ပီလီရဲ့အသုဘအခမ်းအနားသို့ မတက်ရောက်မှုအတွက် နေမာ ဝေဖန်မှုများ ရင်ဆိုင်နေရ

ပီအက်စ်ဂျီစတားနေမာဟာဘရာဇီးဂန္ထဝင်ပီလီရဲ့အသုဘအခမ်းအနားသို့မတက်ရောက်မှုအတွက်ဝေဖန်မှုများနှင့်ရင်ဆိုင်နေရပါတယ်။

ဘောလုံးဂန္ထဝင်ပီလီဟာပြီးခဲ့တဲ့အပတ်တုန်းကအသက်၈၂နှစ်အရွယ်တွင်ကွယ်လွန်သွားခဲ့ပြီးအင်္ဂါနေ့တုန်းကဆန်းတို့စ်အသင်းဘောလုံးကွင်းတွင်ပရိသတ်များနောက်ဆုံးအကြိမ်မြင်တွေ့ရစေရန်ပြသပြီးနောက်သီးသန့်သင်္ချိုင်းတွင်မြှပ်နှံခဲ့ပါတယ်။

နေမာဟာပီလီကွယ်လွန်သွားပြီးနောက်အင်စတာဂရမ်ကနေဂုဏ်ပြုစာရေးသားခဲ့ပါသေးတယ်။

နေမာဟာလက်ရှိအချိန်တွင်ဘရာဇီးဘောလုံးလောကရဲ့အကြီးကျယ်ဆုံးစူပါစတားအဖြစ်သတ်မှတ်ခံထားရသူဖြစ်ပြီးပီလီရဲ့အသုဘအခမ်းအနားသို့တက်ရောက်မယ်လို့ယူဆခြင်းခံထားရသူလည်းဖြစ်ပါတယ်။

ဒါပေမဲ့နေမာဟာဘရာဇီးသို့ပြန်ပြီးပီလီကိုဂါရဝမပြုမှုဘဲပီအက်စ်ဂျီအသင်းနှင့်အတူလေ့ကျင့်ခန်းဆက်ဆင်းနေမှုနဲ့အတူဝေဖန်မှုများနှင့်ရင်ဆိုင်နေရပါတယ်။

Brasil Urgente တင်ဆက်သူဟိုဆေးလူးဝစ်ဇ်ဒါတီနာက “နေမာအနေနဲ့လာချင်ရင်ပီအက်စ်ဂျီကိုဖိအားပေးလို့ရတယ်။သူဟာပါတီပွဲတွေတက်ဖို့ဖိအားတွေပေးခဲ့ဖူးပြီးသားပါ။အခုပီလီကိုနှုတ်ဆက်ခွင့်ပေးဖို့ပီအက်စ်ဂျီကိုမတောင်းဆိုရတာလဲ။နေမာကပီလီရဲ့အသုဘကိုလာကြည့်ပြီးနှုတ်ဆက်သင့်တဲ့ဘရာဇီးကစားသမားတစ်ဦးပါ။ဘရာဇီးဘောလုံးအတွက်အရမ်းအရေးပါပါတယ်”လို့ပြောကြားသွားပါတယ်။

ပီလီရဲ့အသုဘအခမ်းအနားသို့နေမာကိုယ်တိုင်မတက်ရောက်ပေမဲ့လည်းဖခင်ဖြစ်သူကိုကိုယ်စားစေလွှတ်တက်ရောက်စေခဲ့ပါတယ်။

zawgyi

ပီလီရဲ႕အသုဘအခမ္းအနားသို႔ မတက္ေရာက္မႈအတြက္ ေနမာ ေဝဖန္မႈမ်ား ရင္ဆိုင္ေနရ

ပီအက္စ္ဂ်ီစတားေနမာဟာဘရာဇီးဂႏၴဝင္ပီလီရဲ႕အသုဘအခမ္းအနားသို႔မတက္ေရာက္မႈအတြက္ေဝဖန္မႈမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။

ေဘာလုံးဂႏၴဝင္ပီလီဟာၿပီးခဲ့တဲ့အပတ္တုန္းကအသက္၈၂ႏွစ္အ႐ြယ္တြင္ကြယ္လြန္သြားခဲ့ၿပီးအဂၤါေန႔တုန္းကဆန္းတို႔စ္အသင္းေဘာလုံးကြင္းတြင္ပရိသတ္မ်ားေနာက္ဆုံးအႀကိမ္ျမင္ေတြ႕ရေစရန္ျပသၿပီးေနာက္သီးသန႔္သခ်ႋဳင္းတြင္ျမႇပ္ႏွံခဲ့ပါတယ္။

ေနမာဟာပီလီကြယ္လြန္သြားၿပီးေနာက္အင္စတာဂရမ္ကေနဂုဏ္ျပဳစာေရးသားခဲ့ပါေသးတယ္။

ေနမာဟာလက္ရွိအခ်ိန္တြင္ဘရာဇီးေဘာလုံးေလာကရဲ႕အႀကီးက်ယ္ဆုံးစူပါစတားအျဖစ္သတ္မွတ္ခံထားရသူျဖစ္ၿပီးပီလီရဲ႕အသုဘအခမ္းအနားသို႔တက္ေရာက္မယ္လို႔ယူဆျခင္းခံထားရသူလည္းျဖစ္ပါတယ္။

ဒါေပမဲ့ေနမာဟာဘရာဇီးသို႔ျပန္ၿပီးပီလီကိုဂါရဝမျပဳမႈဘဲပီအက္စ္ဂ်ီအသင္းႏွင့္အတူေလ့က်င့္ခန္းဆက္ဆင္းေနမႈနဲ႔အတူေဝဖန္မႈမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။

Brasil Urgente တင္ဆက္သူဟိုေဆးလူးဝစ္ဇ္ဒါတီနာက “ေနမာအေနနဲ႔လာခ်င္ရင္ပီအက္စ္ဂ်ီကိုဖိအားေပးလို႔ရတယ္။သူဟာပါတီပြဲေတြတက္ဖို႔ဖိအားေတြေပးခဲ့ဖူးၿပီးသားပါ။အခုပီလီကိုႏႈတ္ဆက္ခြင့္ေပးဖို႔ပီအက္စ္ဂ်ီကိုမေတာင္းဆိုရတာလဲ။ေနမာကပီလီရဲ႕အသုဘကိုလာၾကည့္ၿပီးႏႈတ္ဆက္သင့္တဲ့ဘရာဇီးကစားသမားတစ္ဦးပါ။ဘရာဇီးေဘာလုံးအတြက္အရမ္းအေရးပါပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ပီလီရဲ႕အသုဘအခမ္းအနားသို႔ေနမာကိုယ္တိုင္မတက္ေရာက္ေပမဲ့လည္းဖခင္ျဖစ္သူကိုကိုယ္စားေစလႊတ္တက္ေရာက္ေစခဲ့ပါတယ္။