
ဘရာဇီးဟာဂန္ထဝင်တိုက်စစ်မှူးပီလီကိုဂုဏ်ပြုတဲ့အနေဖြင့်ဘရာဇီးအင်္ကျီရှိကြယ်ငါးပွင့်မှကြယ်သုံးပွင့်ကိုပြောင်းလဲသွားမည်ဖြစ်ကြောင်းသိရပါတယ်။
အသက်၈၂နှစ်ရှိပီလီဟာမကျန်းမမာဖြစ်နေပြီးဆေးရုံသို့အရေးပေါ်တက်ရောက်ကုသမှုခံယူနေရပါတယ်။
ပီလီဟာအူမကြီးကင်ဆာရောဂါဝေဒနာတိုက်ပွဲရင်ဆိုင်နေရသူဖြစ်ပြီးမကြာသေးမီတုန်းကဓာတုကုထုံးကုသမှုကိုရပ်ဆိုင်းခဲ့ပါတယ်။
ဒါပေမဲ့ယင်းနောက်ပိုင်းတွင်ပီလီရဲ့ကျန်းမာရေးအခြေအနေဟာကောင်းမွန်တိုးတက်လာနေပါတယ်။
ဘရာဇီးအသင်းဟာတောင်ကိုရီးယားကိုအနိုင်ရရှိတဲ့ကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်အပြီးတွင်ပီလီကိုဂုဏ်ပြုတဲ့နဖူးစည်းကိုင်ဆောင်ခဲ့ကြပါတယ်။
ဒါ့အပြင်ဘရာဇီးအသင်းဟာနောက်ထပ်ပီလီကိုဂုဏ်ပြုမှုပြုလုပ်လာပါဦးမယ်။
ဘရာဇီးဟာကမ္ဘာ့ဖလားငါးကြိမ်ဆွတ်ခူးထားမှုအထိမ်းအမှတ်အဖြစ် ဘရာဇီးအင်္ကျီမှကြယ်ငါးပွင့်ကိုပြောင်းလဲဂုဏ်ပြုလာပါတယ်။
ဘရာဇီးဟာအင်္ကျီရှိကြယ်ငါးပွင့်မှသုံးပွင့်ကိုအသည်းပုံအဖြစ်ပြောင်းလဲကာပီလီကိုဂုဏ်ပြုလာမှာလည်းဖြစ်ပါတယ်။
ဘရာဇီးဟာကမ္ဘာ့ဖလားငါးကြိမ်ဆွတ်ခူးခဲ့ရာမှာပီလီက၁၉၅၈၊၁၉၆၂နှင့်၁၉၇၀တို့တွင်ပီလီပါဝင်ခဲ့ပါတယ်။
ဘရာဇီးဟာလာမယ့်မတ်လတွင်နိုင်ငံတကာပွဲကစားသွားရမှာဖြစ်ပါတယ်။ဒါပေမဲ့ဘရာဇီးဟာကြယ်ငါးပွင့်မှသုံးပွင့်ကိုအသည်းပုံအဖြစ်ပြောင်းလဲပြီးပီလီကိုဂုဏ်ပြုလာတဲ့အင်္ကျီကိုဘယ်ပွဲမှာစတင်ဝတ်ဆင်လာမလဲမကြေညာရသေးပါဘူး။
ZawGyi
ပီလီကို ဂုဏ်ပြုတဲ့အနေဖြင့် ဘရာဇီးအင်္ကျီမှ ကြယ်သုံးပွင့်ကို အသည်းပုံအဖြစ် ပြောင်းသုံးလာမဲ့ ဘရာဇီး