ပီအက်စ်ဂျီကို ချန်ပီယံလိဂ်မှ ကန်ထုတ်ပြီးနောက် မက်ဆီကို အနာပေါ်ဆားပက်လိုက်တဲ့ သောမတ်စ်မူလာ

သောမတ်စ်မူလာဟာဗုဒ္ဓဟူးနေ့ညတုန်းကဘိုင်ယန်မြူးနစ်ကပီအက်စ်ဂျီကိုချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်မှကန်ထုတ်လိုက်ပြီးနောက်လီယွန်နယ်မက်ဆီကိုအနာပေါ်ဆားပက်ကာမခံနိုင်အောင်ပြောဆိုလာပါတယ်။

ပီအက်စ်ဂျီဟာကြားရက်တုန်းကဘိုင်ယန်မြူးနစ်ကို၂-၀ဂိုးဖြင့်ရှုံးနိမ့်ကာနှစ်ကျော့ပေါင်းရလဒ်၃-၀ဂိုးဖြင့်ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်မှထပ်မံထွက်ခဲ့ရပြန်ပါတယ်။

ဘိုင်ယန်မြုးနစ်ဟာအဲရစ်မာဇမ်ချူပိုမိုတင်းနှင့်ဂနာဘရီတို့ရဲ့ဂိုးများဖြင့်ပီအက်စ်ဂျီကိုအနိုင်ရရှိကာချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်သို့တက်သွားခဲ့ပါတယ်။

မူလာကခရစ္စတီယာနိုရော်နယ်ဒိုကိုရည်ညွှန်းပြောဆိုမှုပြုလုပ်ပြီးမက်ဆီရဲ့အနာကိုဆားပက်လာပါတယ်။

မူလာက “မက်ဆီနဲ့ရင်ဆိုင်ရတိုင်းရလဒ်ပိုင်းအမြဲကောင်းတယ်။ကလပ်အဆင့်မှာခရစ္စတီယာနိုရော်နယ်ဒိုကကျွန်တော်တို့အတွက်ပြဿနာပါ။သူရီးရဲလ်မက်ဒရစ်မှာကစားတုန်းကပေါ့။ဒါပေမဲ့မက်ဆီရဲ့ကမ္ဘာ့ဖလားခြေစွမ်းအပေါ်လေးစားပါတယ်။မက်ဆီရဲ့ကမ္ဘာ့ဖလားတကိုယ်တော်ခြေစွမ်းကတကယ့်ကိုအံ့ဩလောက်စရာပါ။တစ်သင်းကိုခေါ်ဆောင်သွားနိုင်ခဲ့တယ်။ပီအက်စ်ဂျီလိုအသင်းမျိုးကိုရင်ဆိုင်ရတာမလွယ်ပါဘူး။ဟန်ချက်ကောင်းတဲ့အသင်းတစ်သင်းဖြစ်ဖို့ကမလွယ်ပါဘူး”လို့ပြောကြားသွားပါတယ်။

သောမတ်စ်မူလာရဲ့ဘိုင်ယန်မြူးနစ်ဟာမက်ဆီ ဘာစီလိုနာမှာကစားတုန်းက ၇-၀ဂိုးဖြင့်လည်းကောင်း၊၈-၂ဖြင့်လည်းကောင်းအနိုင်ရရှိခဲ့ဖူးပါတယ်။သောမတ်စ်မူလာဟာမက်ဆီနှင့်ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွင်၆ကြိမ်ဆုံတွေ့ခဲ့ဖူးရာတွင်၅ကြိမ်နိုင်ပြီး၁ကြိမ်တည်းသာရှုံးနိမ့်ထားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာချန်ပီယံလိဂ်တွင်ဘိုင်ယန်မြူးနစ်နှင့်၈ပွဲရင်ဆိုင်ကစားခဲ့ဖူးရာမှာ၉ဂိုးအထိသွင်းယူထားသူလည်းဖြစ်ပါတယ်။သူဟာဘိုင်ယန်မြူးနစ်နှင့်ထိပ်တိုက်တွေ့ခဲ့ရာတွင်၅ကြိမ်နိုင်၊၁ပွဲသရေ၊၂ပွဲရှုံးရလဒ်ရထားပါတယ်။

