ပီယာ့စ်မော်ဂန်နှင့် အင်တာဗျူးထွက်ပေါ်လာပြီးနောက် အိုးထရက်ဖို့ဒ်ရှိ ခရစ္စတီယာနိုရော်နယ်ဒိုပိုစတာကို ယူနိုက်တက်ဖယ်ရှား

မန်ချက်စတာယူနိုက်တက်ဟာပီယာ့စ်မော်ဂန်နှင့်ပြုလုပ်ထားတဲ့အင်တာဗျူးထုတ်လွှင့်လာပြီးနောက်အိုးထရက်ဖို့ဒ်ကွင်းအပြင်ဘက်ရှိခရစ္စတီယာနိုရော်နယ်ဒိုရဲ့ပိုစတာကိုဖယ်ရှားလာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့TalkTV အင်တာဗျူးရဲ့ပထမပိုင်းကိုဗုဒ္ဓဟူးနေ့ကစတင်ထုတ်လွှင့်ခဲ့ပြီးယနေ့တွင်ဆက်လက်ထုတ်လွှင့်လာပါဦးမယ်။

ယင်းအင်တာဗျူးပထမပိုင်းတွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့အပေါ်လေးစားခြင်းမရှိတဲ့အဲရစ်တန်ဟက်ကိုပြန်လည်လေးစားမှာမဟုတ်ကြောင်း၊ကလပ်ရဲ့လက်ရှိအနေအထားနှင့်လေ့ကျင့်ရေးအသုံးအဆောင်ပစ္စည်းများကိုလည်းဝေဖန်ခဲ့သလို ယာယီနည်းပြရေးဖ်ရန်းနစ်ခ်ကိုလည်းတခါမျှမကြားဖူးကြောင်းဆိုသွားပါတယ်။

ဒါ့အပြင်ခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ကိုဝေဖန်ခဲ့တဲ့ကစားဖော်ဟောင်းများဖြစ်ကြတဲ့ဂယ်ရီနဗီးလ်၊ဝိန်းရွန်းနီတို့ကိုဝေဖန်ခဲ့သလိုဂလေဇာမိသားစုမှာလည်းငွေရှာရန်သာစိတ်ဝင်စားကြောင်းဝေဖန်ခဲ့ပါတယ်။

လက်ရှိအချိန်တွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာပေါ်တူဂီနှင့်အတူကမ္ဘာ့ဖလားပြိုင်ပွဲဆင်နွဲရန်ကာတာသို့ရှိနေပါတယ်။ဒါပေမဲ့သူဟာယင်းအင်တာဗျူးကြောင့်ယူနိုက်တက်ရဲ့အပြင်းအထန်အရေးယူခြင်းခံလာရဖို့ရှိပါတယ်။

ယခုအခါယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒိုနှင့်ပတ်သက်ပြီးပထမဆုံးလှုပ်ရှားမှုအနေဖြင့် ဒေးဗစ်ဘက်ဟမ်း၊အဲရစ်ကတန်တိုနာတို့နဲ့အတူကျောနံပါတ်၇ဝတ်ဆင်ထားတဲ့ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ပိုစတာကိုစတင်ဖယ်ရှားလာပြီဖြစ်ပါတယ်။

အစောပိုင်းတုန်းကထွက်ပေါ်ခဲ့တဲ့သတင်းအရယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုပေါင်၁သန်းဒဏ်ရိုက်မယ်လို့သိရပါတယ်။

လက်ရှိအနေအထားအရခရစ္စတီယာနိုရော်နယ်ဒိုအနေဖြင့်ကမ္ဘာ့ဖလားအပြီးတွင်ယူနိုက်တက်သို့ပြန်ရောက်လာဖို့မရှိတော့ဘဲဇန်နဝါရီမှာအသင်းပြောင်းရန်သေချာနေပြီဖြစ်ပါတယ်။

