ပီဒရီရဲ့စာချုပ်သစ်တွင် အာရတ်စော်ဘွားတွေ ဝေးဝေးရှောင်စေမယ့် အချက်ကို ထည့်သွင်းချုပ်ဆိုသွားမယ့် ဘာကာ

ဘာစီလိုနာပါရမီရှင်ကွင်းလယ်ကစားသမားပီဒရီဟာဘာစီလိုနာနှင့်စာချုပ်သစ်အတွင်းတွင်ကမ္ဘာ့ဘောလုံးလောကတွင်တန်ဖိုးအမြင့်မားဆုံးအချက်တစ်ခုထည့်သွင်းချုပ်ဆိုမှုပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

အပြောင်းအရွှေ့သတင်းကျွမ်းကျင်သူဖာဘရီဇီယိုရိုမဲနိုကအသက်၁၈နှစ်ရှိစပိန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာဘာစီလိုနာနှင့်စာချုပ်သစ်ချုပ်ဆိုရန်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။

ပီဒရီဟာအန်ဆူးဖာတီ၊ဂါဗီတို့နှင့်အတူဘာစီလိုနာအကယ်ဒမီထွက်ထိပ်တန်းလူငယ်ပါရမီရှင်ကစားသမားတစ်ဦးဖြစ်ပါတယ်။

သူ့ရဲ့လက်ရှိစာချုပ်မှာ၂၀၂၂ခုနှစ်တွင်ကုန်ဆုံးမှာဖြစ်ပြီးလီဗာပူး၊ဘိုင်ယန်မြူးနစ်၊မန်ယူ၊မန်စီးတီးတို့ရဲ့ပစ်မှတ်ထားခြင်းခံနေရပါတယ်။

ဒါပေမယ့်ဘာစီလိုနာဟာပီဒရီရဲ့အေးဂျင့်များနှင့်စာချုပ်သစ်ချုပ်ဆိုရေးအတွက်သဘောတူညီမှုရရှိထားပြီးဖြစ်ကာစာချုပ်တွင်လက်မှတ်ရေးထိုးရန်သာကျန်တော့ကြောင်းသိရပါတယ်။

အစောပိုင်းတုန်းကဘာစီလိုနာနှင့်ပီဒရီတို့ဟာ၂၀၂၆ခုနှစ်အထိချုပ်ဆိုမယ့်စာချုပ်သစ်အတွင်းတွင်သူ့ကိုခေါ်ယူလိုပါကယူရိုသန်း၆၀၀ပေးရမယ့်အချက်ကိုထည့်သွင်းရန်သဘောတူညီမှုရခဲ့တာပါ။ဒါပေမယ့်နောက်ပိုင်းတွင်ဘာစီလိုနာကလူငယ်ကစားသမားအားအသင်းတွင်ဆက်ထိန်းနိုင်ရေးသေချာစေရန်အတွက်သူ့ကိုခေါ်ယူလိုပါကယူရို၁ဘီလီယံပေးရမယ့်အချက်ကိုထည့်သွင်းချုပ်ရန်ပြင်ဆင်ခဲ့ပါတယ်။

ဒါကြောင့်လည်းပီဒရီဟာစာချုပ်သစ်ချုပ်ဆိုပြီးပါကရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးကာရမ်ဘန်ဇီးမားနှင့်အတူ စာချုပ်အတွင်းတွင်ကမ္ဘာ့အမြင့်မားဆုံးအချက်ကိုထည့်သွင်းချုပ်ဆိုတဲ့ကစားသမားဖြစ်လာပါမယ်။

ဘာစီလိုနာဟာယခုရက်ပိုင်းအတွင်းတွင်ပီဒရီအားစာချုပ်သစ်ချုပ်ဆိုရန်စီစဉ်ထားပြီးမကြာမီကာလအတွင်းမှာထုတ်ပြန်ကြေညာမှုပြုလုပ်လာဖို့ရှိပါတယ်။

