
ပီလီရဲ့လျို့ဝှက်သမီးတစ်ဦးဟာဘောလုံးဂန္ထှဝင်ကြီးချန်ထားခဲ့တဲ့ပေါင်သန်း၈၀ကိုခွဲဝေရယူရန်အတွက်ပီလီရဲ့သမီးဟုတ်/မဟုတ် DNA စစ်ဆေးမှုခံယူလာတော့မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းကအသက်၈၂နှစ်အရွယ်တွင်ကွယ်လွန်သွားခဲ့တဲ့ဂန္ထဝင်ဘောလုံးသမားဟာသူ့ပိုင်ဆိုင်မှုအားလုံးရဲ့၃၀ရာခိုင်နှုန်းကိုတတိယဇနီးသည်မာစီယာကိုလွဲပေးခဲ့ပြီးကျန်ငွေများကိုသူ့သားသမီးများကိုပေးခဲ့ပါတယ်။
ပီလီဟာသားသမီး၇ဦးရှိသူအဖြစ်လူသိများပါတယ်။ဒါပေမဲ့သူ့တွင်လျို့ဝှက်သမီးတစ်ဦးလည်းရှိတယ်လို့စွပ်စွဲခံထားရပါတယ်၊ဒါပေမဲ့ပီလီဟာသူသေဆုံးတဲ့အထိယင်းသမီးကိုသူ့သမီးအဖြစ်မသတ်မှတ်ခဲ့ပါဘူး။
ယခုအခါမှာတော့ရှစ်ယောက်မြောက်သားသမီးဟာ DNA စစ်ဆေးမှုခံယူပြီးအမွေရယူရေးကြိုးပမ်းလာတော့မှာဖြစ်ပါတယ်။
ပီလီရဲ့ဇနီးသည်မာစီယာရဲ့ရှေ့နေလူးဝစ်ဇ်ဂီဂနယ်ကနောက်ထပ်သမီးတစ်ဦးမှာDNA စစ်ဆေးမှုခံယူလာမယ်လို့အတည်ပြုလာပါတယ်။
လက်ရှိအချိန်တွင်ပီလီရဲ့သမီးလို့ဆိုတဲ့အမျိုးသမီးရဲ့အမည်ကိုမသိသေးပါဘူး။ဒါပေမဲ့သူမဟာပီလီရဲ့သမီးဖြစ်ကြောင်းတရားရုံးမှာဥပဒေပိုင်းဆိုင်ရာလုပ်ဆောင်ထားပြီးဖြစ်ပါတယ်။
စက်တင်ဘာလတုန်းကဆာပေါ်လိုရှိတရားရုံးကသူမကိုပီလီရဲ့သမီးဟုတ်/မဟုတ် DNA စစ်ဆေးမှုမှတ်တမ်းရယူလာရန်ပြောဆိုထားပါတယ်။
ဘရာဇီးနှင့်အတူကမ္ဘာ့ဖလားသုံးကြိမ်ဆွတ်ခူးခဲ့တဲ့ပီလီဟာဆာအိုပေါ်လိုတောင်ပိုင်းကမ်းခြေတွင်အပန်းဖြေအိမ်ကြီးတစ်လုံးပိုင်ဆိုင်သလို သူ့ပိုင်ဆိုင်မှုမှာပေါင်သန်း၈၀ဝန်းကျင်ရှိတယ်လို့ခန့်မှန်းခံထားရပါတယ်။
ပီလီဟာဇနီးသုံးဦးတရားဝင်ယူခဲ့ပေမဲ့ ဇနီးသည်များနောက်ကွယ်တွင်ဖောက်ပြန်မှုများစွာလုပ်ခဲ့မှုနဲ့အတူအခြားသားသမီးများလည်းရှိလိမ့်မယ်လို့ယူဆခံထားရသူဖြစ်ပါတယ်။
သူဟာပထမဇနီးရိုဆီမီရီနှင့်ကလေးသုံးဦးရရှိခဲ့ပြီးဒုတိယဇနီးအဆိုတော်အက်စ်ဆာရီယာနှင့် အမြွှာပူးရရှိခဲ့ပါတယ်။ဒါပေမဲ့သူဟာအိမ်ဝန်ထမ်းအနီဇီယာမာချာဒိုနှင့်ဆန်ဒရာအမည်ရှိသမီးတစ်ဦးရခဲ့ပေမဲ့အစောပိုင်းကအသိအမှတ်မပြုခဲ့ပါဘူး။ပီလီဟာဆန်ဒရာကွယ်လွန်ပြီးချိန်တွင်မှသမီးအဖြစ်အသိအမှတ်ပြုခဲ့ပါတယ်။
ပီလီဟာဂျာနယ်လစ်လီနီတာကုဇ်နှင့်လည်းသမီးတစ်ဦးရရှိခဲ့ပါတယ်။
ZawGyi
