ပီယာလိုကို ထုတ်ပယ်ကာ အယ်လ်လီဂရီနှင့် ဂျူဗင်တပ် အစားထိုးမည်

ဂျူဗင်တပ်ဟာနည်းပြဟောင်းမက်ဆီမိုအယ်လ်လီဂရီအားနည်းပြသစ်အဖြစ်ခန့်အပ်ရန်စီစဉ်နေပါတယ်။

ဂျူဗင်တပ်ဟာယခုရက်ပိုင်းအတွင်းနည်းပြအင်ဒရေပီယာလိုအားထုတ်ပယ်သွားပါမယ်။ပီယာလိုဟာဂျူဗင်တပ်ကိုကိုပါအီတာလီယာဖလားဆွတ်ခူးပေးထားသော်လည်းချန်ပီယံလိဂ်၁၆သင်းမှထွက်ခွာခဲ့ရမှု၊စီးရီးအေတွင်အဆင့်၄နေရာတွင်သာရပ်တည်နိုင်ခဲ့မှုကြောင့်ခက်ခဲတဲ့ရာသီတစ်ခုနှင့်ရင်ဆိုင်ခဲ့ရပါတယ်။

အသက်၅၆နှစ်ရှိအယ်လ်လီဂရီဟာ၂၀၁၉ခုနှစ်တွင်ဂျူဗင်တပ်မှထွက်ခွာပြီးနောက်ကလပ်လက်မဲ့ဖြစ်လာခဲ့သူဖြစ်ပါတယ်။သူဟာဂျူဗင်တပ်နှင့်အတူစကူဒက်တိုဖလားငါးကြိမ်ဆက်ဆွတ်ခူးနိုင်ခဲ့ကာချန်ပီယံလိဂ်ဗိုလ်လုပွဲသို့နှစ်ကြိမ်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ပီယာလိုဟာဂျူဗင်တပ်နည်းပြရာထူးမှထုတ်ပယ်ခံရမယ့်အရေးဖြင့်ရင်ဆိုင်နေရပေမယ့်ကလပ်လက်မဲ့အဖြစ်ကာလရှည်ရှိနေဖို့မရှိပါဘူး။

ပီယာလိုကိုဆက်စ်ဆူလိုအသင်းကခန့်အပ်လိုနေပါတယ်။ဆက်စ်ဆူလိုဒါရိုက်တာဂျီယိုဗန်နီကာနီဗာလီကပီယာလိုမှာငယ်ရွယ်ပြီးပါရမီရှင်နည်းပြတစ်ဦးဖြစ်ရာ၎င်းတို့အနေဖြင့်အခြားနည်းပြများနှင့်အတူလျာထားကြောင်းဆိုထားပါတယ်။

ZawGyi

ပီယာလိုကို ထုတ္ပယ္ကာ အယ္လ္လီဂရီႏွင့္ ဂ်ဴဗင္တပ္ အစားထိုးမည္

ဂ်ဴဗင္တပ္ဟာနည္းျပေဟာင္းမက္ဆီမိုအယ္လ္လီဂရီအားနည္းျပသစ္အျဖစ္ခန႔္အပ္ရန္စီစဥ္ေနပါတယ္။

ဂ်ဴဗင္တပ္ဟာယခုရက္ပိုင္းအတြင္းနည္းျပအင္ဒေရပီယာလိုအားထုတ္ပယ္သြားပါမယ္။ပီယာလိုဟာဂ်ဴဗင္တပ္ကိုကိုပါအီတာလီယာဖလားဆြတ္ခူးေပးထားေသာ္လည္းခ်န္ပီယံလိဂ္၁၆သင္းမွထြက္ခြာခဲ့ရမႈ၊စီးရီးေအတြင္အဆင့္၄ေနရာတြင္သာရပ္တည္ႏိုင္ခဲ့မႈေၾကာင့္ခက္ခဲတဲ့ရာသီတစ္ခုႏွင့္ရင္ဆိုင္ခဲ့ရပါတယ္။

အသက္၅၆ႏွစ္ရွိအယ္လ္လီဂရီဟာ၂၀၁၉ခုႏွစ္တြင္ဂ်ဴဗင္တပ္မွထြက္ခြာၿပီးေနာက္ကလပ္လက္မဲ့ျဖစ္လာခဲ့သူျဖစ္ပါတယ္။သူဟာဂ်ဴဗင္တပ္ႏွင့္အတူစကူဒက္တိုဖလားငါးႀကိမ္ဆက္ဆြတ္ခူးႏိုင္ခဲ့ကာခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔ႏွစ္ႀကိမ္ပို႔ေဆာင္ေပးႏိုင္ခဲ့ပါတယ္။

ပီယာလိုဟာဂ်ဴဗင္တပ္နည္းျပရာထူးမွထုတ္ပယ္ခံရမယ့္အေရးျဖင့္ရင္ဆိုင္ေနရေပမယ့္ကလပ္လက္မဲ့အျဖစ္ကာလရွည္ရွိေနဖို႔မရွိပါဘူး။

ပီယာလိုကိုဆက္စ္ဆူလိုအသင္းကခန႔္အပ္လိုေနပါတယ္။ဆက္စ္ဆူလိုဒါ႐ိုက္တာဂ်ီယိုဗန္နီကာနီဗာလီကပီယာလိုမွာငယ္႐ြယ္ၿပီးပါရမီရွင္နည္းျပတစ္ဦးျဖစ္ရာ၎တို႔အေနျဖင့္အျခားနည္းျပမ်ားႏွင့္အတူလ်ာထားေၾကာင္းဆိုထားပါတယ္။