ပီအက်စ်ဂျီကစားသမားများ အိပ်ရေးပျက်အောင် ဟိုတယ်အနားမှာ မီးရှူးဖောက်ခဲ့ကြတဲ့ဘာစီလိုနာပရိသတ်များ

ဘာစီလိုနာပရိသတ်များဟာပီအက်စ်ဂျီကစားသမားများအိပ်မရဘဲအိပ်ရေးပျက်အောင်တည်းခိုရာဟိုတယ်အပြင် ဘက်တွင်မီးရှူးမီးပန်းများဖောက်လွှတ်ခဲ့ကြကြောင်းသိရပါတယ်။

ဘာစီလိုနာနှင့်ပီအက်စ်ဂျီအသင်းတို့ဟာနေမာကိုပေါင်သန်း၂၀၀ဖြင့်ရောင်းချပြီးနောက်ချန်ပီယံလိဂ်တွင်ဘာစီလိုနာကနှစ်ကျော့ပေါင်းရလဒ်၆-၁ဖြင့်အနိုင်ရရှိပြီး နောက်ပိုင်းတွင်ဆက်ဆံရေးအဆင်မပြေဖြစ်လာခဲ့တဲ့ကလပ်များ လည်းဖြစ်ပါတယ်။

ဒါ့အပြင်ယခုရာသီတွင်လည်းပီအက်စ်ဂျီကလီယွန်နယ်မက်ဆီအားခေါ်ယူလိုကြောင်းလူသိရှင်ကြားပြောကြားမှုနဲ့ အတူကလပ်နှစ်ခုအကြားပိုမိုအဆင်မပြေဖြစ်နေပါတယ်။

ဘာစီလိုနာပရိသတ်များဟာနျူးကမ့်သို့ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲလာကစားတဲ့ပီအက်စ်ဂျီကစားသမားများယနေ့ညပွဲတွင်အကောင်းဆုံးပုံစံမရှိစေဖို့ရည်ရွယ်ချက်ဖြင့်အိပ်ရေးပျက်အောင်ပီအက်စ်ဂျီတည်း ခိုရာဟိုတယ်အပြင်ဘက်တွင်မီးရှူးမီးပန်းများတစ်ညလုံးဖောက်လွှတ်ပြီးအနှောက်အယှက်ပေးခဲ့ကြပါတယ်။

ZawGyi




