ပီအက်စ်ဂျီကစားဖော်တစ်ဦးနှင့် ပြဿနာတက်နေပြီး အသင်းမှဖယ်ရှားရန်လီယွန်နယ်မက်ဆီ ဆန္ဒရှိနေ

လီယွန်နယ်မက်ဆီဟာပီအက်စ်ဂျီကစားဖော်မော်ရိုအိုင်ကာဒီနှင့်ပုဂ္ဂိုလ်ရေးအဆင်မပြေဖြစ်လျက်ရှိပြီးအာဂျင်တီးနားကစားဖော်အားအသင်းမှထွက်ခွာစေလိုလျက်ရှိကြောင်းသိရပါတယ်။

မက်ဆီဟာပြီးခဲ့တဲ့နွေရာသီတုန်းကလာလီဂါရဲ့ကန့်သတ်ချက်ကြောင့်ဘာစီလိုနာနှင့်စာချုပ်သစ်မချုပ်ဆိုနိုင်ဘဲထွက်ခွာခဲ့ရကာပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်လာခဲ့သူဖြစ်ပါတယ်။

သူဟာအင်္ဂါနေ့တုန်းကလိုက်ဇစ်နှင့်ပွဲစဉ်မှာ၂ဂိုးသွင်းနိုင်ခဲ့မှုအပါအဝင်ချန်ပီယံလိဂ်မှာ၃ဂိုးသွင်းယူထားနိုင်ပေမယ့်လီဂူး၁မှာတော့တစ်ဂိုးမျှသွင်းယူထားနိုင်ခြင်းမရှိသေးပါဘူး။

အပြင်ပန်းအရဘာစီလိုနာတွင်၂၁နှစ်ကြာကစားလာခဲ့တဲ့မက်ဆီဟာပီအက်စ်ဂျီတွင်ကောင်းမွန်စွာအထိုင်ကျနေပြီလို့ယူဆရပါတယ်။ဒါပေမယ့် El Nacional ရဲ့ဖော်ပြချက်အရ Ballon d’Or ခြောက်ကြိမ်ရမက်ဆီဟာအိုင်ကာဒီနှင့်အဆင်မပြေမှုများဖြစ်နေပြီး အသင်းရဲ့အဝတ်အစားလဲခန်းအတွင်း စိတ်ဝမ်းကွဲစရာဖြစ်နေကြောင်းသိရပါတယ်။

အိုင်ကာဒီကအာဂျင်တီးနားအသင်းတွင်သူ သုံးနှစ်တိုင်တိုင်ပါဝင်ခြင်းမရရှိခြင်းမှာအသင်းခေါင်းဆောင်မက်ဆီကြောင့်လို့ယူဆနေခြင်းဖြစ်ကြောင့် အဆင်မပြေဖြစ်နေတာလည်းဖြစ်ပါတယ်။အိုင်ကာဒီဟာ၂၀၁၈ခုနှစ်တုန်းက မက္ကဆီကိုနှင့်ခြေစမ်းပွဲနောက်ပိုင်းတွင်အာဂျင်တီးနားတွင်ကစားခွင့်မရရှိလာခဲ့သူလည်းဖြစ်ပါတယ်။

မက်ဆီဟာပီအက်စ်ဂျီသို့ရောက်လာပြီးနောက်အားလုံးရဲ့လေးစားမှုရရှိနေကာကစားဖော်များအပေါ်ဩဇာလွှမ်းမိုးထားနိုင်ပြီး အိုင်ကာဒီကိုအသင်းမှရှင်းထုတ်ပစ်လိုနေကြောင်းသိရပါတယ်။

တစ်ဖက်တွင်ပီအက်စ်ဂျီကိုယ်တိုင်ကလည်းမက်ဆီရဲ့အခင်ဆုံးသူငယ်ချင်း ဆာဂျီယိုအဂွဲရိုးနှင့် အိုင်ကာဒီကိုအလဲအထပ်လုပ်လိုနေကြောင်းသိရပါတယ်။အဂွဲရိုးဟာနွေရာသီတုန်းကမက်ဆီနှင့်တွဲကစားရန်ရည်ရွယ်ချက်ဖြင့်ဘာကာသို့ပြောင်းခဲ့ပေမယ့်မက်ဆီထွက်ခွာသွားမှုနဲ့အတူတွဲမကစားခဲ့ရပါဘူး။

ZawGyi

ပီအက္စ္ဂ်ီကစားေဖာ္တစ္ဦးႏွင့္ ျပႆနာတက္ေနၿပီး အသင္းမွဖယ္ရွားရန္လီယြန္နယ္မက္ဆီ ဆႏၵရွိေန