ZawGyi

ပီယာ့စ္ေမာ္ဂန္ႏွင့္ အင္တာဗ်ဴးထြက္ေပၚလာၿပီးေနာက္ အိုးထရက္ဖို႔ဒ္ရွိ ခရစၥတီယာႏိုေရာ္နယ္ဒိုပိုစတာကို ယူႏိုက္တက္ဖယ္ရွား

မန္ခ်က္စတာယူႏိုက္တက္ဟာပီယာ့စ္ေမာ္ဂန္ႏွင့္ျပဳလုပ္ထားတဲ့အင္တာဗ်ဴးထုတ္လႊင့္လာၿပီးေနာက္အိုးထရက္ဖို႔ဒ္ကြင္းအျပင္ဘက္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ပိုစတာကိုဖယ္ရွားလာပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕TalkTV အင္တာဗ်ဴးရဲ႕ပထမပိုင္းကိုဗုဒၶဟူးေန႔ကစတင္ထုတ္လႊင့္ခဲ့ၿပီးယေန႔တြင္ဆက္လက္ထုတ္လႊင့္လာပါဦးမယ္။

ယင္းအင္တာဗ်ဴးပထမပိုင္းတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔အေပၚေလးစားျခင္းမရွိတဲ့အဲရစ္တန္ဟက္ကိုျပန္လည္ေလးစားမွာမဟုတ္ေၾကာင္း၊ကလပ္ရဲ႕လက္ရွိအေနအထားႏွင့္ေလ့က်င့္ေရးအသုံးအေဆာင္ပစၥည္းမ်ားကိုလည္းေဝဖန္ခဲ့သလို ယာယီနည္းျပေရးဖ္ရန္းနစ္ခ္ကိုလည္းတခါမွ်မၾကားဖူးေၾကာင္းဆိုသြားပါတယ္။

ဒါ့အျပင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔ကိုေဝဖန္ခဲ့တဲ့ကစားေဖာ္ေဟာင္းမ်ားျဖစ္ၾကတဲ့ဂယ္ရီနဗီးလ္၊ဝိန္း႐ြန္းနီတို႔ကိုေဝဖန္ခဲ့သလိုဂေလဇာမိသားစုမွာလည္းေငြရွာရန္သာစိတ္ဝင္စားေၾကာင္းေဝဖန္ခဲ့ပါတယ္။

လက္ရွိအခ်ိန္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေပၚတူဂီႏွင့္အတူကမာၻ႔ဖလားၿပိဳင္ပြဲဆင္ႏြဲရန္ကာတာသို႔ရွိေနပါတယ္။ဒါေပမဲ့သူဟာယင္းအင္တာဗ်ဴးေၾကာင့္ယူႏိုက္တက္ရဲ႕အျပင္းအထန္အေရးယူျခင္းခံလာရဖို႔ရွိပါတယ္။

ယခုအခါယူႏိုက္တက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ပတ္သက္ၿပီးပထမဆုံးလႈပ္ရွားမႈအေနျဖင့္ ေဒးဗစ္ဘက္ဟမ္း၊အဲရစ္ကတန္တိုနာတို႔နဲ႔အတူေက်ာနံပါတ္၇ဝတ္ဆင္ထားတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ပိုစတာကိုစတင္ဖယ္ရွားလာၿပီျဖစ္ပါတယ္။

အေစာပိုင္းတုန္းကထြက္ေပၚခဲ့တဲ့သတင္းအရယူႏိုက္တက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုေပါင္၁သန္းဒဏ္႐ိုက္မယ္လို႔သိရပါတယ္။

လက္ရွိအေနအထားအရခရစၥတီယာႏိုေရာ္နယ္ဒိုအေနျဖင့္ကမာၻ႔ဖလားအၿပီးတြင္ယူႏိုက္တက္သို႔ျပန္ေရာက္လာဖို႔မရွိေတာ့ဘဲဇန္နဝါရီမွာအသင္းေျပာင္းရန္ေသခ်ာေနၿပီျဖစ္ပါတယ္။