ပီလီကို ခေါ်ယူရန် ယူနိုက်တက် အစွမ်းကုန်ကြိုးပမ်းခဲ့ဖူး၊ ဘရာဇီးဂန္ထဝင်က သစ္စာရှိစွာဖြင့် သူချစ်တဲ့ ဆန်းတို့စ်တွင် ဆက်ကစားခဲ့

ပီလီဟာသူအကြီးအကျယ်အောင်မြင်တဲ့ခေတ်ကာလတုန်းက မန်ချက်စတာယူနိုက်တက်တွင်ကစားနိုင်မဲ့အခွင့်အရေးကြီးကိုပယ်ချပြီးသူချစ်တဲ့ဆန်းတို့စ်တွင်ပဲသစ္စာရှိစွာကစားသွားခဲ့ပါတယ်။

ဂန္ထဝင်ကစားသမားကြီးဟာကြာသပတေးနေ့တုန်းကအသက်၈၂နှစ်အရွယ်တွင်ကွယ်လွန်သွားခဲ့တဲ့သူဖြစ်ပြီးသူဟာကစားသမားဘဝတစ်ခုလုံးနီးပါးကို ဘရာဇီးထိပ်သီးဆန်းတို့စ်တွင်ကုန်ဆုံးခဲ့သူလည်းဖြစ်ပါတယ်။

သူဟာမွေးရပ်မြေတွင်ဆန်းတို့စ်နှင့်အတူခြေစွမ်းပြကစားနိုင်တဲ့အပြင် ဘရာဇီးနှင့်အတူကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်းခြေစွမ်းပြကစားနိုင်မှုကြောင့် ယူနိုက်တက်အပြင် ရီးရဲလ်မက်ဒရစ်၊အေစီမီလန်တို့ကဲ့သို့ဥရောပထိပ်သီးကလပ်များရဲ့ခေါ်ယူရန်ကြိုးပမ်းခြင်းခံခဲ့ရပါတယ်။

ယူနိုက်တက်ဟာ၁၉၆၈ခုနှစ်တွင်ဘောလုံးသမိုင်းတွင်အကြီးကျယ်ဆုံးကစားသမားအဖြစ်သတ်မှတ်ခြင်းခံထားရတဲ့ပီလီကိုခေါ်ယူရေးအစွမ်းကုန်ကြိုးပမ်းခဲ့ပါတယ်။

ယူနိုက်တက်ဟာဆာမတ်ဘတ်စ်ဘီရဲ့အသင်းတွင်ကမ္ဘာ့ဖလားသုံးကြိမ်ရပီလီကိုကစားစေလိုပြီး တိုက်စစ်တွင်ဆာဘော်လ်ဘီချာလ်တန်၊ဒင်းနစ်လော၊ဂျော့ဘတ်စ်တို့နဲ့တွဲဖက်ကာကမ္ဘာ့အကောင်းဆုံးတိုက်စစ်ကိုဖော်ဆောင်ရန်အားထုတ်ခဲ့ပါတယ်။

ဒါပေမဲ့ပီလီဟာယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကိုပယ်ချပြီးဆန်းတို့စ်မှာပဲကစားရန်ဆုံးဖြတ်ခဲ့ပါတယ်။

ပီလီဟာဆန်းတို့စ်တွင်၁၈နှစ်ကျော်ကစားခဲ့ပြီး၆၅၉ပွဲကစားခဲ့ရာမှာ၆၄၃ဂိုးသွင်းယူပေးခဲ့ပါတယ်။

ပီလီဟာဆန်းတို့စ်မှထွက်ခွာပြီးနောက် အမေရိကန်မေဂျာလိဂ်ကလပ် New York Cosmos တွင်လည်းကစားခဲ့ကာဂျာမန်ဂန္ထဝင်ဖရန့်ဘက်ကင်ဘောင်ဝါ၊ဘရာဇီးကစားဖော်ကားလို့စ်အယ်ဘာတိုတို့နှင့်တွဲကစားခဲ့ပါတယ်။

