ပီလီရဲ့သွင်းဂိုးနှင့်ဖန်တီးမှုစံချိန်ကို ကျော်ဖြတ်ထားနိုင်ပြီဖြစ်တဲ့ မက်ဆီ

လီယွန်နယ်မက်ဆီဟာပီလီရဲ့သွင်းဂိုးနှင့်ဖန်တီးမှုကိုစံချိန်ကိုကျော်ဖြတ်ထားနိုင်ပြီဖြစ်ပါတယ်။

အာဂျင်တီးနားစူပါစတားဟာကြားရက်တုန်းကပီအက်စ်ဂျီကမက္ကဘီဟိုက်ဖာကို၇-၂ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ထိပ်တန်းခြေစွမ်းပြသနိုင်ပါတယ်။

သူဟာကိုယ်တိုင်နှစ်ဂိုးသွင်းခဲ့သလိုဂိုးရအောင်လည်းနှစ်ကြိမ်ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်းမက်ဆီဟာကစားသမားဘဝတစ်လျှောက်လုံးတွင်ဂိုးရရှိရာတွင်ပါဝင်မှု၁၁၂၇ကြိမ်အထိရှိလာပါတယ်။

သူဟာပီလီရဲ့ဂိုးနှင့်ဖန်တီးမှု၁၁၂၆ကြိမ်စံချိန်ကိုကျော်ဖြတ်လာတာလည်းဖြစ်ပါတယ်။

မက်ဆီဟာကစားသမားဘဝအတွင်းတွင်ဘာစီလိုနာအတွက်၆၇၂ဂိုး၊ပီအက်စ်ဂျီအတွက်၂၂ဂိုး၊အာဂျင်တီးနားအတွက်ဂိုး၉၀သွင်းထားပါတယ်။

သူဟာဂိုးဖန်တီးမှုတွင်လည်းအံ့ဩသင့်စရာကောင်းလောက်အောင်ကောင်းမွန်မှုနှင့်ဂိုး+ဖန်တီးမှု တစ်ထောင်ကျော်အထိပြုလုပ်ထားနိုင်တာလည်းဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။မက်ဆီဟာပီအက်စ်ဂျီအတွက်၂ဂိုးသွင်းကာ၂ကြိမ်ဖန်တီးပြီးနောက်ချန်ပီယံလိဂ်သမိုင်းတွင်အသက်အကြီးဆုံးတစ်ပွဲတည်းတွင်၂ဂိုးသွင်းပြီး၂ကြိမ်ဖန်တီးနိုင်သူအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

သူဟာချန်ပီယံလိဂ်အုပ်စုဂိုး၈၅ဂိုးအထိရှိထားပြီးခရစ္စတီယာနိုရော်နယ်ဒိုရဲ့၇၃ဂိုးစံချိန်ကိုရိုက်ချိုးထားတာကြာပါပြီ။

ဒါ့အပြင်မက်ဆီဟာယခုရာသီတွင်ဥရောပထိပ်သီးလိဂ်ငါးခုတွင် ၁၁ဂိုးသွင်းပြီး၁၂ကြိမ်ဖန်တီးထားနိုင်တဲ့ပထမဆုံးကစားသမားအဖြစ်ရပ်တည်နေပါတယ်။

ZawGyi

ပီလီရဲ႕သြင္းဂိုးႏွင့္ဖန္တီးမႈစံခ်ိန္ကို ေက်ာ္ျဖတ္ထားႏိုင္ၿပီျဖစ္တဲ့ မက္ဆီ

လီယြန္နယ္မက္ဆီဟာပီလီရဲ႕သြင္းဂိုးႏွင့္ဖန္တီးမႈကိုစံခ်ိန္ကိုေက်ာ္ျဖတ္ထားႏိုင္ၿပီျဖစ္ပါတယ္။

အာဂ်င္တီးနားစူပါစတားဟာၾကားရက္တုန္းကပီအက္စ္ဂ်ီကမကၠဘီဟိုက္ဖာကို၇-၂ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ထိပ္တန္းေျခစြမ္းျပသႏိုင္ပါတယ္။

သူဟာကိုယ္တိုင္ႏွစ္ဂိုးသြင္းခဲ့သလိုဂိုးရေအာင္လည္းႏွစ္ႀကိမ္ဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းမက္ဆီဟာကစားသမားဘဝတစ္ေလွ်ာက္လုံးတြင္ဂိုးရရွိရာတြင္ပါဝင္မႈ၁၁၂၇ႀကိမ္အထိရွိလာပါတယ္။

သူဟာပီလီရဲ႕ဂိုးႏွင့္ဖန္တီးမႈ၁၁၂၆ႀကိမ္စံခ်ိန္ကိုေက်ာ္ျဖတ္လာတာလည္းျဖစ္ပါတယ္။

မက္ဆီဟာကစားသမားဘဝအတြင္းတြင္ဘာစီလိုနာအတြက္၆၇၂ဂိုး၊ပီအက္စ္ဂ်ီအတြက္၂၂ဂိုး၊အာဂ်င္တီးနားအတြက္ဂိုး၉၀သြင္းထားပါတယ္။

သူဟာဂိုးဖန္တီးမႈတြင္လည္းအံ့ဩသင့္စရာေကာင္းေလာက္ေအာင္ေကာင္းမြန္မႈႏွင့္ဂိုး+ဖန္တီးမႈ တစ္ေထာင္ေက်ာ္အထိျပဳလုပ္ထားႏိုင္တာလည္းျဖစ္ပါတယ္။

ဒါတင္မကေသးပါဘူး။မက္ဆီဟာပီအက္စ္ဂ်ီအတြက္၂ဂိုးသြင္းကာ၂ႀကိမ္ဖန္တီးၿပီးေနာက္ခ်န္ပီယံလိဂ္သမိုင္းတြင္အသက္အႀကီးဆုံးတစ္ပြဲတည္းတြင္၂ဂိုးသြင္းၿပီး၂ႀကိမ္ဖန္တီးႏိုင္သူအျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။

သူဟာခ်န္ပီယံလိဂ္အုပ္စုဂိုး၈၅ဂိုးအထိရွိထားၿပီးခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕၇၃ဂိုးစံခ်ိန္ကို႐ိုက္ခ်ိဳးထားတာၾကာပါၿပီ။

ဒါ့အျပင္မက္ဆီဟာယခုရာသီတြင္ဥေရာပထိပ္သီးလိဂ္ငါးခုတြင္ ၁၁ဂိုးသြင္းၿပီး၁၂ႀကိမ္ဖန္တီးထားႏိုင္တဲ့ပထမဆုံးကစားသမားအျဖစ္ရပ္တည္ေနပါတယ္။