလာမှာလည်းဖြစ်ပါတယ်။

ဗဟိုနောက်ခံလူပီကေးဟာဘာစီလိုနာတွင်၁၄နှစ်ကြာကစားစဉ်အတွင်း၆၁၅ပွဲကစားလာခဲ့သူလည်းဖြစ်ပါတယ်။

သူဟာယခုရာသီတွင်ဘာစီလိုနာအတွက်လာလီဂါတွင်၃ပွဲတည်းသာကစားရမှု၊ဘာစီလိုနာမှာချန်ပီယံလိဂ်မှထွက်ခွာရမှုနှင့်အတူငွေကြေးအခက်အခဲပိုမိုကြုံတွေ့လာမှုနှင့်အတူ ၂၀၂၄ခုနှစ်တွင်မှစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမဲ့လည်းတစ်နှစ်ကျော်စောပြီးစာချုပ်ဖျက်သိမ်းကာအနားယူလာတော့မှာဖြစ်ပါတယ်။

ဘာစီလိုနာဟာပီကေးဘက်က ကစားသမားဘဝမှအနားယူရန်ဆုံးဖြတ်လာမှုနှင့်အတူအသုံးစရိတ်လုပ်ခပေါင်၄၄သန်းအထိသက်သာလာပါမယ်။

ဘာစီလိုနာနည်းပြဇာဗီးက “ပီကေးကစာချုပ်တစ်ခုရှိနေဆဲဖြစ်တဲ့ကစားသမားတစ်ဦးပါ။ပြီးတော့ဆက်ပြီးတော့ကစားသွားနိုင်တဲ့သူဖြစ်တယ်။သူ့ရဲ့လုပ်ဆောင်မှုကတကယ့်ကိုတုနှိုင်းမရပါဘူး။နွေရာသီအစကတည်းကကျွန်တော်တို့သီးသန့်ပြောဆိုလာခဲ့ကြတယ်။ကျွန်တော့်ရည်ရွယ်ချက်တွေကိုသူ့ကိုပြောပြတယ်။ကျွန်တော့်နည်းပြဘဝမှာအခက်ခဲဆုံးအခိုက်အတန့်တွေထဲကတစ်ခုဖြစ်ပါတယ်။ဒီအပတ်မှာပီကေးရဲ့ဆုံးဖြတ်ချက်ကိုကြားခဲ့ရတယ်။ဒီဆုံးဖြတ်ချက်မှာကျွန်တော်လည်းအရေးပါတဲ့ဖိအားပေးမှုပါဝင်ပါတယ်။ဒါပေမဲ့ပီကေးအပါအဝင်ဘယ်သူနဲ့မဆိုကျွန်တော့်ဘက်ကဆုံးဖြတ်ချက်ချရမှာပါဝင်ရမှာပါပဲ”လို့ပြောကြားသွားပါတယ်။

ZawGyi

ပီေကး အနားယူသြားမႈေၾကာင့္ ေပါင္ ၄၄ သန္း သက္သာလာေတာ့မယ့္ ဘာစီလိုနာ

ဘာစီလိုနာဟာဂါရတ္ပီေကးမွာကစားသမားဘဝမွေစာေစာစီးစီးအနားယူလာမႈႏွင့္အတူေပါင္၄၄သန္းသက္သာလာေတာ့မွာျဖစ္ပါတယ္။

အသက္၃၅ႏွစ္ရွိဂါရတ္ပီေကးဟာယေန႔ညတြင္ႏူးကမ့္တြင္အယ္မာရီယာကိုဧည့္ခံကစားရမယ့္ပြဲစဥ္အၿပီးတြင္ကစားသမားဘဝမွအနားယူလာမွာလည္းျဖစ္ပါတယ္။

ဗဟိုေနာက္ခံလူပီေကးဟာဘာစီလိုနာတြင္၁၄ႏွစ္ၾကာကစားစဥ္အတြင္း၆၁၅ပြဲကစားလာခဲ့သူလည္းျဖစ္ပါတယ္။

သူဟာယခုရာသီတြင္ဘာစီလိုနာအတြက္လာလီဂါတြင္၃ပြဲတည္းသာကစားရမႈ၊ဘာစီလိုနာမွာခ်န္ပီယံလိဂ္မွထြက္ခြာရမႈႏွင့္အတူေငြေၾကးအခက္အခဲပိုမိုႀကဳံေတြ႕လာမႈႏွင့္အတူ ၂၀၂၄ခုႏွစ္တြင္မွစာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ေပမဲ့လည္းတစ္ႏွစ္ေက်ာ္ေစာၿပီးစာခ်ဳပ္ဖ်က္သိမ္းကာအနားယူလာေတာ့မွာျဖစ္ပါတယ္။

ဘာစီလိုနာဟာပီေကးဘက္က ကစားသမားဘဝမွအနားယူရန္ဆုံးျဖတ္လာမႈႏွင့္အတူအသုံးစရိတ္လုပ္ခေပါင္၄၄သန္းအထိသက္သာလာပါမယ္။

ဘာစီလိုနာနည္းျပဇာဗီးက “ပီေကးကစာခ်ဳပ္တစ္ခုရွိေနဆဲျဖစ္တဲ့ကစားသမားတစ္ဦးပါ။ၿပီးေတာ့ဆက္ၿပီးေတာ့ကစားသြားႏိုင္တဲ့သူျဖစ္တယ္။သူ႔ရဲ႕လုပ္ေဆာင္မႈကတကယ့္ကိုတုႏႈိင္းမရပါဘူး။ေႏြရာသီအစကတည္းကကြၽန္ေတာ္တို႔သီးသန႔္ေျပာဆိုလာခဲ့ၾကတယ္။ကြၽန္ေတာ့္ရည္႐ြယ္ခ်က္ေတြကိုသူ႔ကိုေျပာျပတယ္။ကြၽန္ေတာ့္နည္းျပဘဝမွာအခက္ခဲဆုံးအခိုက္အတန႔္ေတြထဲကတစ္ခုျဖစ္ပါတယ္။ဒီအပတ္မွာပီေကးရဲ႕ဆုံးျဖတ္ခ်က္ကိုၾကားခဲ့ရတယ္။ဒီဆုံးျဖတ္ခ်က္မွာကြၽန္ေတာ္လည္းအေရးပါတဲ့ဖိအားေပးမႈပါဝင္ပါတယ္။ဒါေပမဲ့ပီေကးအပါအဝင္ဘယ္သူနဲ႔မဆိုကြၽန္ေတာ့္ဘက္ကဆုံးျဖတ္ခ်က္ခ်ရမွာပါဝင္ရမွာပါပဲ”လို႔ေျပာၾကားသြားပါတယ္။