လီယြန္နယ္မက္ဆီဟာပီအက္စ္ဂ်ီကစားေဖာ္ေမာ္႐ိုအိုင္ကာဒီႏွင့္ပုဂၢိဳလ္ေရးအဆင္မေျပျဖစ္လ်က္ရွိၿပီးအာဂ်င္တီးနားကစားေဖာ္အားအသင္းမွထြက္ခြာေစလိုလ်က္ရွိေၾကာင္းသိရပါတယ္။

မက္ဆီဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကလာလီဂါရဲ႕ကန႔္သတ္ခ်က္ေၾကာင့္ဘာစီလိုနာႏွင့္စာခ်ဳပ္သစ္မခ်ဳပ္ဆိုႏိုင္ဘဲထြက္ခြာခဲ့ရကာပီအက္စ္ဂ်ီသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေရာက္လာခဲ့သူျဖစ္ပါတယ္။

သူဟာအဂၤါေန႔တုန္းကလိုက္ဇစ္ႏွင့္ပြဲစဥ္မွာ၂ဂိုးသြင္းႏိုင္ခဲ့မႈအပါအဝင္ခ်န္ပီယံလိဂ္မွာ၃ဂိုးသြင္းယူထားႏိုင္ေပမယ့္လီဂူး၁မွာေတာ့တစ္ဂိုးမွ်သြင္းယူထားႏိုင္ျခင္းမရွိေသးပါဘူး။

အျပင္ပန္းအရဘာစီလိုနာတြင္၂၁ႏွစ္ၾကာကစားလာခဲ့တဲ့မက္ဆီဟာပီအက္စ္ဂ်ီတြင္ေကာင္းမြန္စြာအထိုင္က်ေနၿပီလို႔ယူဆရပါတယ္။ဒါေပမယ့္ El Nacional ရဲ႕ေဖာ္ျပခ်က္အရ Ballon d’Or ေျခာက္ႀကိမ္ရမက္ဆီဟာအိုင္ကာဒီႏွင့္အဆင္မေျပမႈမ်ားျဖစ္ေနၿပီး အသင္းရဲ႕အဝတ္အစားလဲခန္းအတြင္း စိတ္ဝမ္းကြဲစရာျဖစ္ေနေၾကာင္းသိရပါတယ္။

အိုင္ကာဒီကအာဂ်င္တီးနားအသင္းတြင္သူ သုံးႏွစ္တိုင္တိုင္ပါဝင္ျခင္းမရရွိျခင္းမွာအသင္းေခါင္းေဆာင္မက္ဆီေၾကာင့္လို႔ယူဆေနျခင္းျဖစ္ေၾကာင့္ အဆင္မေျပျဖစ္ေနတာလည္းျဖစ္ပါတယ္။အိုင္ကာဒီဟာ၂၀၁၈ခုႏွစ္တုန္းက မကၠဆီကိုႏွင့္ေျခစမ္းပြဲေနာက္ပိုင္းတြင္အာဂ်င္တီးနားတြင္ကစားခြင့္မရရွိလာခဲ့သူလည္းျဖစ္ပါတယ္။

မက္ဆီဟာပီအက္စ္ဂ်ီသို႔ေရာက္လာၿပီးေနာက္အားလုံးရဲ႕ေလးစားမႈရရွိေနကာကစားေဖာ္မ်ားအေပၚဩဇာလႊမ္းမိုးထားႏိုင္ၿပီး အိုင္ကာဒီကိုအသင္းမွရွင္းထုတ္ပစ္လိုေနေၾကာင္းသိရပါတယ္။

တစ္ဖက္တြင္ပီအက္စ္ဂ်ီကိုယ္တိုင္ကလည္းမက္ဆီရဲ႕အခင္ဆုံးသူငယ္ခ်င္း ဆာဂ်ီယိုအဂြဲ႐ိုးႏွင့္ အိုင္ကာဒီကိုအလဲအထပ္လုပ္လိုေနေၾကာင္းသိရပါတယ္။အဂြဲ႐ိုးဟာေႏြရာသီတုန္းကမက္ဆီႏွင့္တြဲကစားရန္ရည္႐ြယ္ခ်က္ျဖင့္ဘာကာသို႔ေျပာင္းခဲ့ေပမယ့္မက္ဆီထြက္ခြာသြားမႈနဲ႔အတူတြဲမကစားခဲ့ရပါဘူး။