ပီလီ ခ်န္ထားရစ္ခဲ့တဲ့ ေပါင္သန္း ၈၀ အေမြကို ခြဲယူဖို႔ DNA စစ္လာမဲ့ လ်ိဳ႕ဝွက္သမီး
ပီလီရဲ႕လ်ိဳ႕ဝွက္သမီးတစ္ဦးဟာေဘာလုံးဂႏၴွဝင္ႀကီးခ်န္ထားခဲ့တဲ့ေပါင္သန္း၈၀ကိုခြဲေဝရယူရန္အတြက္ပီလီရဲ႕သမီးဟုတ္/မဟုတ္ DNA စစ္ေဆးမႈခံယူလာေတာ့မွာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ဒီဇင္ဘာလတုန္းကအသက္၈၂ႏွစ္အ႐ြယ္တြင္ကြယ္လြန္သြားခဲ့တဲ့ဂႏၴဝင္ေဘာလုံးသမားဟာသူ႔ပိုင္ဆိုင္မႈအားလုံးရဲ႕၃၀ရာခိုင္ႏႈန္းကိုတတိယဇနီးသည္မာစီယာကိုလြဲေပးခဲ့ၿပီးက်န္ေငြမ်ားကိုသူ႔သားသမီးမ်ားကိုေပးခဲ့ပါတယ္။
ပီလီဟာသားသမီး၇ဦးရွိသူအျဖစ္လူသိမ်ားပါတယ္။ဒါေပမဲ့သူ႔တြင္လ်ိဳ႕ဝွက္သမီးတစ္ဦးလည္းရွိတယ္လို႔စြပ္စြဲခံထားရပါတယ္၊ဒါေပမဲ့ပီလီဟာသူေသဆုံးတဲ့အထိယင္းသမီးကိုသူ႔သမီးအျဖစ္မသတ္မွတ္ခဲ့ပါဘူး။
ယခုအခါမွာေတာ့ရွစ္ေယာက္ေျမာက္သားသမီးဟာ DNA စစ္ေဆးမႈခံယူၿပီးအေမြရယူေရးႀကိဳးပမ္းလာေတာ့မွာျဖစ္ပါတယ္။
ပီလီရဲ႕ဇနီးသည္မာစီယာရဲ႕ေရွ႕ေနလူးဝစ္ဇ္ဂီဂနယ္ကေနာက္ထပ္သမီးတစ္ဦးမွာDNA စစ္ေဆးမႈခံယူလာမယ္လို႔အတည္ျပဳလာပါတယ္။
လက္ရွိအခ်ိန္တြင္ပီလီရဲ႕သမီးလို႔ဆိုတဲ့အမ်ိဳးသမီးရဲ႕အမည္ကိုမသိေသးပါဘူး။ဒါေပမဲ့သူမဟာပီလီရဲ႕သမီးျဖစ္ေၾကာင္းတရား႐ုံးမွာဥပေဒပိုင္းဆိုင္ရာလုပ္ေဆာင္ထားၿပီးျဖစ္ပါတယ္။
စက္တင္ဘာလတုန္းကဆာေပၚလိုရွိတရား႐ုံးကသူမကိုပီလီရဲ႕သမီးဟုတ္/မဟုတ္ DNA စစ္ေဆးမႈမွတ္တမ္းရယူလာရန္ေျပာဆိုထားပါတယ္။
ဘရာဇီးႏွင့္အတူကမာၻ႔ဖလားသုံးႀကိမ္ဆြတ္ခူးခဲ့တဲ့ပီလီဟာဆာအိုေပၚလိုေတာင္ပိုင္းကမ္းေျခတြင္အပန္းေျဖအိမ္ႀကီးတစ္လုံးပိုင္ဆိုင္သလို သူ႔ပိုင္ဆိုင္မႈမွာေပါင္သန္း၈၀ဝန္းက်င္ရွိတယ္လို႔ခန႔္မွန္းခံထားရပါတယ္။
ပီလီဟာဇနီးသုံးဦးတရားဝင္ယူခဲ့ေပမဲ့ ဇနီးသည္မ်ားေနာက္ကြယ္တြင္ေဖာက္ျပန္မႈမ်ားစြာလုပ္ခဲ့မႈနဲ႔အတူအျခားသားသမီးမ်ားလည္းရွိလိမ့္မယ္လို႔ယူဆခံထားရသူျဖစ္ပါတယ္။
သူဟာပထမဇနီး႐ိုဆီမီရီႏွင့္ကေလးသုံးဦးရရွိခဲ့ၿပီးဒုတိယဇနီးအဆိုေတာ္အက္စ္ဆာရီယာႏွင့္ အႁမႊာပူးရရွိခဲ့ပါတယ္။ဒါေပမဲ့သူဟာအိမ္ဝန္ထမ္းအနီဇီယာမာခ်ာဒိုႏွင့္ဆန္ဒရာအမည္ရွိသမီးတစ္ဦးရခဲ့ေပမဲ့အေစာပိုင္းကအသိအမွတ္မျပဳခဲ့ပါဘူး။ပီလီဟာဆန္ဒရာကြယ္လြန္ၿပီးခ်ိန္တြင္မွသမီးအျဖစ္အသိအမွတ္ျပဳခဲ့ပါတယ္။
ပီလီဟာဂ်ာနယ္လစ္လီနီတာကုဇ္ႏွင့္လည္းသမီးတစ္ဦးရရွိခဲ့ပါတယ္။