၂၀၁၅ခုနှစ်တုန်းကယူနိုက်တက်ရဲ့ခေါ်ယူရန်ကြိုးပမ်းမှုနဲ့ပတ်သက်ပြီးပီလီက “ဥရောပသို့လာကစားဖို့အကြိမ်ပေါင်းများစွာကမ်းလှမ်းခြင်းခံခဲ့ရတယ်။ရီးရဲလ်မက်ဒရစ်၊မီလန်၊မန်ချက်စတာယူနိုက်တက်တို့ပါတယ်။ဒါပေမဲ့ကျွန်တော်ကအိုကေပါတယ်။အဲဒီတုန်းကဆန်းတို့စ်ကအကောင်းဆုံးကလပ်ပါ။ဒါပေမဲ့ဒီကနေ့မှာတော့ကွဲပြားသွားပါပြီ။ကျွန်တော်တို့ခေတ်တုန်းကအေးဂျင့်မရှိဘူး။အခုခေတ်မှာကဘယ်ကိုသွားကစားမယ်ဆိုတာကစားသမားကဆုံးဖြတ်တာမဟုတ်ဘဲအေးဂျင့်ကဆုံးဖြတ်တာပါ”လို့ပြောကြားသွားပါတယ်။

ပီလီဟာဥရောပဘောလုံးလောကတွင်တစ်ကြိမ်မျှကျင်လည်ခဲ့ဖူးခြင်းမရှိဘဲ၁၉၇၅ခုနှစ်တွင်New York Cosmos သို့ပြောင်းခဲ့ကာ၁၉၇၇ခုနှစ်မှာကစားသမားဘဝမှအနားယူခဲ့ပါတယ်။

ZawGyi

ပီလီကို ေခၚယူရန္ ယူႏိုက္တက္ အစြမ္းကုန္ႀကိဳးပမ္းခဲ့ဖူး၊ ဘရာဇီးဂႏၴဝင္က သစၥာရွိစြာျဖင့္ သူခ်စ္တဲ့ ဆန္းတို႔စ္တြင္ ဆက္ကစားခဲ့

ပီလီဟာသူအႀကီးအက်ယ္ေအာင္ျမင္တဲ့ေခတ္ကာလတုန္းက မန္ခ်က္စတာယူႏိုက္တက္တြင္ကစားႏိုင္မဲ့အခြင့္အေရးႀကီးကိုပယ္ခ်ၿပီးသူခ်စ္တဲ့ဆန္းတို႔စ္တြင္ပဲသစၥာရွိစြာကစားသြားခဲ့ပါတယ္။

ဂႏၴဝင္ကစားသမားႀကီးဟာၾကာသပေတးေန႔တုန္းကအသက္၈၂ႏွစ္အ႐ြယ္တြင္ကြယ္လြန္သြားခဲ့တဲ့သူျဖစ္ၿပီးသူဟာကစားသမားဘဝတစ္ခုလုံးနီးပါးကို ဘရာဇီးထိပ္သီးဆန္းတို႔စ္တြင္ကုန္ဆုံးခဲ့သူလည္းျဖစ္ပါတယ္။

သူဟာေမြးရပ္ေျမတြင္ဆန္းတို႔စ္ႏွင့္အတူေျခစြမ္းျပကစားႏိုင္တဲ့အျပင္ ဘရာဇီးႏွင့္အတူကမာၻ႔ဖလားၿပိဳင္ပြဲတြင္လည္းေျခစြမ္းျပကစားႏိုင္မႈေၾကာင့္ ယူႏိုက္တက္အျပင္ ရီးရဲလ္မက္ဒရစ္၊ေအစီမီလန္တို႔ကဲ့သို႔ဥေရာပထိပ္သီးကလပ္မ်ားရဲ႕ေခၚယူရန္ႀကိဳးပမ္းျခင္းခံခဲ့ရပါတယ္။