ZawGyi

ပီအက္စ္ဂ်ီကို ခ်န္ပီယံလိဂ္မွ ကန္ထုတ္ၿပီးေနာက္ မက္ဆီကို အနာေပၚဆားပက္လိုက္တဲ့ ေသာမတ္စ္မူလာ

ေသာမတ္စ္မူလာဟာဗုဒၶဟူးေန႔ညတုန္းကဘိုင္ယန္ျမဴးနစ္ကပီအက္စ္ဂ်ီကိုခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္မွကန္ထုတ္လိုက္ၿပီးေနာက္လီယြန္နယ္မက္ဆီကိုအနာေပၚဆားပက္ကာမခံႏိုင္ေအာင္ေျပာဆိုလာပါတယ္။

ပီအက္စ္ဂ်ီဟာၾကားရက္တုန္းကဘိုင္ယန္ျမဴးနစ္ကို၂-၀ဂိုးျဖင့္ရႈံးနိမ့္ကာႏွစ္ေက်ာ့ေပါင္းရလဒ္၃-၀ဂိုးျဖင့္ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္မွထပ္မံထြက္ခဲ့ရျပန္ပါတယ္။

ဘိုင္ယန္ျမဳးနစ္ဟာအဲရစ္မာဇမ္ခ်ဴပိုမိုတင္းႏွင့္ဂနာဘရီတို႔ရဲ႕ဂိုးမ်ားျဖင့္ပီအက္စ္ဂ်ီကိုအႏိုင္ရရွိကာခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္သို႔တက္သြားခဲ့ပါတယ္။

မူလာကခရစၥတီယာႏိုေရာ္နယ္ဒိုကိုရည္ၫႊန္းေျပာဆိုမႈျပဳလုပ္ၿပီးမက္ဆီရဲ႕အနာကိုဆားပက္လာပါတယ္။

မူလာက “မက္ဆီနဲ႔ရင္ဆိုင္ရတိုင္းရလဒ္ပိုင္းအၿမဲေကာင္းတယ္။ကလပ္အဆင့္မွာခရစၥတီယာႏိုေရာ္နယ္ဒိုကကြၽန္ေတာ္တို႔အတြက္ျပႆနာပါ။သူရီးရဲလ္မက္ဒရစ္မွာကစားတုန္းကေပါ့။ဒါေပမဲ့မက္ဆီရဲ႕ကမာၻ႔ဖလားေျခစြမ္းအေပၚေလးစားပါတယ္။မက္ဆီရဲ႕ကမာၻ႔ဖလားတကိုယ္ေတာ္ေျခစြမ္းကတကယ့္ကိုအံ့ဩေလာက္စရာပါ။တစ္သင္းကိုေခၚေဆာင္သြားႏိုင္ခဲ့တယ္။ပီအက္စ္ဂ်ီလိုအသင္းမ်ိဳးကိုရင္ဆိုင္ရတာမလြယ္ပါဘူး။ဟန္ခ်က္ေကာင္းတဲ့အသင္းတစ္သင္းျဖစ္ဖို႔ကမလြယ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ေသာမတ္စ္မူလာရဲ႕ဘိုင္ယန္ျမဴးနစ္ဟာမက္ဆီ ဘာစီလိုနာမွာကစားတုန္းက ၇-၀ဂိုးျဖင့္လည္းေကာင္း၊၈-၂ျဖင့္လည္းေကာင္းအႏိုင္ရရွိခဲ့ဖူးပါတယ္။ေသာမတ္စ္မူလာဟာမက္ဆီႏွင့္ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္တြင္၆ႀကိမ္ဆုံေတြ႕ခဲ့ဖူးရာတြင္၅ႀကိမ္ႏိုင္ၿပီး၁ႀကိမ္တည္းသာရႈံးနိမ့္ထားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာခ်န္ပီယံလိဂ္တြင္ဘိုင္ယန္ျမဴးနစ္ႏွင့္၈ပြဲရင္ဆိုင္ကစားခဲ့ဖူးရာမွာ၉ဂိုးအထိသြင္းယူထားသူလည္းျဖစ္ပါတယ္။သူဟာဘိုင္ယန္ျမဴးနစ္ႏွင့္ထိပ္တိုက္ေတြ႕ခဲ့ရာတြင္၅ႀကိမ္ႏိုင္၊၁ပြဲသေရ၊၂ပြဲရႈံးရလဒ္ရထားပါတယ္။