
ကိုင်လီယန်ဘက်ပေးဟာမနေ့ညတုန်းကပိုလန်ကို၃-၁ဂိုးဖြင့်အနိုင်ရရှိကာပြင်သစ်တို့ကမ္ဘာ့ဖလားကွာတားဖိုင်နယ်သို့တက်ရောက်သွားခဲ့တဲ့ပွဲတွင်နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပီလီရဲ့ကမ္ဘာ့ဖလားစံချိန်ကိုရိုက်ချိုးလာနိုင်ခဲ့ပါတယ်။
ကိုင်လီယန်ဘက်ပေးဟာပိုလန်နှင့်ပွဲမတိုင်မီကမ္ဘာ့ဖလားပြိုင်ပွဲတွင်အသက်၂၄နှစ်ရှိကစားသမားများတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ပီလီနှင့်၇ဂိုးဖြင့်ရပ်တည်နေခဲ့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီစတားဟာမနေ့ညတုန်းကပိုလန်ကို၃-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်နှစ်ဂိုးသွင်းယူနိုင်ပြီးနောက်၉ဂိုးဖြင့်ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင်အသက်၂၄နှစ်အောက်ကစားသမားများတွင်ဂိုးအများဆုံးသွင်းယူလာနိုင်ခဲ့ပါတယ်။
ဘက်ပေးဟာကမ္ဘာ့ဖလားပွဲ၁၁ပွဲကစားထားရာမှာ၉ဂိုးသွင်းထားနိုင်တာဖြစ်ပြီးမက်ဆီရဲ့ကမ္ဘာ့ဖလား၅ကြိမ်သွင်းဂိုးပမာဏနှင့်အတူတူဖြစ်နေပါတယ်။
သူဟာလာမယ့်ကမ္ဘာ့ဖလားရှုံးထွက်ပွဲစဉ်များတွင်ဂိုးများထပ်မံသွင်းယူနိုင်ကာဗိုလ်လုပွဲသို့တက်ရောက်နိုင်မည်ဆိုပါက ပီလီရဲ့ကမ္ဘာ့ဖလားသွင်းဂိုး ၁၁ဂိုးစံချိန်ကိုပါရိုက်ချိုးလာနိုင်ဖို့ရှိနေပါတယ်။
ဒါ့အပြင်သူဟာအသက်၂၃နှစ်အရွယ်တည်းသာရှိသေးရာကလိုဆေးရဲ့ကမ္ဘာ့ဖလားသမိုင်းတွင်ဂိုးအများဆုံးသွင်းယူထားတဲ့၁၆ဂိုးစံချိန်ကိုလည်းရိုက်ချိုးလာဖို့ရှိနေပါတယ်။
ဘက်ပေးဟာပိုလန်နှင့်ပွဲတွင်ကိုယ်တိုင်နှစ်ဂိုးသွင်းခဲ့တဲ့အပြင်ဂျရူးကိုလည်းပြင်သစ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်စံချိန်တင်နိုင်အောင်ဖန်တီးပေးခဲ့ပါတယ်။
ဂျရူးဟာမနေ့ညတုန်းကပိုလန်နှင့်ပွဲတွင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ၅၂ဂိုးဖြင့်ပြင်သစ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူဖြစ်လာကာသီယာရီဟင်နရီရဲ့၅၁ဂိုးစံချိန်ကိုရိုက်ချိုးနိုင်ခဲ့ပါတယ်။
ZawGyi
ပီလီရဲ႕ကမာၻ႔ဖလားစံခ်ိန္ကို ကိုင္လီယန္ဘက္ေပး ႐ိုက္ခ်ိဳးလိုက္ၿပီ
ကိုင္လီယန္ဘက္ေပးဟာမေန႔ညတုန္းကပိုလန္ကို၃-၁ဂိုးျဖင့္အႏိုင္ရရွိကာျပင္သစ္တို႔ကမာၻ႔ဖလားကြာတားဖိုင္နယ္သို႔တက္ေရာက္သြားခဲ့တဲ့ပြဲတြင္ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ပီလီရဲ႕ကမာၻ႔ဖလားစံခ်ိန္ကို႐ိုက္ခ်ိဳးလာႏိုင္ခဲ့ပါတယ္။
ကိုင္လီယန္ဘက္ေပးဟာပိုလန္ႏွင့္ပြဲမတိုင္မီကမာၻ႔ဖလားၿပိဳင္ပြဲတြင္အသက္၂၄ႏွစ္ရွိကစားသမားမ်ားတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ပီလီႏွင့္၇ဂိုးျဖင့္ရပ္တည္ေနခဲ့တာျဖစ္ပါတယ္။
ပီအက္စ္ဂ်ီစတားဟာမေန႔ညတုန္းကပိုလန္ကို၃-၁ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ႏွစ္ဂိုးသြင္းယူႏိုင္ၿပီးေနာက္၉ဂိုးျဖင့္ကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းတြင္အသက္၂၄ႏွစ္ေအာက္ကစားသမားမ်ားတြင္ဂိုးအမ်ားဆုံးသြင္းယူလာႏိုင္ခဲ့ပါတယ္။
ဘက္ေပးဟာကမာၻ႔ဖလားပြဲ၁၁ပြဲကစားထားရာမွာ၉ဂိုးသြင္းထားႏိုင္တာျဖစ္ၿပီးမက္ဆီရဲ႕ကမာၻ႔ဖလား၅ႀကိမ္သြင္းဂိုးပမာဏႏွင့္အတူတူျဖစ္ေနပါတယ္။
သူဟာလာမယ့္ကမာၻ႔ဖလားရႈံးထြက္ပြဲစဥ္မ်ားတြင္ဂိုးမ်ားထပ္မံသြင္းယူႏိုင္ကာဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္မည္ဆိုပါက ပီလီရဲ႕ကမာၻ႔ဖလားသြင္းဂိုး ၁၁ဂိုးစံခ်ိန္ကိုပါ႐ိုက္ခ်ိဳးလာႏိုင္ဖို႔ရွိေနပါတယ္။
ဒါ့အျပင္သူဟာအသက္၂၃ႏွစ္အ႐ြယ္တည္းသာရွိေသးရာကလိုေဆးရဲ႕ကမာၻ႔ဖလားသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူထားတဲ့၁၆ဂိုးစံခ်ိန္ကိုလည္း႐ိုက္ခ်ိဳးလာဖို႔ရွိေနပါတယ္။
ဘက္ေပးဟာပိုလန္ႏွင့္ပြဲတြင္ကိုယ္တိုင္ႏွစ္ဂိုးသြင္းခဲ့တဲ့အျပင္ဂ်႐ူးကိုလည္းျပင္သစ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္စံခ်ိန္တင္ႏိုင္ေအာင္ဖန္တီးေပးခဲ့ပါတယ္။
ဂ်႐ူးဟာမေန႔ညတုန္းကပိုလန္ႏွင့္ပြဲတြင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ၅၂ဂိုးျဖင့္ျပင္သစ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူျဖစ္လာကာသီယာရီဟင္နရီရဲ႕၅၁ဂိုးစံခ်ိန္ကို႐ိုက္ခ်ိဳးႏိုင္ခဲ့ပါတယ္။