ယူႏိုက္တက္ဟာ၁၉၆၈ခုႏွစ္တြင္ေဘာလုံးသမိုင္းတြင္အႀကီးက်ယ္ဆုံးကစားသမားအျဖစ္သတ္မွတ္ျခင္းခံထားရတဲ့ပီလီကိုေခၚယူေရးအစြမ္းကုန္ႀကိဳးပမ္းခဲ့ပါတယ္။

ယူႏိုက္တက္ဟာဆာမတ္ဘတ္စ္ဘီရဲ႕အသင္းတြင္ကမာၻ႔ဖလားသုံးႀကိမ္ရပီလီကိုကစားေစလိုၿပီး တိုက္စစ္တြင္ဆာေဘာ္လ္ဘီခ်ာလ္တန္၊ဒင္းနစ္ေလာ၊ေဂ်ာ့ဘတ္စ္တို႔နဲ႔တြဲဖက္ကာကမာၻ႔အေကာင္းဆုံးတိုက္စစ္ကိုေဖာ္ေဆာင္ရန္အားထုတ္ခဲ့ပါတယ္။

ဒါေပမဲ့ပီလီဟာယူႏိုက္တက္ရဲ႕ကမ္းလွမ္းမႈကိုပယ္ခ်ၿပီးဆန္းတို႔စ္မွာပဲကစားရန္ဆုံးျဖတ္ခဲ့ပါတယ္။

ပီလီဟာဆန္းတို႔စ္တြင္၁၈ႏွစ္ေက်ာ္ကစားခဲ့ၿပီး၆၅၉ပြဲကစားခဲ့ရာမွာ၆၄၃ဂိုးသြင္းယူေပးခဲ့ပါတယ္။

ပီလီဟာဆန္းတို႔စ္မွထြက္ခြာၿပီးေနာက္ အေမရိကန္ေမဂ်ာလိဂ္ကလပ္ New York Cosmos တြင္လည္းကစားခဲ့ကာဂ်ာမန္ဂႏၴဝင္ဖရန႔္ဘက္ကင္ေဘာင္ဝါ၊ဘရာဇီးကစားေဖာ္ကားလို႔စ္အယ္ဘာတိုတို႔ႏွင့္တြဲကစားခဲ့ပါတယ္။

၂၀၁၅ခုႏွစ္တုန္းကယူႏိုက္တက္ရဲ႕ေခၚယူရန္ႀကိဳးပမ္းမႈနဲ႔ပတ္သက္ၿပီးပီလီက “ဥေရာပသို႔လာကစားဖို႔အႀကိမ္ေပါင္းမ်ားစြာကမ္းလွမ္းျခင္းခံခဲ့ရတယ္။ရီးရဲလ္မက္ဒရစ္၊မီလန္၊မန္ခ်က္စတာယူႏိုက္တက္တို႔ပါတယ္။ဒါေပမဲ့ကြၽန္ေတာ္ကအိုေကပါတယ္။အဲဒီတုန္းကဆန္းတို႔စ္ကအေကာင္းဆုံးကလပ္ပါ။ဒါေပမဲ့ဒီကေန႔မွာေတာ့ကြဲျပားသြားပါၿပီ။ကြၽန္ေတာ္တို႔ေခတ္တုန္းကေအးဂ်င့္မရွိဘူး။အခုေခတ္မွာကဘယ္ကိုသြားကစားမယ္ဆိုတာကစားသမားကဆုံးျဖတ္တာမဟုတ္ဘဲေအးဂ်င့္ကဆုံးျဖတ္တာပါ”လို႔ေျပာၾကားသြားပါတယ္။

ပီလီဟာဥေရာပေဘာလုံးေလာကတြင္တစ္ႀကိမ္မွ်က်င္လည္ခဲ့ဖူးျခင္းမရွိဘဲ၁၉၇၅ခုႏွစ္တြင္New York Cosmos သို႔ေျပာင္းခဲ့ကာ၁၉၇၇ခုႏွစ္မွာကစားသမားဘဝမွအနားယူခဲ့ပါတယ္။