ZawGyi

ပီဒရီရဲ႕စာခ်ဳပ္သစ္တြင္ အာရတ္ေစာ္ဘြားေတြ ေဝးေဝးေရွာင္ေစမယ့္ အခ်က္ကို ထည့္သြင္းခ်ဳပ္ဆိုသြားမယ့္ ဘာကာ

ဘာစီလိုနာပါရမီရွင္ကြင္းလယ္ကစားသမားပီဒရီဟာဘာစီလိုနာႏွင့္စာခ်ဳပ္သစ္အတြင္းတြင္ကမာၻ႔ေဘာလုံးေလာကတြင္တန္ဖိုးအျမင့္မားဆုံးအခ်က္တစ္ခုထည့္သြင္းခ်ဳပ္ဆိုမႈျပဳလုပ္သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

အေျပာင္းအေ႐ႊ႕သတင္းကြၽမ္းက်င္သူဖာဘရီဇီယို႐ိုမဲႏိုကအသက္၁၈ႏွစ္ရွိစပိန္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာဘာစီလိုနာႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္သေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္ေၾကာင္းသိရပါတယ္။

ပီဒရီဟာအန္ဆူးဖာတီ၊ဂါဗီတို႔ႏွင့္အတူဘာစီလိုနာအကယ္ဒမီထြက္ထိပ္တန္းလူငယ္ပါရမီရွင္ကစားသမားတစ္ဦးျဖစ္ပါတယ္။

သူ႔ရဲ႕လက္ရွိစာခ်ဳပ္မွာ၂၀၂၂ခုႏွစ္တြင္ကုန္ဆုံးမွာျဖစ္ၿပီးလီဗာပူး၊ဘိုင္ယန္ျမဴးနစ္၊မန္ယူ၊မန္စီးတီးတို႔ရဲ႕ပစ္မွတ္ထားျခင္းခံေနရပါတယ္။

ဒါေပမယ့္ဘာစီလိုနာဟာပီဒရီရဲ႕ေအးဂ်င့္မ်ားႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္သေဘာတူညီမႈရရွိထားၿပီးျဖစ္ကာစာခ်ဳပ္တြင္လက္မွတ္ေရးထိုးရန္သာက်န္ေတာ့ေၾကာင္းသိရပါတယ္။

အေစာပိုင္းတုန္းကဘာစီလိုနာႏွင့္ပီဒရီတို႔ဟာ၂၀၂၆ခုႏွစ္အထိခ်ဳပ္ဆိုမယ့္စာခ်ဳပ္သစ္အတြင္းတြင္သူ႔ကိုေခၚယူလိုပါကယူ႐ိုသန္း၆၀၀ေပးရမယ့္အခ်က္ကိုထည့္သြင္းရန္သေဘာတူညီမႈရခဲ့တာပါ။ဒါေပမယ့္ေနာက္ပိုင္းတြင္ဘာစီလိုနာကလူငယ္ကစားသမားအားအသင္းတြင္ဆက္ထိန္းႏိုင္ေရးေသခ်ာေစရန္အတြက္သူ႔ကိုေခၚယူလိုပါကယူ႐ို၁ဘီလီယံေပးရမယ့္အခ်က္ကိုထည့္သြင္းခ်ဳပ္ရန္ျပင္ဆင္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းပီဒရီဟာစာခ်ဳပ္သစ္ခ်ဳပ္ဆိုၿပီးပါကရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးကာရမ္ဘန္ဇီးမားႏွင့္အတူ စာခ်ဳပ္အတြင္းတြင္ကမာၻ႔အျမင့္မားဆုံးအခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုတဲ့ကစားသမားျဖစ္လာပါမယ္။

ဘာစီလိုနာဟာယခုရက္ပိုင္းအတြင္းတြင္ပီဒရီအားစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္စီစဥ္ထားၿပီးမၾကာမီကာလအတြင္းမွာထုတ္ျပန္ေၾကညာမႈျပဳလုပ္လာဖို႔ရွိပါတယ္။